ထူးဆန်းတဲ့ရည်ရွယ်ချက်များအတွက် တီထွင်ထုတ်လုပ်ထားခဲ့ပေမယ့်လည်း ရယ်စရာအခြေအနေတွေဖြစ်ခဲ့ရတဲ့ ပစ္စည်းများ

တီထွင်ဖန်တီးမှုများဟာ တစထက်တစ တိုးတက်ပြောင်းလဲလာတာနဲ့အမျှ လက်တွေ့နဲ့ ကင်းကွာပြီး ထူးဆန်းတဲ့ ဖန်တီးမှုများလည်း ထွက်ပေါ်လာခဲ့ပါတယ်။ ဖန်တီးမှုတိုင်းဟာ အောင်မြင်ခဲ့တာမျိုးမဟုတ်ပဲ တချို့ဖန်တီးမှုတွေဟာ ရယ်စရာအခြေအနေတွေအဖြစ်နဲ့ အဆုံးသတ်ခဲ့ရပါတယ်။ ဒီတခေါက်မှာတော့ ရွှေခေတ်ပရိတ်သတ်ကြီးအတွက် ရယ်မောစရာဖြစ်ခဲ့ရတဲ့ ဖန်တီးမှုတွေအကြောင်းကို ဖော်ပြပေးလိုက်ပါတယ် ။ ဘယ်လိုရယ်စရာတွေဖြစ်ခဲ့တဲ့ ဖန်တီးမှုတွေလည်းဆိုတာကို ဆက်လက်ဖတ်ရှုပေးပါဦးရှင်။ shwekhitonlinetv.com

၁။ တောက်ပနေတဲ့အိမ်သာသုံးစက္ကူ

အိမ်သာသုံးစက္ကူတွေ ထားရှိရတဲ့ရည်ရွယ်ချက်ကို အားလုံးသိကြမှာပါ။ ဒါပေမယ့်လည်း အခုတွေ့နေရတဲ့ အိမ်သာသုံးစက္ကူလိပ်ကတော့ ကြက်သွေးရောင်ရှိပြီး တောက်ပတဲ့ ငွေမှုန်လေးတွေပါဝင်နေပါတယ်။ စက္ကူကို သုံးရမလား အလှပဲထိုင်ကြည့်နေရမလားဆိုတာ ဝေခွဲမရဖြစ်သွားစေမယ့် အခိုက်အတန့်ပါပဲနော်။ shwekhitonlinetv.com

၂။ ဆိုင်ကယ်စီးရင်း ခေါက်ဆွဲစားနိုင်စေဖို့

ဆိုင်ကယ်ပေါ်မှာ ခေါက်ဆွဲစားရင်း လိုရာခရီးကို သွားနိုင်မယ်ဆိုရင် အားလုံးစိတ်ဝင်စားကြမယ် ထင်ပါတယ်။ ဆိုင်ကယ်ရဲ့ ဒိုင်ခွက်နေရာမှာ ခေါက်ဆွဲထည့်စားနိုင်စေဖို့ ပြုလုပ်ထားတာ ဖြစ်ပါတယ်။ ကြံကြံဖန်ဖန်စိတ်ကူးနဲ့ တီထွင်ဖန်တီးခဲ့ပေမယ့်လည်း တကယ့်လက်တွေ့မှာတော့ ဆိုင်ကယ်စီးရင်း ခေါက်ဆွဲစားနိုင်ဖို့ဆိုတာ မလွယ်ကူပါဘူးနော်။ shwekhitonlinetv.com

၃။ ငါးမန်းရုပ်ဗိုက်ထဲကခြေထောက်

ကလေးကစားစရာ ငါးမန်းရုပ်လေးကို ခွေးလေးက ကိုက်ဖြတ်လိုက်ပြီးတဲ့နောက်မှာတော့ တွေ့ရတဲ့မြင်ကွင်းဖြစ်ပါတယ်။ ငါးမန်းရုပ်ဗိုက်ထဲကနေ ထွက်လာတာကတော့ တခြားအရာမဟုတ်ပဲ အရုပ်ခြေထောက်လေး ဖြစ်နေပါတယ်။ ထူးဆန်းလွန်းတဲ့စိတ်ကူးဆိုပေမယ့်လည်း ငါးမန်းဗိုက်ထဲကနေ ခြေထောက်ထွက်လာခဲ့တာကြောင့် ကလေးတွေအတွက် သင့်တော်တဲ့ အရုပ်တော့ မဟုတ်ပါဘူးနော်။ shwekhitonlinetv.com

၄။ ကလေးကစားကွင်းကအရုပ်

ကလေးကစားကွင်းမှာတွေ့ရတဲ့ တက်ပြီးစီးလို့ရတဲ့ အရုပ်ပဲ ဖြစ်ပါတယ်။ ပုံမှန်အခြေအနေတွေမှာတော့ မြင်းရုပ်လေးတွေ ဆင်ရုပ်လေးတွေ ဖန်တီးထားပေမယ့် ဒီကစားကွင်းကအရုပ်ကတော့ ထူးဆန်းလှပါတယ်။ ကလေးတွေအတွက် ပိုပြီးပျော်စရာကောင်းပြီး ထူးခြားတဲ့အရုပ်ကလေးအဖြစ် ဖန်တီးထားတာကို တွေ့ရမှာပါ။ ဒါပေမယ့်လည်း ထူးဆန်းလွန်းတဲ့အရုပ်ကြောင့် ကလေးတွေအတွက်တော့ အဆင်ပြေနိုင်မယ် မထင်ပါဘူးနော်။ shwekhitonlinetv.com

၅။ ညစ်ပတ်နေသလိုဖြစ်ရတဲ့ ခြေအိတ်ဒီဇိုင်း

အရောင်ဆိုးထားတဲ့ ခြေအိတ်ဒီဇိုင်းအဖြစ် ထုတ်လုပ်ထားတဲ့ ခြေအိတ်ပဲ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း မလှပတဲ့အရောင်ဆိုးမှုကြောင့် ညစ်ပတ်ပေရေနေတဲ့ ဒီဇိုင်းဖြစ်ပေါ်ခဲ့ရပါတယ်။ shwekhitonlinetv.com

၆။ ဗီရိုတံခါးပေါက်နောက်က အဲယားကွန်း

အဲယားကွန်းတပ်ဆင်ဖို့အတွက် နေရာမချန်ခဲ့တဲ့ အခန်းဖွဲ့စည်းပုံကြောင့် ဖြစ်ပေါ်ခဲ့ရတဲ့ အခြေအနေလို့ ယူဆရပါတယ်။ ဗီရိုတံခါးပေါက်တွေရဲ့နောက်မှာ အဲယားကွန်းကို တပ်ဆင်ထားပြီး ဗီရိုတံခါးပေါက်တွေကို ဖွင့်လှစ်ထားခဲ့ရတာ ဖြစ်ပါတယ်။ မျှော်လင့်သလို ဖြစ်မလာတာကြောင့် ဖြစ်သလိုလုပ်ခဲ့ရတဲ့ အနေအထားကို တွေ့ရမှာပါ။ shwekhitonlinetv.com

၇။ ဆူရှီ သင်္ဘောလား ရထားလား

Sushi Train လို့ နာမည်တပ်ထားပြီး တကယ်တမ်းမှာတော့ သင်္ဘောပုံစံနဲ့ ပြင်ဆင်ထားတဲ့ ဆူရှီဆိုင်ကို တွေ့မြင်ရမှာပါ။ ကြည့်လိုက်တာနဲ့တင် ရယ်စရာဖြစ်ခဲ့ရတဲ့ ဆိုင်းဘုတ်အပြင်အဆင်ပါပဲနော်။ shwekhitonlinetv.com

၈။ ရေချိူးခန်းအပြင်ဘက်က mouse pad

ကွန်ပျူတာအသုံးပြုတဲ့အခါ mouse အောက်မှာခံရတဲ့ mouse pad ကို ကော်ဇောအဖြစ် အသုံးပြုထားတာပဲ ဖြစ်ပါတယ်။ ရေချိုးခန်းအပြင်ဘက် ရေစိုနိုင်တဲ့နေရာမှာ mouse pad ကိုအသုံးပြုထားတာဟာ တကယ့်ကို ထူးဆန်းတဲ့အတွေးအခေါ်ပါပဲနော်။ shwekhitonlinetv.com

၉။ ထိုင်ခုံရဲ့ရည်ရွယ်ချက်

ထိုင်ခုံတန်းနှစ်ခုကို ကပ်လျက်နေရာချထားတာကြောင့် အဆင်မပြေဖြစ်ခဲ့ရတဲ့ မြင်ကွင်းပဲ ဖြစ်ပါတယ်။ ဘေးဆုံးခုံဟာ ဘယ်လိုမှ အသုံးပြုလို့မရ ဖြစ်ခဲ့ပါတယ်။ shwekhitonlinetv.com

၁၀။ မုန့်ဝယ်စက်ထဲက ဖန်ပုလင်း

မုန့်ဝယ်စက်တွေထဲမှာ များသောအားဖြင့် မကွဲကြေနိုင်တဲ့ မုန့်ထုတ်တွေ အချိုရည်ဘူးတွေကိုပဲ ဝယ်ယူရရှိနိုင်ပါတယ်။ ဒါပေမယ့်လည်း ပုံမှာတွေ့ရတဲ့ မုန့်ဝယ်စက်ထဲမှာတော့ အချိုရည်ဖန်ပုလင်းကို တွေ့ရမှာပါ။ ဝယ်ယူလိုက်ပြီးနောက် အောက်ကအခွက်လေးထဲကို ဖန်ပုလင်းကျလာတဲ့အခါ ကွဲသွားနိုင်မယ်ဆိုတာကို မေ့လျော့ထားခဲ့တယ်လို့ ယူဆရပါတယ်။ shwekhitonlinetv.com

၁၁။ အသုံးပြုလို့မရတဲ့ပလက်ပေါက်

ပလက်ပေါက်ကို ကွယ်ပြီးဖြတ်သန်းသွားတဲ့ ပိုက်ကြောင့် ဘယ်လိုမှအသုံးပြုလို့မဖြစ်နိုင်တဲ့ အခြေအနေကို တွေ့ရမှာပါ။ ဒါ့ကြောင့် တခုခုမလုပ်ခင်အချိန်အတွင်းမှာ ရှုထောင့်ပေါင်းစုံကနေ ဆင်ခြင်စဥ်းစားနိုင်မှ အဆင်ပြေနိုင်မှာဖြစ်ပါတယ်။ shwekhitonlinetv.com

၁၂။ ပြောင်းပြန်ဖြစ်နေတဲ့ အင်္ကျီအိတ်ကပ်

အင်္ကျီအိတ်ကပ်တွေ ထည့်သွင်းရတဲ့ ရည်ရွယ်ချက်ကတော့ ဘောပင်သို့မဟုတ် တခြားသောပစ္စည်းများကို ထည့်သွင်းသိမ်းဆည်းနိုင်ဖို့အတွက် ဖြစ်ပါတယ်။ ဒါပေမယ့်လည်း တချို့အင်္ကျီတွေမှာတော့ အိတ်ကပ်တွေကို ဖက်ရှင်ဒီဇိုင်းတခုအနေနဲ့သာ ထည့်သွင်းလာခဲ့ပါတယ်။ ပုံမှာတွေ့ရတဲ့ အင်္ကျီမှာတော့ အိတ်ကပ်ကို ဇောက်ထိုးအနေအထားနဲ့ ချုပ်လုပ်ထားတာကို တွေ့ရမှာပါ။ shwekhitonlinetv.com

၁၃။ အရေးပေါ်ဆက်သွယ်နိုင်ဖို့အတွက် ဖုန်းခွက်

ပုံမှာတွေ့ရတဲ့ ဖုန်းဟာ အရေးပေါ်ဆက်သွယ်နိုင်ဖို့အတွက် ထားရှိထားတဲ့ ဖုန်းတခုဖြစ်ပါတယ်။ အရေးပေါ်ဆက်သွယ်ရမယ့် နံပါတ်ဟာ ၉၉၉ ဖြစ်ပေမယ့် ဖုန်းခွက်မှာတော့ ၁ ၂ ၃ ဆိုတဲ့ ဂဏန်း၃ခုသာ ပါဝင်ပါတယ်။ အသုံးမဝင်ပဲ အလကားဖြစ်ခဲ့ရတဲ့တီထွင်ဖန်တီးမှု တခုဖြစ်ပါတယ်။ shwekhitonlinetv.com

၁၄။ ကလေးဆပ်ပြာထည့်အရုပ်ဘူး

ကလေးလေးတွေအတွက် ထုတ်လုပ်ထားတဲ့ ကာတွန်းဆပ်ပြာဘူးလေးဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဆပ်ပြာတွေယိုစိမ့်စေတဲ့ဘူးအနေအထားကြောင့် ကြောက်စရာသွင်ပြင်ဖြစ်ခဲ့ရတဲ့ ကာတွန်းရုပ်လေးဖြစ်ပါတယ်။ shwekhitonlinetv.com

၁၅။ မှားယွင်းတပ်ဆင်မိခဲ့တဲ့ လှေကားလက်ရန်း

လှေကားလက်ရန်းကို တပ်ဆင်တဲ့နေရာမှာ အမှားအယွင်းဖြစ်ခဲ့တာကြောင့် အပိုဖြစ်သွားခဲ့ရတဲ့ လှေကားထစ်တွေပဲ ဖြစ်ပါတယ်။ သေချာမလုပ်တဲ့ အမှားအယွင်းကြောင့် လှေကားထစ်တွေဟာ အသုံးမဝင်ဖြစ်ခဲ့ရပါတယ်။ shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။ 

Be the first to comment

Leave a Reply