ထူးဆန်းပြီး ပုံမှန်မဟုတ်တဲ့ ဝန်ဆောင်မှုတွေနဲ့ စားသုံးသူတွေကို ဆွဲဆောင်နေတဲ့ ဂျပန်နိုင်ငံက စားသောက်ဆိုင်များ

ဂျပန်နိုင်ငံဆိုတာကတော့ သူများနိုင်ငံတွေနဲ့မတူ တမူထူးခြားတဲ့ အရာတွေနဲ့ ပြည့်နှက်နေတဲ့ နိုင်ငံတခုပါ။ ထူးဆန်းတဲ့ ရိုးရာယဥ်ကျေးမှုများ ထူးဆန်းတဲ့ ဓလေ့စရိုက်များနဲ့ ပြည့်နှက်နေတာကြောင့် ကမ္ဘာလှည့်ခရီးသွားတွေရဲ့ မျက်စိကျစရာနိုင်ငံတခုဆိုလည်း မမှားပါဘူးနော်။ ဂျပန်နိုင်ငံရဲ့ နာမည်ကြီးတွေထဲကတခုကတော့ ကော်ဖီဆိုင်တွေပဲ ဖြစ်ပါတယ်။ နိုင်ငံတဝန်း များပြားလှတဲ့ ကော်ဖီဆိုင်တွေကြောင့် သူများထက် ထူးဆန်းနိုင်သမျှ ထူးဆန်းနိုင်အောင် တီထွင်ကြံဆပြီး စားသုံးသူတွေကို နည်းမျိုးစုံနဲ့ ဆွဲဆောင်ကြပါတယ်။ရွှေခေတ်ပရိတ်သတ်ကြီးအတွက် ဂျပန်နိုင်ငံရဲ့ ထူးဆန်းတဲ့ ဝန်ဆောင်မှုတွေကို ပေးစွမ်းနေတဲ့ ကော်ဖီဆိုင် နဲ့ စားသောက်ဆိုင်တွေကို ဖော်ပြပေးလိုက်ပါတယ်နော်။ shwekhitonlinetv.com

၁။ တိရစ္ဆာန်ကော်ဖီဆိုင်များ

တိချစ်သူတွေအတွက် သေချာပေါက် သွားရောက်လည်ပတ်သင့်တဲ့ တိုကျိုမြို့က တိရစ္ဆာန်ကော်ဖီဆိုင်တွေပဲ ဖြစ်ပါတယ်။ Hapi Neko cat cafe ဆိုတာကတော့ ကြောင်လေးတွေနဲ့ ပွတ်သီးပွတ်သပ်နေလိုသူများအတွက် ရွေးချယ်သင့်တဲ့ ကော်ဖီဆိုင်တခုပါ။ တကယ်လို့ ကြောင်ချစ်သူမဟုတ်ဘူးဆိုရင်တော့ Sakuragaoka goat cafe ကိုလည်း ရွေးချယ်နိုင်ပါတယ်။ Sakuragaoka goat cafe မှာတော့ Sakura နဲ့ Chocolat လို့ခေါ်တဲ့ ချစ်စရာကောင်းပြီး လူယဥ်တဲ့ ဆိတ်လေးနှစ်ကောင်ရှိပါတယ်။ shwekhitonlinetv.com

သွေးအေးတိစ္ဆာန်လေးတွေကိုပဲ ရွေးချယ်ချစ်တတ်သူတွေအတွက်ကတော့ Yokohama Subtropical Teahouse ဆိုတဲ့ ကော်ဖီဆိုင်ရှိပါတယ်။ အဆိုပါကော်ဖီဆိုင်မှာ လိပ်အမျိုးအစားပေါင်းများစွာ အပြင် ဖွတ်ပုတက်များ နဲ့ မြွေတွေပါ တွေ့ရနိုင်ပါတယ်။ သေးသေးကွေးကွေး တိရစ္ဆာန်လေးတွေကိုမှ ချစ်တတ်သူဆိုရင်တော့ Harry Cafe ကိုရွေးချယ်နိုင်ပါတယ်။ ချစ်စရာဖြူကောင်သေးသေးလေးတွေကို ကိုင်တွယ်ပွတ်သပ်ရင်း ကော်ဖီတခွက်နဲ့ အနားယူနိုင်တဲ့ ဆိုင်ဖြစ်ပါတယ်။ shwekhitonlinetv.com

ဒါ့အပြင် ဇီးကွက်ချစ်သူတွေအတွက်လည်း ရွေးချယ်စရာ ကော်ဖီဆိုင်ရှိပါတယ်။ ဟယ်ရီပေါ်တာပရိတ်သတ်များအတွက် ချစ်စရာကောင်းတဲ့ ဇီးကွက်လေးတွေနဲ့ နီးနီးကပ်ကပ်နေချင်တယ်ဆိုရင်တော့ Cafe HOOT HOOT – Owl Cafe ကို ရွေးချယ်နိုင်ပါတယ်။ shwekhitonlinetv.com

၂။ စက်ရုပ်စားသောက်ဆိုင်

ထူးဆန်းလှတဲ့ အရာတွေကို မျက်စိနဲ့ တပ်အပ်မြင်ရမယ့် စက်ရုပ်စားသောက်ဆိုင်တခုပါ။အရောင်စုံလေဆာမီးများ ၊ မလုံမလဲဝတ်ထားပြီး ကပြနေတဲ့ အကမိန်းကလေးများ နဲ့ ကြီးမားတဲ့ စက်ရုပ်တွေဟာ ထိုစားသောက်ဆိုင်ရဲ့ တမူထူးခြားတဲ့ ဆွဲဆောင်မှုတွေပဲ ဖြစ်ပါတယ်။ စက်ရုပ်စားသောက်ဆိုင်မှာ သုံးဆောင်မယ်ဆိုရင်တော့ ဂျပန်နိုင်ငံရဲ့ ပေါ့ပ်တေးဂီတသီချင်းများကို နားထောင်ခံစားရင်း ဘယ်မှာမှ မရနိုင်တဲ့ တက်ကြွလှုပ်ရှားမှုကို ရရှိစေမှာပါ။ shwekhitonlinetv.com

၃။ ပွေ့ဖက်ပေးမယ့် ကော်ဖီဆိုင်

အထီးကျန်ပြီး တယောက်တည်းဖြစ်နေတဲ့ Single သမားတွေအတွက် ရွေးချယ်သင့်တဲ့ ကော်ဖီဆိုင်တခုပါ။ Soineya လို့ခေါ်တဲ့ ပွေ့ဖက်ပေးမယ့်ကော်ဖီဆိုင်ဟာ ချစ်စရာကောင်းတဲ့ မိန်းကလေးတွေနဲ့ ပွေ့ဖက်အိပ်ခွင့်ရမယ့် ကော်ဖီဆိုင်ဖြစ်ပါတယ်။ ဒါပေမယ့် ကော်ဖီဆိုင်က မိန်းကလေးတွေဟာ ပြည့်တန်ဆာတွေ မဟုတ်ကြတဲ့အတွက် လိင်ပိုင်းဆိုင်ရာဖျော်ဖြေမှု တခုကိုမှ ရရှိမှာမဟုတ်ပါဘူး။ တနေကုန်အလုပ် ဒါမှမဟုတ် ကျောင်းမှာ စိတ်ရောကိုယ်ပါ ပင်ပန်းလာသူတွေအတွက် မိန်းမငယ်လေးတွေရဲ့ လက်မောင်း ဒါမှမဟုတ် ပေါင်ပေါ်မှာ အိပ်စက်အနားယူနိုင်ပါတယ်။ မိနစ် ၂၀ အနားယူမယ်ဆိုရင်တော့ အမေရိကန်ဒေါ်လာ ၃၈ ဒေါ်လာ ကျသင့်မှာဖြစ်ပြီး ညလုံးပေါက်အိပ်စက်မယ်ဆိုရင်တော့ ၆၄၀ ဒေါ်လာအထိ စျေးအမျိုးမျိုးရှိပါတယ်။ အိပ်စက်မယ့် မိန်းကလေးတွေကို ရွေးချယ်ခြင်းနဲ့ အဝတ်အစားလဲလှယ်ဝတ်ဆင်စေမယ်ဆိုရင်တော့ နောက်ထပ်စျေးအပိုထပ်ပေးရပါတယ်။ shwekhitonlinetv.com

၄။ ကြောက်စရာအကျဥ်းစခန်းပုံစံ ကော်ဖီဆိုင်

The Lockup ဆိုတဲ့ ကော်ဖီဆိုင်ကတော့ တိုကျိုမြို့ရဲ့ နာမည်ကြီးတွေထဲက တခုဖြစ်တဲ့ ကြောက်မက်ဖွယ်ရာအပြင်အဆင်တွေနဲ့ ဝန်ဆောင်မှုပေးတဲ့ ကော်ဖီဆိုင်ဖြစ်ပါတယ်။ ခြစ်ရာပွန်းရာတွေနဲ့ ပြည့်နှက်နေတဲ့ လမ်းကြားထဲကို ဝင်ရောက်ကာ မီးရောင်မှိန်မှိန်လေးတွေနောက်ကို လိုက်သွားမယ်ဆိုရင်တော့ မြေအောက်ခန်းတခုကို ရောက်ရှိသွားမှာပါ။ ဒီလိုကြောက်စရာကောင်းတဲ့ ဝင်ပေါက်ကတော့ The Lockup ကော်ဖီဆိုင်ရဲ့ ဝင်ပေါက်ပဲ ဖြစ်ပါတယ်။ စားသောက်စရာများကိုလည်း သိပ္ပံဓာတ်ခွဲခန်းထဲက ဖန်ပြွန်ရှည်ပုံစံ ထည့်စရာများကို အသုံးပြုပြီး အစားအသောက်များကို တည်ခင်းဧည့်ခံကြပါတယ်။ ဒါ့အပြင် သန့်စင်ခန်းတွေကိုပါ ကြောက်စရာကောင်းတဲ့ အပြင်အဆင်များနဲ့ ပြင်ဆင်ထားကြပါတယ်။ shwekhitonlinetv.com

စားသောက်တဲ့အခါမှာလည်း အကျဥ်းစခန်းသဖွယ် ပြင်ဆင်ထားတဲ့ သံတိုင်တွေရဲ့ နောက်မှာ စားသောက်ရမှာပါ။ သံတိုင်တွေရဲ့ ဘေးပတ်လည်မှာတော့ မကောင်းဆိုးဝါးပုံစံသရုပ်ဆောင်ထားတဲ့ ဝန်ထမ်းတွေဟာ လိုက်လံခြောက်လှန့်နေမှာ ဖြစ်ပါတယ်။ The Lockup ဆိုတဲ့ ကြောက်မက်ဖွယ်ရာ ကော်ဖီဆိုင်ကတော့ သည်းထိတ်ရင်ဖိုကို ကြိုက်နှစ်သက်တဲ့သူတွေအတွက်တော့ ရွေးချယ်သင့်တဲ့ ကော်ဖီဆိုင်ဖြစ်ပါတယ်။ shwekhitonlinetv.com

၅။ အိမ်အကူမိန်းကလေး ကော်ဖီဆိုင်

ဂျပန်နိုင်ငံမှာတော့ အိမ်အကူမိန်းကလေး ( Maid ) ပုံစံ အဖြူအမည်း ဝတ်စုံလေးတွေဟာ ရေပန်းစားနာမည်ကြီးလှပါတယ်။ Maidreamin maid cafe ဆိုင်ကတော့ Maid ဝတ်စုံ အဖြူအမည်းဝတ်ဆင်ထားတဲ့ မိန်းကလေးတွေက ဝန်ဆောင်မှုပေးတဲ့ ကော်ဖီဆိုင်ပဲ ဖြစ်ပါတယ်။ ချစ်စရာကောင်းတဲ့ ဝတ်စုံလေးများနဲ့ ချစ်စရာကောင်းတဲ့ မိန်းကလေးတွေကြောင့် အမောအပန်း ပြေစေမယ့် ကော်ဖီဆိုင်ဆိုရင်လည်း မမှားပါဘူးနော်။ shwekhitonlinetv.com

၆။ ကိုယ်တိုင်ဖမ်းယူစားသောက်နိုင်တဲ့ စားသောက်ဆိုင်

Zauo ဆိုတဲ့ စားသောက်ဆိုင်မှာတော့ ကိုယ်တိုင်ငါးဖမ်းပြီး စားသောက်နိုင်မှာ ဖြစ်ပါတယ်။ လတ်လတ်ဆတ်ဆတ် စားသုံးချင်သူတွေအတွက် သွားရောက်လည်ပတ်သင့်တဲ့ စားသောက်ဆိုင်ပါ။ ကိုယ်တိုင်ဖမ်းယူရရှိတဲ့ငါးကို ဘယ်လိုပုံစံ စားသောက်လိုလဲဆိုတာ စားဖိုမှူးကို ပြောပြပြီးချက်ပြုတ်ခိုင်းနိုင်ပါတယ်။ ကိုယ့်ရဲ့ညစာကို ကိုယ်တိုင်ဖမ်းယူစားသောက်ရတယ်ဆိုတာဟာ ဗိုက်ဆာနေချိန်မှာတော့ တကယ့်ကို ကြီးမားတဲ့ စိန်ခေါ်မှုတရပ်ပါ။ shwekhitonlinetv.com

၇။ နင်ဂျာကော်ဖီဆိုင်

ဂျပန်မှာ မေ့ထားလို့မရတဲ့ အရာတခုကတော့ နင်ဂျာတွေပဲ ဖြစ်ပါတယ်။ Ninja Akasaka ဆိုတဲ့ ကော်ဖီဆိုင်ကတော့ နင်ဂျာပုံစံ ဝတ်ဆင်ထားတဲ့ ဝန်ထမ်းတွေရဲ့ ဝန်ဆောင်မှုကို ရရှိစေမှာပါ။ ဆိုင်ထဲကို ဝင်လိုက်မယ်ဆိုရင် နင်ဂျာတယောက်ပေါ်ထွက်လာပြီး သင့်ကို ဆိုင်အတွင်းနေရာ လိုက်လံပြသပေးမှာပဲ ဖြစ်ပါတယ်။ သီးသန့်ခန်းများမှာ စားသုံးရမှာ ဖြစ်ပြီး အခန်းအတွင်း မီးရောင်များကအစ နင်ဂျာဇာတ်လမ်းထဲမှာ သင်ကိုယ်တိုင်ပါဝင်နေရတဲ့ ခံစားချက်မျိုး ရရှိစေမှာပါ။ shwekhitonlinetv.com

၈။ Alice in Wonderland Café

နာမည်ကြီး ကာတွန်းဖြစ်တဲ့ Alice in Wonderland ဇာတ်လမ်းထဲက ပုံစံအတိုင်း ပြင်ဆင်ထားတဲ့ ကော်ဖီဆိုင်ဖြစ်ပါတယ်။ ခမ်းနားထည်ဝါလှတဲ့ ထိုင်ခုံများနဲ့ အနုစိတ်တဲ့ အတွင်းပိုင်း အပြင်အဆင်တွေဟာ တကယ့်ကို Wonderland ထဲရောက်ရှိသလို ခံစားရစေမှာပါ။ စားပွဲထိုးမိန်းကလေးတွေက Alice ဇာတ်ကောင်အတိုင်း ဝတ်ဆင်ကာ ဝန်ဆောင်မှုပေးမှာဖြစ်ပါတယ်။ Wonderland ထဲက လက်ဖက်ရည်ပွဲပုံစံကဲ့သို့ ပြင်ဆင်ထားတဲ့ စားပွဲရှည်များနဲ့ ထူးဆန်းပြီး အရသာရှိလှတဲ့ အစားအသောက်တွေကတော့ Alice in Wonderland Café ရဲ့ တမူထူးခြားတဲ့ ဆွဲဆောင်မှုတွေပဲ ဖြစ်ပါတယ်။ shwekhitonlinetv.com

၉။ အကျဥ်းထောင်ကော်ဖီဆိုင်

လိင်ပိုင်းဆိုင်ရာ အရာများနဲ့ ပြည့်နှက်နေတဲ့ ကော်ဖီဆိုင်ဖြစ်ပါတယ်။ ဥပမာအားဖြင့် လိင်ပိုင်းဆိုင်ရာ အာသာဖြေတဲ့ ပစ္စည်းအသုံးပြုပြီး ကော်ဖီဖျော်ပေးခြင်းလို ဝန်ဆောင်မှုပေးတဲ့ ကော်ဖီဆိုင်ဖြစ်ပါတယ်။ အသည်းငယ်တဲ့သူများနဲ့ တဖက်ပိတ်အတွေးအခေါ်ရှိသူများအတွက်တော့ လုံးဝကို မသွားရောက်သင့်တဲ့ ကော်ဖီဆိုင်ပါ။ shwekhitonlinetv.com

၁၀။ သရဲအပြင်အဆင်များနဲ့ စားသောက်ဆိုင်

Yurei Izakaya ဆိုတဲ့ ဆိုင်ကတော့ သရဲအပြင်အဆင်များနဲ့ ဝန်ဆောင်မှုပေးတဲ့ အရက်ဘားနဲ့ စားသောက်ဆိုင်ပဲ ဖြစ်ပါတယ်။ စားသောက်ဆိုင်တခုလုံးကို ထောင်ချောက်ပုံစံ ပြင်ဆင်ထားတာကြောင့် သင့်ကို ကြောက်လန့်နေစေမှာပါ။ နာမည်ကြီး သရဲကားဖြစ်တဲ့ ” The Ring ” နဲ့ ” Ju-on ” ဇာတ်ကားတွေရဲ့ ပရိတ်သတ်ဆိုရင်တော့ Yurei Izakaya သရဲစားသောက်ဆိုင်ဟာ သင့်ကို စိတ်ကျေနပ်မှုရရှိစေမှာပါ။ shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။