နေ့ဘက်မှာ တစ်မျိုး၊ ညဘက်မှာ တစ်မျိုး ပြောင်းတတ်တဲ့ နံရံပေါ်က အံ့ခန်းအနုပညာများ

Reskate ဆိုတာကတော့ စပိန်နိုင်ငံသားတွေဖြစ်ကြတဲ့ Minuskula , Maria Lopez , Javier de Riba တို့စတင်တည်ထောင်ထားတဲ့ စပိန်အနုပညာနှင့်လက်မှုပညာ စုပေါင်းအဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။ shwekhitonlinetv.com

သူတို့ထဲကတစ်ဦးကတော့ Donostia-San Sebastian ဒေသကဖြစ်ပြီး ကျန်တဲ့နှစ်ဦးကတော့ Barcelona ဒေသကဖြစ်ပါတယ်။ shwekhitonlinetv.com

သူတို့ (၃) ဦးစလုံးဟာ ဝါသနာတူတွေဖြစ်သလို ပုံမှန်နဲ့မတူဘဲ လုံးဝကွဲပြားခြားနားတဲ့ အနုပညာလက်ရာတွေကို ဖန်တီးဖို့အတွက် စိတ်အားထက်သန်ကြသူတွေလဲဖြစ်ပါတယ်။ shwekhitonlinetv.com

ဒီလိုနဲ့တစ်နေ့မှာတော့ သူတို့ (၃) ဦးဟာ အမှောင်ထဲမှာတောက်ပနေပြီးတော့ ပုံမှန်နေ့ဘက်မှာမြင်ရတဲ့ ပုံစံနဲ့မတူဘဲ ကွဲပြားနေတဲ့ အနုပညာလက်ရာတွေကို စပိန်နိုင်ငံရဲ့လမ်းတွေပေါ်မှာ ရေးဆွဲဖန်တီးဖို့အတွက် အကြံဉာဏ်ရရှိခဲ့ကြပါတယ်။ shwekhitonlinetv.com

ဒီပရောဂျက်ကိုအကောင်အထည်ဖော်ဖို့အတွက် လိုအပ်တဲ့ပစ္စည်းတွေကိုစုဆောင်းပြီး သက်ဆိုင်ရာနယ်မြေတွေရဲ့ အာဏာပိုင်အဖွဲ့အစည်းတွေဆီက ခွင့်ပြုချက်တွေကို လိုက်လံတောင်းခံပြီး သူတို့ရဲ့ အနုပညာဖန်တီးမှုတွေကို စတင်ခဲ့ကြပါတယ်။ shwekhitonlinetv.com

အခုဖော်ပြထားတဲ့ပုံတွေကတော့ Reskate အဖွဲ့က ရေးဆွဲဖန်တီးထားတဲ့ အမှောင်ထဲမှာတောက်ပပြီး ကွဲပြားတဲ့ပုံသဏ္ဍာန်တွေ ဖြစ်ပေါ်နေစေမယ့် မြို့ပြ Street Arts အချို့ပဲဖြစ်ပါတယ်။ shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။