ရာသီစာဖြစ်တဲ့ ပျားလိမ္မော်က ပေးစွမ်းနိုင်တဲ့ အကျိုးကျေးဇူးများ

Mandarin orange လို့ခေါ်ပျားလိမ္မော်ဟာ ဒီလိုရာသီမျိုးမှာ လှိုင်လှိုင်ပေါတဲ့ သစ်သီးတစ်မျိုးဖြစ်ပါတယ်။ ပျားလိမ္မော်မှာဆိုရင်တော့ ဗီတာမင် နဲ့ အာဟာရဓာတ်တွေကြွယ်ဝစွာပါဝင်တယ်လို့သိရပါတယ်။ ဒါ့အပြင် ပျားလိမ္မော်ဟာ ကင်ဆာ၊ တုတ်ကွေးနဲ့ အခြားသောရောဂါတော်တော်များများကိုလည်း ကာကွယ်ပေးနိုင်ပါသေးတယ်။ ဒါကြောင့် အခုတစ်ခါမှာတော့ ရွှေခေတ်ပရိသတ်ကြီးအတွက် ပျားလိမ္မော်စားခြင်းကနေ ရရှိနိုင်မယ့် ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးတွေကို ဗဟုသုတအဖြစ် ဖော်ပြပေးလိုက်ပါတယ်။ shwekhitonlinetv.com

၁။ ကင်ဆာဖြစ်ပွားမှုကိုလျော့ကျစေခြင်း

လေ့လာချက်တွေအရတော့ ပျားလိမ္မော် စားခြင်းကြောင့် အသည်းကင်ဆာနဲ့ ရင်သားကင်ဆာများ ဖြစ်ပွားနိုင်ချေကို လျှော့ကျစေပါတယ်လို့ သိရပါတယ်။ shwekhitonlinetv.com

၂။ ကိုလက်စထရော လျော့ပေးနိုင်ခြင်း

ပျားလိမ္မော်မှာ ပါဝင်တဲ့ Antioxidants ဟာ ခန္ဓာကိုယ်တွင်းက ဆိုးကျိုးဖြစ်စေမယ့် ကိုလက်စထရောတွေကို လျှော့ကျစေပြီး ကောင်းတဲ့ကိုလက်စထရောပမာဏကို မြင့်တင်ပေးနိုင်ပါတယ်။ နောက်ပြီးသူ့မှာ အမျှင်ဓာတ်တွေလည်းပါဝင်တာကြောင့် သွေးလွှတ်ကြောထဲမှာရှိတဲ့ မကောင်းတဲ့ကိုလက်စထရောတွေကို ဖယ်ရှား ရှင်းလင်းပေးပါတယ်။ shwekhitonlinetv.com

၃။ သွေးဖိအားကို ကောင်းမွန်စေခြင်း

ပျားလိမ္မော်ကိုပုံမှန်စားသုံးပေးခြင်းက သွေးလည်ပတ်မှုကောင်းမွန်စေပြီး သွေးဖိအားကိုလည်း ပုံမှန်ဖြစ်အောင်ထိန်းညှိပေးနိုင်ပါတယ်။ shwekhitonlinetv.com

၄။ ဝိတ်ကျစေခြင်း

ဒီချက်ကတော့ ခန္ဓာကိုယ်အလေးချိန်ကို လျော့ချလိုသူတွေအတွက် အထောက်အကူဖြစ်စေမှာ အမှန်ပဲဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ပျာလိမ္မော်မှာ ပါဝင်တဲ့အမျှင်ဓာတ်ကြောင့် အစာအိမ်ကို ပြည့်ဝနေစေပါတယ်။ ဒါက မကြာခဏအစာစားချင်စိတ်ကို လျှော့ကျစေမှာဖြစ်လို့ ကိုယ်အလေးချိန်ကို လျော့ကျစေနိုင်မှာဖြစ်ပါတယ်။ shwekhitonlinetv.com

၅။ ကိုယ်ခံစွမ်းအား ကောင်းမွန်စေခြင်း

ရိုးရိုးလိမ္မော်သီးလိုပဲ ပျားလိမ္မော်မှာလည်း ဗီတာမင်စီ ကြွယ်ဝစွာပါဝင်တာကြောင့် အအေးပတ်ခြင်းနဲ့ ရာသီတုပ်ကွေးတွေကို ခုခံနိုင်စွမ်းရှိပါတယ်။ shwekhitonlinetv.com

၆။ အရေပြားကျန်းမာရေးအတွက် အထောက်အကူဖြစ်စေခြင်း

ပျားလိမ္မော်ကို ဖျော်ရည်အဖြစ်ပြုလုပ်ပြီး ပုံမှန်သောက်သုံးပေးပါက သင့်အရေပြားကို နဂိုထက်ပိုမို ကြည့်ကောင်းစေပြီး ပိုကျန်းမာလှပစိုပြေစေမှာဖြစ်ပါတယ်။ shwekhitonlinetv.com

၇။ Antioxidant ကြွယ်ဝခြင်း

ဗီတာမင်စီကြွယ်ဝခြင်းကြောင့် ခန္ဓာကိုယ်က လိုအပ်တဲ့ Antioxidants ကို (၈၀) ရာခိုင်နှုန်းထိ ထောက်ပံ့ပေးနိုင်မှာဖြစ်ပါတယ်။ shwekhitonlinetv.com

၈။ အိုမင်းရင့်ရော်ခြင်းကို ကာကွယ်ပေးနိုင်ခြင်း

ပျားလိမ္မော်မှာပါဝင်တဲ့ အာဟာရဓာတ်နဲ့ Antioxidant တွေကြောင့် အရွယ်မတိုင်မီ အိုမင်းရင့်ရော်ခြင်းကို လည်းကာကွယ်ပေးနိုင်ပါတယ်။ shwekhitonlinetv.com

၉။ အနာကျက်မြန်စေခြင်း

ပျားလိမ္မော်ဟာ ခန္ဓာကိုယ်မှာရှိနေတဲ့ ဆဲလ်နဲ့တစ်ရှုးတွေကို အသစ်တစ်ဖန်မွေးဖွားပေးပြီး အလျင်အမြန်ကြီးထွားစေလို့ အရေပြားမှာဖြစ်ပေါ်နေတဲ့ အနာတွေကို အကျက်မြန်စေပါတယ်။ shwekhitonlinetv.com

၁၀။ ဆံသားကောင်းမွန်စေခြင်း

ပျားလိမ္မော်မှာပါဝင်တဲ့ ဗီတာမင် (E) နဲ့ ဗီတာမင် (B12) ကြွယ်ဝစွာပါဝင်နေတာကြောင့် ဆံသားကိုကောင်းမွန်စေပြီး ပိုမိုနက်မှောင်သန်စွမ်းစေပါတယ်။ shwekhitonlinetv.com

ခုလို ပူအိုက်ပြီး ချွေးထွက်လွယ်တဲ့ရာသီမျိုးမှာ ပေါပေါများများရနိုင်တဲ့ ပျားလိမ္မော်ကို စားပေးခြင်းက ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ ဗီတာမင်စီပမာဏ လုံလောက်စွာရရှိစေနိုင်သလို နုံးချိခြင်းတွေကင်းဝေး ပြီး လန်းဆန်းတက်ကြွစေနိုင်မှာပဲဖြစ်ပါတယ်။ shwekhitonlinetv.com

ယခုဆောင်းပါးကို Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။