ကမ္ဘာပေါ်မှာ အရပ်အပုဆုံအမျိုးသမီးတွေရှိနေတဲ့ နိုင်ငံများ

အရပ်အမောင်း၊ လူကောင်သန်မာထွားကျိုင်းမှုဆိုတာကတော့ မျိုးရိုးဗီဇ၊ နေထိုင်စားသောက်မှု ပုံစံတွေနဲ့ အများကြီးဆက်စပ်နေတဲ့ ကိစ္စတစ်ရပ်ဖြစ်ပါတယ်။ ဒီတစ်ခေါက်မှာတော့ ကမ္ဘာပေါ်မှာ ပျမ်းမျှ အရပ်အပုဆုံးအမျိုးသမီးတွေက ဘယ်နိုင်ငံတွေမှာရှိသလဲဆိုတာဖော်ပြလိုက်ပါတယ်။ shwekhitonlinetv.com

၁။ ဂွာတီမာလာ

မြောက်အမေရိကတိုက် ကာရစ်ဘီယံဒေသက ဂွာတီမာလာကတော့ ကမ္ဘာပေါ်မှာအရပ်အပုဆုံးအမျိုးသမီးတွေရှိတဲ့ နိုင်ငံဖြစ်ပါတယ်။ ဂွာတီမာလာနိုင်ငံက အမျိုးသမီးတွေရဲ့ အရပ်အမောင်းဟာ ပျမ်းမျှအားဖြင့် (၁၅၀.၉၁) စင်တီမီတာသာရှိပါတယ်။ shwekhitonlinetv.com

၂။ ဘင်္ဂလားဒေ့ရှ်

ဘင်္ဂလားဒေ့ရှ်နိုင်ငံကတော့ ဒီစာရင်းမှာအဆင့် (၂) ချိတ်ပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံသူတွေရဲ့အရပ်ဟာ ပျမ်းမျှ (၁၅၂.၃၈) စင်တီမီတာပဲရှိပါတယ်။ shwekhitonlinetv.com

၃။ နီပေါ

နီပေါနိုင်ငံကအမျိုးသမီးတွေကတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကအမျိုးသမီးတွေထက် ပျမ်းမျှအရပ်အမြင့်မှာ မဆိုသလောက်ကလေး သာနေတာကြောင့် ဒီစာရင်းရဲ့အဆင့် (၃) နေရာကိုရောက်ရှိသွားတာပါ။ နီပေါ အမျိုးသမီးတွေဟာ ပျမ်းမျှအရပ် (၁၅၂.၃၉) စင်တီမီတာရှိကြပါတယ်။ shwekhitonlinetv.com

၄။ အရှေ့တီမော

လွန်ခဲ့တဲ့ဆယ်စုနှစ်အနည်းငယ်ကမှပေါ်ပေါက်လာခဲ့တဲ့ အရှေ့တောင်အာရှနိုင်ငံငယ်လေး အရှေ့တီမောက အမျိုးသမီးတွေကလည်းလူကောင်အားဖြင့် သန်မာထွားကျိုင်းလှသူတွေမဟုတ်ပါဘူး။ အရှေ့တီမောနိုင်ငံသူတွေဟာ အများအားဖြင့် အရပ်အမြင့် (၁၅၂.၇၁) စင်တီမီတာသာရှိကြပါတယ်။ shwekhitonlinetv.com

၅။ မာဒါဂတ်စကာ

အာဖရိကတိုက်က မာဒါဂတ်စကာကျွန်းနိုင်ငံလေးက အမျိုးသမီးတွေကတော့ ပျမ်းမျှအရပ်အမြင့် (၁၅၃.၀၆) စင်တီမီတာပဲရှိပြီး ဒီစာရင်းရဲ့အဆင့် (၅) နေရာမှာရှိနေပါတယ်။ shwekhitonlinetv.com

၆။ လာအို

အရှေ့တောင်အာရှဒေသက လာအိုနိုင်ငံရဲ့ အမျိုးသမီးတွေကတော့ ပျမ်းမျှအရပ်အမြင့် (၁၅၃.၁၀) စင်တီမီတာရှိကြပါတယ်။ shwekhitonlinetv.com

၇။ ဖိလစ်ပိုင်

အရှေ့တောင်အာရှဒေသက နောက်ထပ်နိုင်ငံတစ်နိုင်ငံဖြစ်တဲ့ ဖိလစ်ပိုင်နိုင်ငံရဲ့ အမျိုးသမီးတွေကတော့ ပျမ်းမျှအရပ်အမြင့် (၁၅၄.၁၄) စင်တီမီတာရှိကြပါတယ်။ ဒါတောင်မှနောက်ပိုင်းမှာ ကပြားတွေများပြားလာလို့ဖြစ်ပါတယ်။ shwekhitonlinetv.com

၈။ မော်လ်ဒိုက်

အာရှတိုက်က ကျွန်းနိုင်ငံလေးဖြစ်တဲ့ မော်လ်ဒိုက်နိုင်ငံရဲ့ ဒေသခံအမျိုးသမီးတွေကတော့ ပျမ်းမျှအရပ်အမြင့် (၁၅၄.၂၈) စင်တီမီတာသာရှိကြပါတယ်။ shwekhitonlinetv.com

၉။ အင်ဒိုနီးရှား

လူဦးရေထူထပ်သိပ်သည်းလှတဲ့ အရှေ့တောင်အာရှက အင်ဒိုနီးရှားနိုင်ငံကတော့ ဒီစာရင်းမှာအဆင့် (၉) နေရာမှာရှိနေပါတယ်။ အင်ဒို အမျိုးသမီးတစ်ဦးဟာပျမ်းမျှအရပ်အမြင့် (၁၅၄.၃၆) စင်တီမီတာသာရှိပါတယ်။ shwekhitonlinetv.com

၁၀။ မြန်မာ

နောက်ဆုံးဖော်ပြပေးချင်တာကတော့ ဒီစာရင်းရဲ့အဆင့် (၁၀) မှာရှိနေတဲ့ ကျွန်တော်တို့ရဲ့မြန်မာနိုင်ငံပဲဖြစ်ပါတယ်။ စစ်တမ်းတွေအရဆိုရင် မြန်မာအမျိုးသမီးတစ်ဦးရဲ့ ပျမ်းမျှအရပ်အမြင့်ဟာ (၁၅၄.၇၁) စင်တီမီတာပဲရှိတာဖြစ်ပါတယ်။ shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။ 

Be the first to comment

Leave a Reply