အရပ်ပုပေမယ့် တစ်ကမ္ဘာလုံးသိအောင်ထင်ပေါ်ကျော်ကြားကြတဲ့ အမျိုးသမီးဆယ်လီများ

မိမိကိုယ်ကိုအရပ်ပုတယ်ဆိုပြီး စိတ်ညစ်နေကြတဲ့သူတွေရှိမယ်ဆိုရင်တော့ ဒီအမျိုးသမီးဆယ်လီတွေရဲ့ အကြောင်းအရာလေးကိုဖတ်ကြည့်သင့်ပါတယ်နော် …. shwekhitonlinetv.com

၁။ အရီယာနာဂရန်ဒီ (Ariana Grande)

အမေရိကန်အဆိုကျော်မလေး အရီယာနာဂရန်ဒီ ကတော့အရပ်အမြင့် (၅) ပေ (၁) လက်မပဲရှိတဲ့သူဖြစ်ပါတယ်။ ဒါပေမယ့်လည်းသူမရဲ့ ပုံစံလေးက ချစ်ဖို့ကောင်းပြီး ပုရိသတွေကိုဆွဲဆောင်နိုင်တာတော့ အမှန်ပါ။ shwekhitonlinetv.com

၂။ အီမီလီယာကလက် (Emilia Clarke)

အသက် (၃၆) နှစ်အရွယ်ရှိပြီဖြစ်တဲ့ အင်္ဂလန်သရုပ်ဆောင်မင်းသမီး အီမီလီယာကလက် ကတော့ပရိသတ်တွေနဲ့ ရင်းနှီးပြီးသားဖြစ်မယ်ထင်ပါတယ်။ မင်းသားကြီးအာနိုးနဲ့အတူ Teminator Genisys ရုပ်ရှင်မှာပါဝင်သရုပ်ဆောင်ခဲ့တဲ့ သူမကတော့ အရပ်အမြင့် (၅) ပေ (၂) လက်မ သာရှိတဲ့ ဆယ်လီတစ်ဦးဖြစ်ပါတယ်။ shwekhitonlinetv.com

၃။ စကားလက်ဂျိုဟန်ဆင် (Scarlett Johansson)

လက်ရှိသရုပ်ဆောင်လောကမှာ ဒိတ်ဒိတ်ကြဲအောင်မြင်နေတဲ့သူတစ်ဦးလို့ဆိုရမယ့် အမေရိကန်အမျိုးသမီးသရုပ်ဆောင် စကားလက်ဂျိုဟန်ဆင်ကလည်း အရပ်အမြင့် (၅) ပေ (၃) လက်မ ပဲရှိတဲ့သူဖြစ်ပါတယ်။ shwekhitonlinetv.com

၄။ လေဒီဂါဂါ (Lady Gaga)

ခပ်ဟော့ဟော့ ခပ်ဆန်းဆန်းဖက်ရှင်တွေကို ဒေါက်မြင့်ဖိနပ်တွေနဲ့တွဲဖက်ဝတ်ဆင်လေ့ရှိတာကြောင့် အမေရိကန်အဆိုတော် လေဒီဂါဂါကိုတော့ အရပ်ပုတဲ့သူတစ်ယောက်လို့တော်ရုံမထင်မြင်မိပါဘူး။ ဒါပေမယ့်လည်းသူမရဲ့ အရပ်အမြင့်အစစ်အမှန်က (၅) ပေ (၁) လက်မသာရှိပါတယ်။ shwekhitonlinetv.com

၅။ ဟေဒန်ပန်နီတီယာရီ (Hayden Panettiere)

ဒရာမာကားတွေမှာ အများဆုံးသရုပ်ဆောင်တက်တဲ့ အမေရိကန်သရုပ်ဆောင် ဟေဒန်ပန်နီတီယာရီ ကတော့အရပ်အမြင့် (၅) ပေအတိ ပဲရှိတဲ့သူဖြစ်ပါတယ်။ shwekhitonlinetv.com

၆။ နစ်ကီမင်နာ့ချ် (Nicki Minaj)

အသက် (၃၉) နှစ်အရွယ်ရှိပြီဖြစ်ပြီး ပုရိသတွေရဲ့ အသည်းစွဲဖြစ်တဲ့ ထရီနီဒက်နွယ်ဖွား ရက်ပါ နစ်ကီမင်နာ့ချ်ကတော့ အရပ်အမြင့် (၅) ပေ (၂) လောက်ပဲရှိတယ်။ shwekhitonlinetv.com

၇။ မယ်ရီကိတ်အော်လ်ဆင် (Mary-Kate Olsen)

အမေရိကန်နိုင်ငံသူ ဖက်ရှင်ဒီဇိုင်နာ နဲ့ သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ မယ်ရီကိတ်အော်လ်ဆင်ကတော့ အရပ်အမြင့် (၅) ပေ (၂) လက်မ ပဲရှိပါတယ်။ အဗန်ဂျာဇာတ်လမ်းတွေမှာ ဝန်ဒါအဖြစ်သရုပ်ဆောင်တဲ့ အဲလိဇဘတ်အော်လ်ဆင် ရဲ့ အစ်မဖြစ်တဲ့ မယ်ရီကတော့ လက်ရှိအချိန်မှာအောင်မြင်တဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဆိုလည်း မမှားပါဘူး။ shwekhitonlinetv.com

၈။ ရှက်ကီရာ (Shakira)

ကိုလံဘီယာအဆိုတော် ရှက်ကီရာကတော့ အရပ်အမြင့် (၅) ပေ (၂) လက်မသာရှိတဲ့သူဖြစ်ပါတယ်။ ဒါပေမယ့် သူမဟာအဝတ်အစားတွေကို ရွေးချယ်ဝတ်ဆင်ရာမှာအတော်လေးကို လိုက်ဖက်တာကိုရွေးချယ်ဝတ်ဆင်တက်တာကြောင့် သူမရဲ့အရပ်ပုခြင်းကို လူတွေသတိမထားမိအောင်ဖြစ်စေခဲ့ပါတယ်။ shwekhitonlinetv.com

၉။ လီလီရို့စ်ဒပ် (Lily-Rose Depp)

ကမ္ဘာကျော်သရုပ်ဆောင်ကြီး ဂျွန်နီဒပ် (Johnny Depp) ရဲ့သမီးဖြစ်ပြီး သရုပ်ဆောင်မော်ဒယ်တစ်ဦးအဖြစ် ရပ်တည်နေတဲ့ လီလီ ကတော့အရပ်အမြင့် (၅) ပေ (၂) လက်မသာရှိတဲ့သူဖြစ်ပါတယ်။ ဒါပေမယ့်လည်းသူမကတော့ ကိုယ့်ကိုကိုယ် ယုံကြည်မှုအပြည့်အဝရှိတဲ့သူတစ်ဦးဖြစ်ပါတယ်။ shwekhitonlinetv.com

၁၀။ နာတာလီပေါ့သ်မန်း (Natali Portman)

အစ္စရေးသရုပ်ဆောင် နာတာလီပေါ့သ်မန်းကတော့ အော်စကာဆုနဲ့ ရွှေကမ္ဘာလုံးဆု (၂) ကြိမ်ရရှိထားတဲ့အထိ သရုပ်ဆောင်ကောင်းတဲ့သူဖြစ်ပါတယ်။ ဒါပေမယ့်အပြင်လောကမှာတော့ ရုပ်ရှင်တွေထဲကလောက်အရပ်ရှည်တဲ့သူတစ်ဦးမဟုတ်ဘဲ အရပ်အမြင့် (၅) ပေ (၃) လက်မသာ ရှိတဲ့သူဖြစ်ပါတယ်။ shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။