ဘယ်နိုင်ငံနဲ့မှမတူညီတဲ့ အထူးခြားဆုံး အစိုးရကျောင်းဝတ်စုံများ

ကမ္ဘာ့နိုင်ငံအသီးသီးက အစိုးရကျောင်းဝတ်စုံတွေဟာအများအားဖြင့်တော့ ခပ်ဆင်ဆင်တူညီကြပြီး အနည်းငယ်သာ ကွဲပြားခြားနားမှုရှိကြပါတယ်။ ဒါပေမယ့်အခုဖော်ပြပေးမယ့် နိုင်ငံတွေကအစိုးရကျောင်းဝတ်စုံတွေကတော့ ဘယ်နိုင်ငံနဲ့မှမတူညီဘဲ သိသာစွာကွဲပြားခြားနားလို့နေမှာဖြစ်ပါတယ်။ shwekhitonlinetv.com

၁။ ဗီယက်နမ်

ဗီယက်နမ်နိုင်ငံရဲ့ အစိုးရကျောင်းဝတ်စုံကတော့ အလယ်တန်းအဆင့်လောက်အထိတော့သာမန်ပဲရိုးရှင်းစွာ ဝတ်ဆင်ကြရပါတယ်။ အပေါ်ကတော့ အဖြူရောင်အင်္ကျီမှာကျောင်းရဲ့အမှတ်တံဆိပ်ပါမယ် ပြီးရင်အောက်က အနက်ရောင် (ဒါမှမဟုတ်) နက်ပြာရောင် ဘောင်းဘီကိုဝတ်ဆင်မယ်။ ဒါက ယောကျ်ားလေးရောမိန်းကလေးပါ အတူတူပဲဖြစ်ပါတယ်။ ဒါပေမယ့် အထက်တန်းကိုရောက်ပြီဆိုရင်တော့ ကွဲပြားတဲ့ ယူနီဖောင်းတွေကိုဝတ်ဆင်ပြီး ကျောင်းတက်ကြရမှာဖြစ်ပါတယ်။ အဲ့ဒီဝတ်စုံကတော့ Áo dài လို့ခေါ်တဲ့ ဗီယက်နမ်ရိုးရာဝတ်စုံပဲဖြစ်ပါတယ်။ ဒီဝတ်စုံမှာတောင်မှ ဟနွိုင်းမြို့နဲ့ ဆိုင်ဂုံမြို့ ကမတူညီဘဲ အနည်းငယ်ကွဲပြားပါသေးတယ်။ shwekhitonlinetv.com

၂။ ဂါနာ

အာဖရိကတိုက်က ဂါနာနိုင်ငံမှာလည်းကျောင်းတက်မယ်ဆိုရင်တူညီဝတ်စုံကိုမဖြစ်မနေ ဝတ်ဆင်ကြရမှာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဝင်ငွေနည်းခြင်းနဲ့ ဆင်းရဲနွမ်းပါးခြင်းကြောင့် မိဘတိုင်းကသူတို့ကလေးတွေအတွက်ကျောင်းဝတ်စုံကိုဝယ်ဖို့မတက်နိုင်ကြပါဘူး။ ဒါဟာ ဂါနာနိုင်ငံမှာ ကလေးတိုင်းပညာသင်ကြားခွင့်မရတဲ့ အဓိကအချက်တစ်ချက်လည်းဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ ဆီးရီးယားကလေးငယ်တွေ ပညာရေးကိုပိုမိုလက်လှမ်းမှီစေဖို့အတွက် အစိုးရအနေနဲ့ ကျောင်းဝတ်စုံတွေအခမဲ့ဖြန့်ဝေပေးတာ၊ ဆင်းရဲလွန်းတဲ့မိသားစုတွေအတွက် ကလေးငယ်တွေရဲ့ကျောင်းစရိတ်ကိုထောက်ပံ့ကူညီတာမျိုးတွေလုပ်ဆောင်ပေးခဲ့ပါတယ်။ ဒါပေမယ့် သူတို့ရဲ့ကျောင်းဝတ်စုံအရောင်နဲ့ ဒီဇိုင်းက ဘယ်နိုင်ငံနဲ့မှတူမယ်တော့မထင်ပါဘူး။ shwekhitonlinetv.com

၃။ ဘူတန်

အေးချမ်းတဲ့နိုင်ငံလေးတစ်နိုင်ငံဖြစ်တဲ့ ဘူတန်နိုင်ငံမှာတော့ ကျောင်းဝတ်စုံအဖြစ်ရိုးရာဝတ်စုံတွေကိုသာဝတ်ဆင်ကြရပါတယ်။ ယောက်ျားလေးတွေဝတ်တဲ့ဝတ်စုံကိုတော့ Kira လို့ခေါ်ပြီး မိန်းကလေးတွေဝတ်ဆင်တဲ့ဝတ်စုံကိုတော့ Gho လို့ခေါ်ပါတယ်။ ယခင်ကတော့ ကျောင်းသားတွေအနေနဲ့စာရေးကိရိယာတွေကိုအဲ့ဒီဝတ်စုံထဲမှာပဲ ထည့်ပြီးကျောင်းကိုလာကြပေမယ့် အခုနောက်ပိုင်းမှာတော့ကျောပိုးအိတ်တွေကိုအသုံးပြုနေကြပြီဖြစ်ပါတယ်။ shwekhitonlinetv.com

၄။ ဆီးရီးယား

ဆီးရီးယားနိုင်ငံရဲ့အစိုးရကျောင်းဝတ်စုံဟာအချိန်အတော်ကြာတဲ့အထိ စစ်တပ်ပုံစံကာကီရောင်ဖြစ်ပါတယ်။ ၂၀၀၀ ပြည့်နှစ်နောက်ပိုင်းမှာတော့ ပဋိပက္ခတွေဖြစ်ပွားနေတဲ့ နိုင်ငံရေးတွေကြားမှာငြိမ်းချမ်းစွာနေလိုတဲ့ ဆန္ဒကိုကိုယ်စားပြုဖို့အတွက် သူတို့ရဲ့ကျောင်းဝတ်စုံတွေကို မိုးပြာရောင်၊ အပြာရောင်၊ ပန်းရောင် စသဖြင့်ပြောင်းလဲဝတ်ဆင်ခဲ့ကြပါတယ်။ ဒါပေမယ့်လည်း ဆီးရီးယားနိုင်ငံရဲ့ ကျောင်းဝတ်စုံဒီဇိုင်းကတော့ အခြားနိုင်ငံတွေနဲ့မတူညီဘဲ ကွဲပြားနေတာတော့အမှန်ပါပဲ။ shwekhitonlinetv.com

၅။ သြစတြေးလျ

သြစတြေးလျနိုင်ငံရဲ့ကျောင်းဝတ်စုံဒီဇိုင်းနဲ့ အရောင်တွေကတော့ ကမ္ဘာကြီးပူနွေးလာမှုနဲ့သက်ဆိုင်လို့နေပါတယ်။ ကလေးတွေအနေနဲ့ ပူလောင်မွန်းကျပ်မနေဘဲ လွတ်လပ်ပြီးပေါ့ပါးစေဖို့ ဘောင်းဘီတို စကတ်တိုတွေကို ဝတ်ဆင်စေသလို ကျောင်းပြင်ပရောက်တာ နဲ့ အပူဒဏ်ကိုကာကွယ်ဖို့အတွက် တူညီဦးထုပ်တွေကိုလည်းမဖြစ်မနေဝတ်ဆင်ကြရပါတယ်။ shwekhitonlinetv.com

၆။ ရုရှား

ရုရှားနိုင်ငံမှာတော့ ကျောင်းဝတ်စုံနဲ့ပတ်သတ်ပြီး ၁၉၉၄ ခုနှစ်ကနေ ၂၀၁၃ ခုနှစ်လောက်အထိ တင်းကျပ်ထားခြင်းမရှိပေမယ့် နောက်ပိုင်းမှာတော့ ကျောင်းသူကျောင်းသားတွေအနေနဲ့ တူညီဝတ်စုံကိုမဖြစ်မနေဝတ်ဆင်ရမယ့် ဥပဒေကိုပြဌာန်းခဲ့ပါတယ်။ အတန်းအလိုက်ကွဲပြားတဲ့ဝတ်စုံတွေကို ဝတ်ဆင်ကြရတဲ့အထဲမှာ ထူးခြားတာက အလယ်တန်းအဆင့် ကျောင်းသူတွေရဲ့ ဝတ်စုံလို့ဆိုရပါတယ်။ shwekhitonlinetv.com

၇။ မြန်မာ

မြန်မာနိုင်ငံရဲ့ အစိုးရကျောင်းဝတ်စုံကလည်း တစ်ခြားဘယ်နိုင်ငံနဲ့မှ မတူညီဘဲကွဲပြားခြားနားနေတယ်လို့ ဆိုနိုင်ပါတယ်။ မြန်မာအစိုးရကျောင်းတွေမှာတက်ရောက်ကြတဲ့ ကျောင်းသားတွေဟာ အပေါ်ကအဖြူရောင်အင်္ကျီ နဲ့ အောက်ကအစိမ်းရောင်ပုဆိုး၊ ကျောင်းသူတွေကတော့ အပေါ်ကအဖြူရောင်အဖြူရောင်အင်္ကျီနဲ့ အောက်ကထမီတို့ကိုဝတ်ဆင်ကြရမှာဖြစ်ပါတယ်။ shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။