လက်ရှိ ၂၀၂၂ ကာတာကမ္ဘာ့ဖလားကိုဝင်ရောက်ယှဉ်ပြိုင်နေတဲ့ နိုင်ငံလက်ရွေးစင်အသင်းပေါင်းကတော့ (၃၂) သင်းရှိပါတယ်။ ဒီအသင်းတွေထဲမှာ လက်ရှိဈေးကွက်တန်ဖိုးတွက်ချက်မှုအရ ကစားသမားတန်ဖိုးအမြင့်ဆုံး အသင်းတွေကိုဖော်ပြပေးလိုက်ရပါတယ်။ shwekhitonlinetv.com
၇။ အာဂျင်တီးနား – ယူရို (၆၄၅.၂) သန်း

လီယွန်နယ်မက်ဆီလိုမျိုး Ballon d’Or (၇) ကြိမ်ရကစားသမားမျိုးပါဝင်နေတဲ့ တောင်အမေရိကတိုက်က အာဂျင်တီးနားအသင်းကတော့ ဒီစာရင်းရဲ့ အဆင့် (၇) နေရာမှာရှိပါတယ်။ အာဂျင်တီးနားအသင်းရဲ့ လက်ရှိဈေးကွက်တန်ဖိုးအမြင့်ဆုံးကစားသမားတွေကတော့ အင်တာမီလန်တိုက်စစ်မှုး လော်တာရိုမာတီနက်ဇ် (ယူရို ၇၅ သန်း)၊ စပါးအသင်းနောက်ခံလူ ခရစ္စတီယန်ရိုမဲရိုး (ယူရို ၅၅ သန်း)၊ ပီအက်စ်ဂျီတိုက်စစ်မှုး မက်ဆီ (ယူရိုသန်း ၅၀) တို့ပဲဖြစ်ပါတယ်။ shwekhitonlinetv.com
၆။ စပိန် – ယူရို (၈၇၇) သန်း

လူငယ်ကြယ်ပွင့်တွေနဲ့သွေးသစ်လောင်းထားတဲ့ စပိန်အသင်းကတော့ ဒီပြိုင်ပွဲရဲ့ထိပ်သီးအသင်းတွေထဲမှာ ပျမ်းမျှအသက်အငယ်ဆုံးဖြစ်ပြီး တစ်သင်းလုံးရဲ့ပျမ်းမျှအသက်က (၂၅.၄) နှစ်ပဲရှိပါတယ်။ အသင်းမှာရှိနေတဲ့ ဈေးကွက်တန်ဖိုးအမြင့်ဆုံးကြယ်ပွင့်ကစားသမားတွေကတော့ ဘာစီလိုနာက ပက်ဒရီ (ယူရိုသန်း ၁၀၀) နဲ့ ဂါဗီ (ယူရိုသန်း ၉၀)၊ မန်စီးတီးက ရိုဒရီ (ယူရိုသန်း (၈၀) တို့ပဲဖြစ်ပါတယ်။ shwekhitonlinetv.com
၅။ ဂျာမနီ – ယူရို (၈၈၅.၅) သန်း

အဆင့် (၅) နေရာမှာရှိနေတာကတော့ ဂျာမနီအသင်းပဲဖြစ်ပါတယ်။ ဂျာမနီအသင်းဟာ ပြည်တွင်းကထိပ်သီးကလပ်အသင်းဖြစ်တဲ့ ဘိုင်ယန်မြူးနစ်အသင်းကို အဓိကအခြေပြုတည်ဆောက်ထားပြီးတော့ တန်ဖိုးအကြီးဆုံးကစားသမားအများစုကလည်း ဘိုင်ယန်မြူးနစ်အသင်းကပဲဖြစ်ပါတယ်။ လက်ရှိအသင်းမှာဆိုရင် ဘိုင်ယန်မြူးနစ်က ဂျာမယ်မူဆီယာလာ (ယူရိုသန်း ၁၀၀)၊ ဂျိုရှုအာကင်းမစ်ချ် (ယူရိုသန်း ၈၀)၊ လီရွိုင်းဆာနေး (ယူရိုသန်း ၇၀) တို့ကဈေးအကြီးဆုံးကစားသမားတွေဖြစ်ပါတယ်။ shwekhitonlinetv.com
၄။ ပေါ်တူဂီ – ယူရို (၉၃၇) သန်း

စီရော်နယ်လ်ဒိုရဲ့ ပေါ်တူဂီအသင်းကတော့ ဒီစာရင်းရဲ့အဆင့် (၄) နေရာမှာရှိနေပါတယ်။ ဒါပေမယ့်လက်ရှိခြေစွမ်းနဲ့ ပုံရိပ်ကျဆင်းနေမှုကြောင့် စီရော်နယ်လ်ဒိုကတော့ အသင်းရဲ့တန်ဖိုးအမြင့်ဆုံး ကစားသမားအဖြစ်ရှိမနေခဲ့ပါဘူး။ ကျွမ်းကျင်သူတွေရဲ့တွက်ချက်မှုအရတော့ ပေါ်တူဂီအသင်းမှာ — ကတန်ဖိုးအမြင့်ဆုံးကစားသမားတွေအဖြစ်ရှိနေခဲ့တာပါ။ shwekhitonlinetv.com
၃။ ပြင်သစ် – ယူရို (၉၉၇.၅) သန်း

ပြီးခဲ့တဲ့ ၂၀၁၈ ကမ္ဘာ့ဖလားချန်ပီယံပြင်သစ်အသင်းကတော့ လူစာရင်းတန်ဖိုးမှာအဆင့် (၃) နေရာမှာရှိနေပါတယ်။ ပြင်သစ်အသင်းရဲ့ကစားသမားတွေထဲမှာ လက်ရှိဈေးကွက်တန်ဖိုးအမြင့်ဆုံးဖြစ်နေသူတွေကတော့ ပီအက်စ်ဂျီအသင်းရဲ့ ကိုင်လီယန်အမ်ဘာပေ (ယူရိုသန်း ၁၆၀)၊ ရီးယဲလ်မက်ဒရစ်အသင်းက ချူအာမီနီ (ယူရိုသန်း ၈၀)၊ ဘာစီလိုနာအသင်းက အူစမန်ဒမ်ဘီလီ (ယူရို သန်း၆၀) တို့ပဲဖြစ်ပါတယ်။ shwekhitonlinetv.com
၂။ ဘရာဇီးလ် – ယူရို (၁.၁၄) ဘီလီယံ

ဒီပြိုင်ပွဲမှာဗိုလ်စွဲဖို့ရေပန်းအစားဆုံးအသင်းဖြစ်တဲ့ တောင်အမေရိတိုက်က ဘရာဇီးလ်အသင်းကတော့ လူစာရင်းတန်ဖိုး ယူရိုသန်း (၁၀၀၀) ကျော်နဲ့ဒီစာရင်းရဲ့အဆင့် (၂) နေရာမှာရှိနေပါတယ်။ ဘရာဇီးလ်ကစားသမားတွေထဲမှာ ရီးယဲလ်မက်ဒရစ်အသင်းရဲ့ တောင်ပံတစ်စုံဖြစ်တဲ့ ဗီနီးရှပ်ဂျူနီယာ (ယူရိုသန်း ၁၂၀) နဲ့ ရိုဒရီဂို (ယူရိုသန်း ၈၀)၊ ပီအက်စ်ဂျီအသင်းက နေမာ (ယူရို ၇၅သန်း) တို့ကတော့ လက်ရှိဈေးကွက်တန်ဖိုးအမြင့်ဆုံးကစားသမားတွေပဲဖြစ်ပါတယ်။ shwekhitonlinetv.com
၁။ အင်္ဂလန် – ယူရို (၁.၂၆) ဘီလီယံ

ပြိုင်ပွဲတိုင်းမှာနာမည်ကြီးထမင်းငတ်ဖြစ်ရတဲ့ အင်္ဂလန်အသင်းကတော့ ဒီစာရင်းမှာလည်းထိပ်ဆုံးကရှိနေပြန်ပါတယ်။ အင်္ဂလန်အသင်းကစားသမားတွေရဲ့ ဈေးကွက်တန်ဖိုးက လက်ရှိခြေစွမ်းထက်ပိုမိုနေတယ်လို့လည်းဝေဖန်ခံနေရပါတယ်။ အင်္ဂလန်ကစားသမားတွေထဲမှာ မန်စီးတီးက ဖီးလ်ဖိုဒန် (ယူရိုသန်း ၁၁၀)၊ ဒေါ့မွန်က ဂျု့ဘယ်လင်ဂန် (ယူရိုသန်း ၁၀၀)၊ စပါးက ဟယ်ရီကိန်း (ယူရိုသန်း ၉၀) တို့က ဈေးကွက်တန်ဖိုးအမြင့်ဆုံးကစားသမားတွေဖြစ်နေပါတယ်။ shwekhitonlinetv.com
Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။
Be the first to comment
You must log in to post a comment.