မိမိရဲ့ပေါက်စီအရွယ်အစားကို ပိုမိုကြီးထွားလာအောင် ကူညီပေးနိုင်တဲ့အစားအစာများ

ရင်သားအရွယ်အစားကြီးထွားဖို့ဆိုတာကတော့ မိန်းကလေးတွေအတွက် မရှိမဖြစ်အရေးကြီးတဲ့ကိစ္စရပ်တစ်ခုတော့မဟုတ်ပါဘူး။ ဒါပေမယ့်လည်း မိန်းကလေးတိုင်းကတော့ သူများတွေနည်းတူ မိမိရဲ့ ပေါက်စီအရွယ်အစားကိုကြီးမားစေချင်တဲ့ ဆန္ဒတော့အနည်းနဲ့အများရှိကြပါတယ်။ ဒီအတွက် ဘယ်အစားအစာတွေကိုစားပေးရင် မိမိရဲ့ ပေါက်စီကိုပိုမိုပြီး ကိတ်သွားစေနိုင်မလဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။ shwekhitonlinetv.com

၁။ Flaxseed

Flaxseed လိုမျိုး တောက်တောက်ပြောင်ပြောင်ရှိတဲ့အစေ့အဆန်တွေကလည်း ရင်သားကြီးထွားမှုကိုအထောက်အကူပြုနိုင်ပါတယ်။ ဒိန်ချဉ်၊ စီရီရယ်၊ ဖျော်ရည်စတဲ့ နံနက်စာတွေမှာ Flaxseed လို့ခေါ်တဲ့အပင်တစ်မျိုးကနေရရှိတဲ့ တောက်တောက်ပြောင်ပြောင်အစေ့အဆန်လေးတွေ တစ်ဇွန်းလောက်ထည့်စားတာက ကျန်းမာရေးနဲ့ညီညွှတ်သလို ရင်သားကိုလည်း ပိုကိတ်လာစေမှာဖြစ်ပါတယ်။ shwekhitonlinetv.com

၂။ ပဲပိစပ်၊ ပဲနို့

ပဲပိစပ် နဲ့ ပဲနို့တွေမှာတော့ အမျိုးသမီးရင်သားကြီးထွားမှုအတွက်အရေးပါတဲ့ estrogens နဲ့အလားသဏ္ဍာန်တူတဲ့ phytoestrogens ဒြပ်ပေါင်းတွေပါဝင်နေပါတယ်။ ဒီဒြပ်ပေါင်းဟာ ကင်ဆာဆဲလ်တွေနဲ့ free radicals တွေကိုတိုက်ဖျက်ပေးပြီး ရင်သားတစ်သျှူးတွေကိုပိုမိုကြီးထွားစေပါတယ်။ shwekhitonlinetv.com

၃။ တို့ဖူး

တို့ဖူးကလည်း ရင်သားကြီးထွားမှုကိုအထောက်အကူပြုတဲ့ estrogen ကြွယ်ဝစွာပါဝင်တဲ့ နောက်ထပ်အစားအစာတစ်ခုဖြစ်ပါတယ်။ တို့ဖူးဟာ အာဟာရကြွယ်ဝတဲ့ အသားအစားထိုး အစားအစာဖြစ်သလို ခေါက်ဆွဲ နဲ့ အခြားစားသောက်ဖွယ်ရာတွေအဖြစ်ပြုပြင်စားသောက်နိုင်တဲ့ အစားအစာလည်းဖြစ်လို့ ရင်သားပိုမိုကြီးချင်တဲ့သူတွေ ပုံမှန်စားပေးသင့်ပါတယ်။ shwekhitonlinetv.com

၄။ အခွံမာသီးများ

အခွံမာသီးတွေမှာ ရင်သားတစ်သျှူးတွေတည်ဆောက်ဖို့အတွက် မရှိအဖြစ်လိုအပ်တဲ့ monounsaturated fats ကြွယ်ဝစွာပါဝင်ပါတယ်။ ရင်သားပိုမိုကြီးထွားချင်တဲ့သူတွေအနေနဲ့တော့ သင့်တို့ရဲ့ အစားအစာတွေမှာ သစ်ကြားသီး၊ မြေပဲ၊ သီဟိုဋ်စေ့ စတာတွေကိုထည့်သွင်းစားသုံးပေးသင့်ပါတယ်။ အခွံမာသီးတွေဟာ ရင်သားကြီးထွားဖို့အတွက်တင်မဟုတ်ဘဲ သင့်ရဲ့နှလုံးနဲ့ ဦးနှောက်ကိုပါ ကျန်းမာအောင်ကူညီပေးနိုင်ပါတယ်။ shwekhitonlinetv.com

၅။ ပင်လယ်စာများ

ပုစွန်၊ ဂုံး၊ ကမာကောင်တွေနဲ့ ပင်လယ်ရေညှိတွေမှာ ခန္ဓာကိုယ်တွင်းက Sex Hormones တွေကိုလှုံ့ဆော်ပေးတဲ့ Manganese ဓာတ်များစွာပါဝင်နေပါတယ်။ ဒီအရာတွေကိုသင့်ရဲ့ နေ့စဉ်စားသောက်မှုစာရင်းမှာ ထည့်သွင်းထားမယ်ဆိုရင်တော့ ရလဒ်အနေနဲ့ ရင်သားပိုမိုကြီးထွားလာတာကိုမြင်တွေ့ရမှာပါ။ shwekhitonlinetv.com

၆။ စမုန်နက်စေ့

စမုန်နက်စေ့ကို အမှုန့်ကြိတ်ပြီးသင့်ရဲ့အစားအစာထဲကိုထည့်သွင်းစားသုံးတာ (ဒါမှမဟုတ်) သံလွင်ဆီနဲ့ရောစပ်ပြီး သင့်ရဲ့ရင်သားကိုနှိပ်နယ်ပေးတာတွေကလည်း မိမိရဲ့ ပေါက်စီအရွယ်အစားကို ကြီးထွားလာစေမှာအမှန်ပါပဲ။ shwekhitonlinetv.com

၇။ လတ်ဆက်သောသစ်သီးများ

ဘယ်ရီသီး၊ ချယ်ရီသီး၊ သင်္ဘောသီး နဲ့ ဘလူးဘယ်ရီသီးတွေဟာ ခန္ဓာကိုယ်ရဲ့ estrogen level ကိုမြှင့်တင်ပေးနိုင်တဲ့အစားအစာတွေဖြစ်ပါတယ်။ ဒီအသီးတွေကို ပုံမှန်စားသုံးပေးမယ်ဆိုရင်တော့ သင့်ရဲ့ရင်သားကို စင်တီမီတာအနည်းငယ်ကြီးထွားလာစေဖို့ အကူအညီပေးနိုင်မှာဖြစ်ပါတယ်။ shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။ 

Be the first to comment

Leave a Reply