ကမ္ဘာ့ထိတ်လန့်ဖွယ်အကောင်းဆုံး တံတား (၅) စင်းနှင့် နောက်ကွယ်က သမိုင်းကြောင်းများ

ကမ္ဘာပေါ်မှာထူးထူးခြားခြားပုံစံဒီဇိုင်းတွေနဲ့ စိတ်ဝင်စားဖွယ်နောက်ခံသမိုင်းကြောင်းတွေရှိနေတဲ့ တံတားတွေအများအပြားရှိပါတယ်။ ဒီအထဲကမှ ရွှေခေတ်ပရိသတ်တွေ စိတ်ဝင်စားလောက်မယ့် တံတား (၅) ခုကိုရွေးချယ်ဖော်ပြပေးလိုက်ရပါတယ်။ shwekhitonlinetv.com

၁။ ခွေးတွေကိုယ့်ကိုကိုယ်သေကြောင်းကြံတဲ့ တံတား (Dog Sucide Bridge)

ကမ္ဘာပေါ်မှာလျှို့ဝှက်ဆန်းကြယ်မှုတွေ နဲ့ အန္တရာယ်အရှိဆုံးတံတားတစ်စင်းကတော့ စကော့တလန်နိုင်ငံ ရဲ့ ဒမ်ဘာတန်ဒေသမှာတည်ရှိပါတယ်။ ဒီတံတားက အန္တရာယ်ရှိတယ်ဆိုတာကတော့ လူသားတွေအတွက်ပဲ ခွေးတွေအတွက် အန္တရာယ်ရှိတာဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ ဒီတံတားကိုရောက်ရှိဖြတ်သန်းခဲ့ကြဖူးတွေ ခွေးတွေဟာ အကြောင်းမဲ့တံတားပေါ်ကနေ ခုန်ချပြီး ကိုယ့်ကိုကိုယ်သေကြောင်း ကြံကြလေ့ရှိလို့ပဲဖြစ်ပါတယ်။ ဘာအကြောင်းပြချက်ကြောင့် ခွေးတွေဟာ ဒီလိုအပြုအမူပြုလုပ်ကြလည်း ဆိုတာအခုထက်ထိအဖြေမတွေ့သေးပါဘူး။ (၁၉၅၀) ခုနှစ် ကနေပြီး ယနေ့ချိန်ထိဆိုရင် ဒီတံတားပေါ်ကနေခုန်ချပြီး ကိုယ့်ဘာကိုယ် သတ်သေသွားခဲ့တဲ့ ခွေးအရေအတွက်ဟာ အကောင် (၅၀) အထိရှိခဲ့ပြီး အခြားခွေး (၆၀၀) လောက်ကတော့ သေကြောင်းကြံခဲ့ပေမယ့် ကံကောင်းထောက်မစွာနဲ့ အသက်မသေဘဲရှင်သန်ခဲ့ကြတယ်လို့ မှတ်တမ်းတွေအရ သိရပါတယ်။ တစ်ချို့ကတော့ ဒါဟာကျိန်စာတစ်ခုကြောင့်လို့ ပြောဆိုတာတွေရှိကြပေမယ့် ရေရေရာရာ လက်ဆုပ်လက်ကိုင် ပြနိုင်လောက်တဲ့ သက်သေတော့မတွေ့ရှိသေးပါဘူး။ shwekhitonlinetv.com

၂။ အကာအရံမရှိတဲ့ တံတား (Kuandinsky Bridge)

ဒီတံတားကတော့ နှစ်တစ်နှစ်ရဲ့ အချိန်ကာလအတော်များများမှာ အေးခဲနေတဲ့ ရုရှားနိုင်ငံရဲ့ ဗီတင်ရေခဲမြစ် (Vitim River) ကို ဖြတ်သန်းတည်ဆောက်ထားတာဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ရာစုနှစ်တွေက လက်စမသတ်နိုင်ခဲ့တဲ့ ဒီတံတားဟာ ဘေးနှစ်ဖက်နှစ်ချက်စလုံးမှာ အကာအရံမရှိတဲ့ အပြင် တံတားပေါ်ကလမ်းကလည်း ကားတစ်စီးစာပဲ သွားလို့ရလောက်အောင် အလွန်ကိုကျဉ်းမြောင်းတဲ့ အတွက် အန္တရာယ် ဘယ်လောက်များမယ်ဆိုတာတော့ပြောဖို့တောင်လိုမယ်မထင်ပါဘူး။ (၆) ပေသာကျယ်ဝန်းပြီး သစ်သားအကျိုးအပဲ့တွေနဲ့ တည်ဆောက်ထားတဲ့ ကွမ်ဒင်စကီးတံတားပေါ်မှာ ကားမတော်တဆမှု တစ်ခါမှမဖြစ်ဖူးတာကတော့ အတော်လေးကို အံ့သြဖို့ကောင်းလှပါတယ်။ နောက်ပြီးဒီတံတားဟာ စွန့်စားလိုတဲ့ ကမ္ဘာလှည့်ခရီးသွား အများစုကို နှစ်စဉ်ဆွဲဆောင်ထားနိုင်တယ်လို့လည်း သိရပါတယ်။ shwekhitonlinetv.com

၃။ လန်ကာဝီ ကောင်းကင်ကြိုးတံတား (Lankawi Sky Bridge)

ဒီတံတားကတော့ မြေပြင်ကနေအမြင့်ပေ (၂၇၀၀) ကျော်မှာတည်ဆောက်ထားတာဖြစ်ပါတယ်။ အလယ်မှာ သံတိုင်တစ်ခုတည်းကို အဓိကအားပြုထားပြီး ကြိုးတွေနဲ့ဆိုင်းထားတာလည်းဖြစ်လို့ တံတားပုံစံက အတော်လေးကို အသည်းယားဖို့ကောင်းလှပါတယ်။ မလေးရှားနိုင်ငံကိုအပေါ်စီးကနေရှုမြင်နိုင်မယ့်ဒီ တံတားဆီကို ရောက်ဖို့အတွက် တောင်ခြေကနေ လန်ကာဝီ တောင်ထိပ်ကို ကေဘယ်ရထား (၁၅) မိနစ်လောက်စီးရပါသေးတယ်လို့ သိရပါတယ်။ မလေးရှားနိုင်ငံမှာတည်ရှိတဲ့ ဒီတံတားဟာလည်း ကမ္ဘာပေါ်က ထိတ်လန့်ဖွယ်ကောင်းတဲ့ တံတားတွေထဲမှာ တစ်စင်းအပါအဝင်ဖြစ်ပါတယ်။ shwekhitonlinetv.com

၄။ ချက်ဂ်ဇန် တံတား (Chagzam Bridge)

(၁၄၂၀) ခုနှစ်လောက်ကတည်းက တည်ဆောက်ခဲ့တဲ့ဒီတံတားကို ဒီနေ့အချိန်ထိ မူလလက်ရာမပျက် ပြန်လည်ပြုပြင်ထိန်းသိမ်းထားတာဖြစ်ပါတယ်။ ပထမဆုံး ဒလိုင်းလားမား ကိုယ်တော်ရဲ့ တပည့်ဖြစ်သူ တန်တွန် (Tangton Gyalpo) က ဒီတံတားကို ကျူထရံတွေနဲ့ အဓိကဒီဇိုင်းဆွဲတည်ဆောက်ထားတာဖြစ်ပါတယ်။ ဒီလို အသည်းယားဖွယ်ကောင်းလှတဲ့တံတားကို ချက်ဂ်ဇန် (Chagzam) လို့အမည်ပေးထားပြီး တံတားအရှည်ကတော့ ပေ (၃၀၀) ကျော်တယ်လို့သိရပါတယ်။ shwekhitonlinetv.com

၅။ ကက်ရှ်ဝါချာကာ မြက်ခြောက်တံတား (Q’eswachaka Bridge)

ရှေးဟောင်းလူမျိုးစုတစ်ခုဖြစ်တဲ့ အင်ကာလူမျိုးတွေရဲ့ရိုးရာဓလေ့အတွက် နောက်ဆုံးပြယုဂ်တစ်ခုလို့ဆိုနိုင်တဲ့ ကက်ရှ်ဝါချာကာ တံတားကတော့ ပီရူးနိုင်ငံမှာတည်ရှိပါတယ်။ တံတားအစိတ်အပိုင်းတစ်ခုလုံးကို ဝူဗန် (Woven) ဆိုတဲ့မြက်တစ်မျိုးကို အခြောက်လှန်းကာ ကြိုးကျစ်ပြီး ပြုလုပ်တည်ဆောက်ထားတာ့ဖြစ်ပါတယ်။ မြက်ခြောက်တွေနဲ့ပြုလုပ်ထားတာမို့လို့ ခိုင်ခံမှုရှိမရှိဆိုတာကတော့ မေးခွန်းထုတ်ချင်စရာပါပဲ။ ပေ (၆၀) လောက်အမြင့်ကနေ ကမ်းပါး နှစ်ခုကို သွယ်တန်းထားတဲ့ ဒီမြက်ခြောက်တံတားရဲ့ အရှည်ကတော့ ပေ (၁၀၀) ကျော်လောက်ရှိပါတယ်။ နှစ်စဉ်နှစ်တိုင်း မြက်ခြောက်တွေကို ကြိုးကျစ်ပြီး တံတားကိုရိုးရာမပျက် ပြန်လည်ပြင်ဆင်တဲ့ ပွဲတော်ကတော့ အတော်လေးစည်ကားပြီး ကမ္ဘာလှည့် ခရီးသွားတွေကို ဆွဲဆောင်နိုင်တယ်လို့ သိရပါတယ်။ shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။ 

Be the first to comment

Leave a Reply