ဘောလုံးကစားနည်းဟာ ကမ္ဘာတဝှမ်းမှာ လူကြိုက်အများဆုံး အားကစားနည်းတခုဆိုလည်း မမှားပါဘူးနော်။ ကမ္ဘာ့ဖလားဘောလုံးပွဲဟာလည်း တကမ္ဘာလုံးရင်ခုန်စွာ စောင့်ကြည့်ရတဲ့ ပွဲတခုဖြစ်ခဲ့ပြီး မထင်မှတ်ထားတဲ့ အသင်းအရွှေ့အပြောင်းများ နိုင်ပွဲရအသင်းများကြောင့် ကစားပွဲဟာ အရှိန်မြင့်တက်လျက်ရှိပါတယ်။ ဘောလုံးအားကစားချစ်သူများအတွက် ကမ္ဘာ့အချမ်းသာဆုံး ကစားသမားတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။ shwekhitonlinetv.com
၁၀။ Samuel Eto’o
![](https://i0.wp.com/www.shwekhitonlinetv.com/wp-content/uploads/2022/12/%E1%81%81%E1%81%80-2.jpeg?resize=678%2C462&ssl=1)
ကင်မရွန်းနိုင်ငံသား ပရော်ဖက်ရှင်နယ် ကစားသမား Samuel Eto’o ကတော့ အမေရိကန်ဒေါ်လာ ၁၀၀ မီလီယံအထိ ချမ်းသာတဲ့ ထိပ်တန်း ၁၀ ယောက်မြောက် ဘောလုံးသမားဖြစ်ပါတယ်။ တူရကီကလပ် Antalyaspor ရဲ့ တိုက်စစ်မှုးဖြစ်တဲ့ Samuel Eto’o ဟာ အကောင်းဆုံး အာဖရိကန်ကစားသမားအဖြစ် ၄ ကြိမ်တိုင်တိုင် ဆုရရှိခဲ့သူလည်း ဖြစ်ပါတယ်။ ဒါ့ကြောင့် သူဟာ အသင်းရဲ့ အရေးပါအရာရောက်လှတဲ့ ကစားသမားဆိုလည်း မမှားပါဘူး။ နာမည်ကြီး ကစားသမားတဦးရဲ့ တနှစ်ဝင်ငွေဟာ ၂၆ မီလီယံဝန်းကျင်အထိ ရှိပါတယ်။ ဒါ့ကြောင့် Samuel Eto’o ဟာ ကမ္ဘာ့အချမ်းသာဆုံး ထိပ်တန်း ၁၀ ယောက်ထဲကို ပါဝင်လာခဲ့တဲ့ ဘောလုံးသမားတဦးဖြစ်လာခဲ့ပါတယ်။ shwekhitonlinetv.com
၉။ Ronaldinho
![](https://i0.wp.com/www.shwekhitonlinetv.com/wp-content/uploads/2022/12/%E1%81%89-2.jpeg?resize=619%2C376&ssl=1)
Ronaldinho ကတော့ စာရင်းဇယားရဲ့ နံပါတ် ၉ နေရာမှာရှိတဲ့ အချမ်းသာဆုံး ဘောလုံးသမားတဦးဖြစ်ပါတယ်။ နာမည်ကြီး စပိန်အသင်း FC Barcelona ရဲ့ ကွင်းလယ်ကစားသမားဖြစ်သူ Ronaldinho ရဲ့ ချမ်းသာကြွယ်ဝမှုကတော့ အမေရိကန်ဒေါ်လာ ၁၀၀ မီလီယံအထိ ရှိပါတယ်။ ဘရာဇီးကစားသမားဖြစ်တဲ့ သူ့ရဲ့ တနှစ်စာဝင်ငွေကတော့ အမေရိကန်ဒေါ်လာ ၁၀ မီလီယံအထိ ဖြစ်ပါတယ် ။ ဒါ့အပြင် ကမ္ဘာကျော်အမှတ်တံဆိပ်များဖြစ်တဲ့ Nike နဲ့ Pepsi တို့မှလည်း ကြော်ညာဝင်ငွေအများအပြားရရှိပါသေးတယ်။ AC Milan contracts ကြောင့် ၃ နှစ်အတွင်းမှာ ယူရို ၂၅ သန်းအထိ ရရှိခဲ့ပါတယ်။ shwekhitonlinetv.com
၈။ Kylian Mbappé
![](https://i0.wp.com/www.shwekhitonlinetv.com/wp-content/uploads/2022/12/%E1%81%88-2.jpeg?resize=678%2C430&ssl=1)
၁၉၉၈ ခုနှစ်ဖွား ပြင်သစ်နိုင်ငံသား Kylian Mbappé ကလည်း အကောင်းဆုံးနဲ့ အချမ်းသာဆုံး ကစားသမားတွေထဲက တဦးဖြစ်ပါတယ်။ ပြင်သစ်အမျိုးသားဘောလုံးအသင်းနဲ့ Paris Saint-Germain အသင်းတို့ရဲ့ ရှေ့တန်းကစားသမားတဦးပါ။ Ligue 1 club Monaco အသင်းနဲ့ သူ့ အသက် ၁၆ နှစ် ၂၀၁၅ မှာ ဘောလုံးလောကကို စတင်ဝင်ရောက်ခဲ့သူဖြစ်ပါတယ်။ Kylian Mbappé ဟာ တနှစ်တာအတွင်း အသက်အငယ်ဆုံး ကစားသမားဆုနဲ့ the Golden Boy award ကို ရရှိခဲ့ပါတယ်။ Paris Saint-Germain အသင်းကို ယူရိုသန်း ၁၈၀ နဲ့ ပြောင်းရွှေ့ခဲ့ပြီး ကြေးအကြီးဆုံး ဆယ်ကျော်သက်ကစားသမားဖြစ်လာခဲ့ပါတယ်။ လက်ရှိမှာတော့ သူ့ရဲ့ ချမ်းသာကြွယ်ဝမှုဟာ အမေရိကန်ဒေါ်လာ ၁၁၀ မီလီယံအထိ ရှိပြီး ကမ္ဘာ့အချမ်းသာဆုံး ဘောလုံးသမား နံပါတ် ၈ နေရာမှာ တည်ရှိပါတယ်။ shwekhitonlinetv.com
၇။ Gareth Bale
![](https://i0.wp.com/www.shwekhitonlinetv.com/wp-content/uploads/2022/12/%E1%81%87-2.jpeg?resize=678%2C467&ssl=1)
Gareth Bale ဟာ ၁၉၈၉ ခုနှစ်ဖွား ဘောလုံးသမားတဦးဖြစ်ပြီး လက်ရှိမှာတော့ Los Angeles FC နဲ့ Wales national football team တို့မှာ ကစားနေပါတယ်။ သူဟာ ကမ္ဘာ့နာမည်အကျော်ကြားဆုံး ကစားသမားတွေထဲက တဦးလည်းဖြစ်ပါတယ်။ မှတ်တမ်းများအရ ၂၀၂၂ ခုနှစ်အတွင်း Bale ရဲ့ ကြွယ်ဝချမ်းသာမှုဟာ အမေရိကန်ဒေါ်လာ ၁၃၀ မီလီယမ်ဝန်းကျင်အထိ ရှိပြီး ကမ္ဘာ့အချမ်းသာဆုံး ၇ ယောက်မြောက် ဘောလုံးကစားသမားဖြစ်ပါတယ်။ shwekhitonlinetv.com
၆။ Alexandre Pato
![](https://i0.wp.com/www.shwekhitonlinetv.com/wp-content/uploads/2022/12/%E1%81%86-2.jpeg?resize=678%2C509&ssl=1)
Alexandre Pato ကိုတော့ ၁၉၈၉ ခုနှစ် စက်တင်ဘာ ၂ ရက်နေ့မှာ မွေးဖွားခဲ့ပြီး ဘရာဇီးနိုင်ငံရဲ့ အချမ်းသာဆုံးကစားသမားတွေထဲက တဦးဖြစ်ပါတယ်။ ရှေ့တန်းကစားသမားတဦးဖြစ်တဲ့ Alexandre Pato ဟာ ၂၇ ပွဲမှာ ၁၂ ဂိုးသွင်းပေးနိုင်ခဲ့ပြီး 2006 FIFA Club World Cup မှာ အနိုင်ရရှိခဲ့ပါတယ်။ ဒါ့အပြင် ၂၀၀၈ ခုနှစ်မှာ ကြေးတံဆိပ် နဲ့ ၂၀၁၂ ခုနှစ်မှာ ငွေတံဆိပ်တို့ကို နိုင်ငံအတွက် အိုလံပစ်ဆုတံဆိပ်နှစ်ခုအဖြစ် ရယူနိုင်ခဲ့ပါတယ်။ သူ့ရဲ့ ချမ်းသာကြွယ်ဝမှုကတော့ အမေရိကန်ဒေါ်လာ ၁၅၀ မီလီယမ်အထိ ရှိပြီး ကမ္ဘာ့ကြေးအကြီးဆုံး ဘောလုံးကစားသမားတွေထဲက တဦးဖြစ်လာပါတယ်။ shwekhitonlinetv.com
၅။ Wayne Rooney
![](https://i0.wp.com/www.shwekhitonlinetv.com/wp-content/uploads/2022/12/%E1%81%85-2.jpeg?resize=678%2C438&ssl=1)
Wayne Rooney ဟာ အကောင်းဆုံး အလယ်တန်းကစားသမားတွေထဲက တဦးဖြစ်ပြီး အင်္ဂလန်အမျိုးသားဘောလုံးအသင်းရဲ့ ကစားသမားတဦးလည်း ဖြစ်ပါတယ်။ Wayne Rooney ဟာ ပရီးမီးယားလိဂ် ၊ ယူအီးဖက်အေ ချန်ပီယံလိဂ် ၊ ဖီဖာကမ္ဘာ့ဖလားပွဲတို့အပါအဝင် ဆုဖလား ၁၆ လုံးသိမ်းပိုက်ခဲ့ပြီး သူ့ခေတ်ရဲ့ အကောင်းဆုံးကစားသမားတယောက်ဖြစ်ကြောင်း သက်သေပြနိုင်ခဲ့ပါတယ်။ ၂၀၂၂ ခုနှစ်အတွင်း Wayne Rooney ရဲ့ ချမ်းသာကြွယ်ဝမှုကတော့ အမေရိကန်ဒေါ်လာ ၁၈၀ မီလီယမ်အထိ ရှိပါတယ်။ shwekhitonlinetv.com
၄။ Neymar Jr
![](https://i0.wp.com/www.shwekhitonlinetv.com/wp-content/uploads/2022/12/%E1%81%84-2.jpeg?resize=678%2C448&ssl=1)
Neymar Jr ကတော့ အကောင်းဆုံးကစားသမားတွေထဲက တဦးဖြစ်ပြီး Ligue 1 club ၊ Paris Saint-Germain နဲ့ Brazil national team တို့အတွက် ကစားနေသူဖြစ်ပါတယ်။ ဘရာဇီးနိုင်ငံအတွက် ပွဲပေါင်း ၁၀၁ ပွဲမှာ ၆၁ ဂိုးသွင်းပေးနိုင်ခဲ့ပြီး သူ့နိုင်ငံအမျိုးသားဘောလုံးအသင်းအတွက် တတိယမြောက် ဂိုးသွင်းအများဆုံးကစားသမားတဦးပါ။ ကြေးအကြီးဆုံး ကစားသမားတွေထဲက တဦးဖြစ်ပြီး ချမ်းသာကြွယ်ဝမှုကတော့ အမေရိကန်ဒေါ်လာ ၁၉၀ မီလီယမ်အထိ ရှိပါတယ်။ ဒါ့အပြင် နာမည်ကြီးအမှတ်တံဆိပ်များကို ကြော်ညာပေးခြင်းမှလည်း ဝင်ငွေရရှိလျက်ရှိပါတယ်။ shwekhitonlinetv.com
၃။ Zlatan Ibrahimovic
![](https://i0.wp.com/www.shwekhitonlinetv.com/wp-content/uploads/2022/12/%E1%81%83-2.jpeg?resize=678%2C424&ssl=1)
Zlatan Ibrahimovic ဆွီဒီဘောလုံးကစားသမားဖြစ်ပြီး သူ့ခေတ်သူ့အခါမှာတော့ အကောင်းဆုံးတိုက်စစ်မှူးဆိုလည်း မမှားပါဘူးနော်။ ဆွီဒင်နိုင်ငံရဲ့ ဒုတိယမြောက်အကောင်းဆုံး ဘောလုံးကစားသမားဖြစ်ပြီး သူ့ဘောလုံးကစားတဲ့ သက်တမ်းတလျှောက်မှာ ဆုဖလားပေါင်း ၃၂ ခုကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။ ဒါ့အပြင် ပွဲစဥ်ပေါင်း ၉၃၅ ပွဲမှာ ဂိုးပေါင်း ၅၅၄ ဂိုးအထိ သွင်းယူနိုင်ခဲ့သူပါ။ သူ့ရဲ့ ကြွယ်ဝချမ်းသာမှုဟာ အမေရိကန်ဒေါ်လာ ၂၀၀ မီလီယံအထိရှိပြီး တတိယမြောက်အချမ်းသာဆုံး ဘောလုံးကစားသမားအဖြစ် ရပ်တည်နေပါတယ်။ ဘာစီလိုနာအသင်းမှ အမေရိကန်ဒေါ်လာ ၈၄ မီလီယံအထိ ဝင်ငွေရရှိပေမယ့် ဒီရာသီအပြီးမှာတော့ အသင်းမှ ထွက်ခွာတော့မှာ ဖြစ်ပါတယ်။ shwekhitonlinetv.com
၂။ Lionel Messi
![](https://i0.wp.com/www.shwekhitonlinetv.com/wp-content/uploads/2022/12/%E1%81%82-2.jpeg?resize=678%2C436&ssl=1)
Lionel Messi ကတော့ အောင်မြင်ကျော်ကြားပြီး ကြေးအကြီးဆုံးကစားသမားတွေထဲက တဦးဖြစ်ပါတယ်။ ဘောလုံးလောကရဲ့ နတ်ဘုရားတပါးလို့ အားလုံးက တင်စားရတဲ့ Messi ကတော့ အမေရိကန်ဒေါ်လာ ၄၅၀ မီလီယံအထိ ချမ်းသာကြွယ်ဝပြီး အချမ်းသာဆုံး နံပါတ် ၂ နေရာမှာ ရပ်တည်နေသူပါ။ Adidas လို ကမ္ဘာကျော်နာမည်ကြီးအမှတ်တံဆိပ်များမှာ ကြော်ညာခများလည်း မပြတ်ရရှိနေသူပါ။ သူ့နာမည်နဲ့ ဖောင်ဒေးရှင်းတခု တည်ထောင်ထားပြီး ကလေးများအတွက် ကျန်းမာရေးနဲ့ ပညာရေးများအတွက် ထောက်ပံ့ပေးလျက်ရှိပါတယ်။ shwekhitonlinetv.com
၁။ Cristiano Ronaldo
![](https://i0.wp.com/www.shwekhitonlinetv.com/wp-content/uploads/2022/12/%E1%81%81-2.jpeg?resize=678%2C481&ssl=1)
အသင်းအရွှေ့အပြောင်းများနဲ့ အားလုံးရဲ့ စိတ်ဝင်စားခြင်းကို ခံနေရတဲ့ Cristiano Ronaldo ကတော့ ကမ္ဘာ့အချမ်းသာဆုံး နံပါတ် တစ် ဘောလုံးကစားသမားဖြစ်ပါတယ်။ ချမ်းသာကြွယ်ဝမှုဟာ အမေရိကန်ဒေါ်လာ ၅၀၀ မီလီယံအထိရှိပြီး သမိုင်းကြောင်းတလျှောက်မှာ အအောင်မြင်ဆုံးနဲ့ အကောင်းဆုံးကစားသမားဆိုလည်း မမှားပါဘူး။ ထိပ်တန်းဘောလုံးကစားသမားတဦးဖြစ်သလို နာမည်အကြီးဆုံး ဆယ်လီတဦးလည်းဖြစ်တာကြောင့် သူ့ရဲ့ ဂုဏ်သတင်းဟာ အမြဲတမ်းကြီးမားလျက်ရှိပါတယ်။ shwekhitonlinetv.com
Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။