အိန္ဒိယသမုဒ္ဒရာထဲမှာတွေ့ရှိခဲ့တဲ့ Megalodon ငါးမန်းများရဲ့ ကြီးမားလှတဲ့းသွားများ

သြစတြေးလျသိပ္ပံပညာရှင်တွေဟာ အိန္ဒိယသမုဒ္ဒရာရေနက်ပိုင်းမှာ ငါးမန်းတွေရဲ့ဘိုးဘေးလို့ဆိုရမယ့် Megalodon ငါးမန်းတွေရဲ့ ကျောက်ဖြစ်ရုပ်ကြွင်းတွေပါဝင်တဲ့ ငါးမန်းသင်္ချိုင်းတစ်ခုကို ပြီးခဲ့တဲ့ရက်သတ္တပတ်အတွင်းက ရှာဖွေတွေ့ရှိခဲ့ကြပါတယ်။ ဒါ့အပြင် ငါးမန်းမျိုးစိတ်အသစ်တစ်မျိုးကိုလည်း ရှာဖွေတွေ့ရှိခဲ့ကြတယ်လို့သိရပါတယ်။ shwekhitonlinetv.com

သြစတြေးလျနိုင်ငံ အမျိုးသားသိပ္ပံအေဂျင်စီ၊ ဓနသဟာယသိပ္ပံနှင့်စက်မှုသုတေသနအဖွဲ့ (သို့မဟုတ်) CSIRO မှလုပ်ဆောင်နေတဲ့ သုတေသနရေယာဉ် (RV) Investigator က အခုလိုစူးစမ်းရှာဖွေမှုနှစ်ခုကို ရှာဖွေတွေ့ရှိခဲ့ခြင်းလည်းဖြစ်ပါတယ်။ shwekhitonlinetv.com

၎င်းသုတေသနရေယာဉ်ဟာ သြစတြေးလျရဲ့ အဏ္ဏဝါဘေးမဲ့တောများကို စူးစမ်းလေ့လာခဲ့သလို ဝေးလံခေါင်သီလှတဲ့ အိန္ဒိယသမုဒ္ဒရာထဲက Cocos (Keeling) ကျွန်းစု၊ အဏ္ဏဝါပန်းခြံနဲ့ သြစတြေးလျအနောက်ပိုင်းကမ်းရိုးတန်းရှိ Gascoyne Marine Park တို့ကိုအဓိက ရှာဖွေလေ့လာမှုတွေပြုလုပ်ခဲ့တာဖြစ်ပါတယ်။ shwekhitonlinetv.com

အိန္ဒိယသမုဒ္ဒရာအတွင်း ရှာဖွေစူးစမ်းမှုပြုလုပ်နေစဉ် ရေအနက် ၅ ကီလိုမီတာကျော်အရောက်မှာတော့ သုတေသီတွေဟာ ခွန်အားကြီးမားလှတဲ့ Megalodon ငါးမန်းတစ်ကောင်ရဲ့ (၁၂) မီတာရှည်တဲ့ ကျောက်ဖြစ်ရုပ်ကြွင်းသွားကြီးကိုတွေ့ရှိခဲ့ပါတယ်။ shwekhitonlinetv.com

ဒီကျောက်ဖြစ်ရုပ်ကြွင်းကို သက်တမ်းတွက်ချက်ကြည့်ရမှာတော့ လွန်ခဲ့တဲ့ နှစ်ပေါင်း (၃.၅) သန်းခန့်က သေဆုံးသွားခဲ့တဲ့ Megalodon ငါးမန်းတစ်ကောင်ရဲ့ရုပ်ကြွင်းဖြစ်ကြောင်း သိရှိခဲ့ရပါတယ်။ အဆိုပါနေရာနဲ့အနီးတစ်ဝိုက်ကို ဆက်လက်သုတေသန ပြုလုပ်ရာမှာတော့ အခြားငါးမန်းမျိုးစိတ်များရဲ့ ကျောက်ဖြစ်ရုပ်ကြွင်းတွေကိုပါတွေ့ရှိခဲ့ရပြီး ငါးမန်းတွေရဲ့ သင်္ချိုင်းတစ်ခုဖြစ်နိုင်ကြောင်း အကြမ်းဖျင်းကောက်ချက်ချခဲ့ကြပါတယ်။ shwekhitonlinetv.com

နောက်ပြီး Gascoyne Marine Park မှာလည်း ခန္ဓာကိုယ်ပေါ်မှာ သေးငယ်တဲ့အစင်းကြောင်းတွေပါရှိတဲ့ ငါးမန်း အမျိုးအစားသစ်ကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ ၎င်းအတွက် တရားဝင်အမည်ပေးရခြင်းတော့ မရှိသေးဘူးလို့သိရပါတယ်။ shwekhitonlinetv.com

RV Investigator တွင် အမှုထမ်း (၅၄) ဦးရှိပြီး (၃၅) ဦးမှာ သိပ္ပံပညာရှင်များဖြစ်သည်။ သုတေသနသင်္ဘောသည် တစ်နေ့လျှင် (၂၄) နာရီ သုတေသနလုပ်ငန်းတွေကို ပြုလုပ်လျက်ရှိပါတယ်။ CSIRO မှစုဆောင်းရရှိတဲ့ အဏ္ဏဝါသက်ရှိမျိုးစိတ်တွေရဲ့ သုံးပုံတစ်ပုံခန့်ဟာ သိပ္ပံပညာအတွက်အသစ်အဆန်းဖြစ်နိုင်တယ်လို့ CSIRO မှ တာဝန်ရှိသူတစ်ဦးကပြောကြားခဲ့ပါတယ်။ shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။