အများနဲ့မတူ တမူထူးခြားတဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းများကြောင့် ဂင်းနစ်ကမ္ဘာ့စံချိန်မှတ်တမ်းတင်နိုင်ခဲ့ကြသူများ

တချို့လူသားတွေဟာ သာမန်လူ့သဘာဝတရားများကနေ ကွဲထွက်ပြီး အထူးခြားဆုံး အစိတ်အပိုင်းများကို ပိုင်ဆိုင်ထားတတ်ကြပါတယ်။ဥပမာအားဖြင့် ခြေချောင်းလက်ချောင်း ၁၀ ချောင်းထက်မကပိုင်ဆိုင်ထားနိုင်တာ ဒါမှမဟုတ် သာမန်ပျမ်းမျှလူသားတွေထက် အရပ်ပိုရှည်တာမျိုးတွေ ရှိကြပါတယ်။ ဒီလိုမျိုးထူးခြားထင်ရှားတဲ့ ပုံပန်းသွင်ပြင်များကြောင့် အားလုံးထဲမှာ ထူးခြားပြီး အများအာရုံစိုက်စရာလူသားတွေ ဖြစ်လာကြပါတယ်။ အခုတခေါက်မှာတော့ ရွှေခေတ်ပရိတ်သတ်ကြီးအတွက် ဂင်းနစ်စံချိန်မှတ်တမ်းဝင် လူထူးလူဆန်းများအကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။ shwekhitonlinetv.com

၁။ အမွှေးထူဆုံးလူသား

လူတယောက်ရဲ့ ခန္ဓာကိုယ်ပေါ်မှာရှိတဲ့ အမွှေးအမျှင်များဟာ မွေးဖွားလာရာ လူမျိုးနဲ့ မျိုးရိုးဗီဇပေါ်မူတည်ပြီး ပေါက်ဖွားတတ်ကြပါတယ်။ ဒါပေမယ့် အခုဖော်ပြပေးမယ့် အမျိုးသားကတော့ ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်းတော်တော်များများမှာ အမွှေးအမျှင်တွေ ပေါက်နေခဲ့တဲ့သူပဲ ဖြစ်ပါတယ်။ Yu Zhenhuan လို့ခေါ်တဲ့ ဒီလူဟာ အသက် ၂ နှစ်အရွယ်ကနေစတင်ပြီး ဒီလိုရှားပါးတဲ့ရောဂါအခြေအနေကို ခံစားခဲ့ရတာပါ။ သူ့ခန္ဓာကိုယ်ရဲ့ ၉၆ ရာခိုင်နှုန်းဟာ အမွှေးအမျှင်တွေနဲ့ ဖုံးလွှမ်းခြင်းခံထားရတာကြောင့် သူဟာ ကမ္ဘာ့အမွှေးထူဆုံးလူသားတဦးအဖြစ် ဂင်းနစ်စံချိန်မှတ်တမ်းဝင်ခဲ့ပါတယ်။ shwekhitonlinetv.com

၂။ ပုံမှန်ထက်သွားအရေအတွက်များစွာ ပိုင်ဆိုင်ထားခဲ့တဲ့လူသား

Hyperdontia ဆိုတဲ့ရောဂါဟာ သာမန်အခြေအနေထက် ပိုပြီးသွားအရေအတွက်ပေါင်းများစွာ ပေါက်ဖွားနိုင်တဲ့ ရောဂါတမျိုးဖြစ်ပါတယ်။ များသောအားဖြင့် ပုံမှန်ရှိနေတဲ့ သွားတွေရဲ့ ရှေ့ သို့မဟုတ် နောက်ဘက်နေရာများမှာ ပေါက်ဖွားနိုင်ပါတယ်။ ဒါ့ကြောင့် သာမန်ရှိရမယ့် သွားအရေအတွက် ၃၂ ချောင်းထက် ပိုပြီးများပြားလှတဲ့သွားတွေကို ပိုင်ဆိုင်ထားကြတဲ့ လူသားတွေရှိလို့နေပါတယ်။ သွားတွေကို ဖယ်ရှားပြစ်နိုင်ပေမယ့် တချို့သောရောဂါအခြေအနေတွေမှာတော့ ကုသဖို့မလိုအပ်ဘူးလို့ဆိုပါတယ်။ shwekhitonlinetv.com

၃။ မျက်လုံးအပြူးထွက်နိုင်ဆုံးလူသား

Kim Goodman ဆိုတဲ့အမျိုးသမီးဟာ သူမရဲ့မျက်လုံးတွေကို သာမန်ထက်ပိုပြီး ပြူးထွက်နိုင်တာကြောင့် လူအများအပြားကို ထိတ်လန့်စေခဲ့ပါတယ် ။ သူမရဲ့ မျက်လုံးအိမ်အတွင်းကနေ ၁၂ မီလီမီတာ အကွာအဝေးအထိ မျက်လုံးတွေကို ပြူးထုတ်နိုင်တာပဲ ဖြစ်ပါတယ် ။ ဒီလိုထူးခြားတဲ့အရည်အချင်းကို ရှာတွေ့ခဲ့တာကတော့ သူမရဲ့ ဦးခေါင်းကို ရေခဲပြင်စကိတ်စီးတဲ့အခါ မျက်နှာကာရံဖို့အတွက်အသုံးပြုတဲ့ မျက်နှာအကာနဲ့ ရိုက်မိခဲ့တာကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။ shwekhitonlinetv.com

၄။ နှာခေါင်းအရှည်ဆုံးလူသား

တချို့လူသားတွေအတွက်တော့ ကြီးမားရှည်လျားတဲ့ နှာခေါင်းကို ပိုင်ဆိုင်ရတာဟာ စိတ်ပိုင်းဆိုင်ရာမလုံခြုံမှုကို ဖြစ်ပေါ်စေနိုင်မှာပါ။ ဒါပေမယ့်လည်း Mehmet Özyürek ဆိုသူအတွက်တော့ သူ့ရဲ့ကြီးမားရှည်လျားတဲ့ နှာခေါင်းကြောင့် နာမည်ကြီးလူသိများသူတဦး ဖြစ်ခဲ့ရပါတယ်။ သူ့ရဲ့နှာခေါင်းအရှည်ဟာ ၃.၄၆ လက်မအထိရှည်လျားလှပါတယ်။ Mehmet Özyürek ကတော့ သူ့ရဲ့နှာခေါင်းကို ဘယ်တုန်းကမှ ခွဲစိတ်ပြုပြင်ဖို့ စိတ်ကူးမရှိခဲ့ပဲ ဒီလိုနှာခေါင်းကို ပိုင်ဆိုင်ထားရတဲ့အတွက် ပျော်ရွှင်ရတယ်လို့ ဆိုပါတယ်။ shwekhitonlinetv.com

၅။ မျက်တောင်အရှည်ဆုံးလူသား

အမျိုးသမီးတွေ အများစုဟာ သူမတို့ရဲ့ မျက်တောင်မွှေးတွေကို ထူထဲပြီးရှည်လျားစေဖို့ နည်းလမ်းအမျိုးမျိုးသုံးပြီး ပြုလုပ်တတ်ကြပါတယ်။ You Jianxia ဆိုတဲ့ အမျိုးသမီးအတွက်တော့ ဒီလိုပိုင်ဆိုင်ထားရတာဟာ အိမ်မက်တခုတော့ မဟုတ်ခဲ့ပါဘူး။ You Jianxia ရဲ့ မျက်တောင်တွေဟာ သဘာဝအတိုင်းရှည်လျားနေခဲ့တာဖြစ်ပြီး ၄.၈၈ လက်မအထိ ရှည်လျားကြပါတယ်။ shwekhitonlinetv.com

၆။ ပါးစပ်အကျယ်ဆုံးဟနိုင်တဲ့လူသား

Isaac Johnson ဆိုတဲ့သူဟာ ပါးစပ်အကျယ်ဆုံးဟနိုင်တဲ့လူသားအဖြစ် ဂင်းနစ်စံချိန်တင်နိုင်ခဲ့သူဖြစ်ပါတယ်။ သူ့ရဲ့ပါးစပ်အကျယ်ဆုံးစံချိန်ကတော့ ၄.၀၁၄ လက်မအထိရှိပြီး ပန်းသီးတလုံးကို တကိုက်ထဲနဲ့ စားပြနိုင်တဲ့သူပါ။ shwekhitonlinetv.com

၇။ လျှာအရှည်ဆုံးလူသား

နှာခေါင်းကို လျှာဖျားနဲ့ထိဖို့ ကြိုးစားဖူးပါသလား။ Chanel Tapper ဆိုတဲ့မိန်းကလေးကတော့ သူမရဲ့လျှာကို နှာခေါင်းအပေါ်ဘက်အထိ ဆန့်ထုတ်ပြီးထိပြနိုင်သူဖြစ်ပါတယ်။ ကမ္ဘာ့လျှာအရှည်ဆုံးလူသားအဖြစ် ဂင်းနစ်စံချိန်တင်နိုင်ခဲ့သူဖြစ်ပြီး လျှာဖျားထိပ်ကနေ လျှာအလယ်ပိုင်းအထိ ၃.၈ လက်မ ရှည်လျားပါတယ်။ shwekhitonlinetv.com

၈။ ခြေထောက်အကြီးဆုံးလူသား

Jeison Orlando Rodríguez Hernandez ဆိုသူကတော့ ကမ္ဘာပေါ်မှာ ခြေထောက်အကြီးဆုံးလူသားအဖြစ် ဂင်းနစ်စံချိန်ချိုးနိုင်ခဲ့သူဖြစ်ပါတယ်။ ငယ်စဥ်အခါက သူ့ခြေထောက်နဲ့ ကိုက်ညီမယ့် ဖိနပ်မရှိတာကြောင့် ကားတာယာများကိုသာ ဖိနပ်အဖြစ်ပြုလုပ်ပြီး ဝတ်ဆင်ခဲ့ရပါတယ်။ ၂၀၁၄ ခုနှစ်အတွင်းတိုင်းတာချက်များအရ သူ့ခြေထောက်ဟာ ၁၅.၇ လက်မအထိရှိပြီး အခုချိန်မှာတော့ ဆက်လက်ကြီးထွားနေတယ်လို့ ဆိုပါတယ်။ သူ့ရဲ့ခြေထောက်ဟာ ဆက်လက်ကြီးထွားနေတာကြောင့် လိုအပ်တဲ့ကုသမှုတွေကို ခံယူနေရပါတယ်။ shwekhitonlinetv.com

၉။ ဆွဲဆန့်နိုင်တဲ့အသားအရည်ပိုင်ရှင်

Garry Turner ကတော့ ရှားပါးရောဂါတမျိုးဖြစ်တဲ့ Ehlers-Danlos ဆိုတဲ့ ခန္ဓာကိုယ်တွင်း တစ်ရှုးတွေရဲ့ ချိတ်ဆက်မှုကိုသက်ရောက်စေတဲ့ ရောဂါကိုခံစားနေရသူပါ။ ဒီလိုရှားပါးရောဂါရဲ့အကျိုးဆက်ကြောင့် သူ့ရဲ့အရည်ပြားဟာ သာမန်လူတွေထက်ပိုပြီး ပျော့တွဲနေကာ ဆွဲဆန့်ထုတ်နိုင်တဲ့အထိ ဖြစ်ခဲ့ရပါတယ်။ ဝမ်းဗိုက်အရေပြားရဲ့ ဆန့်ထုတ်နိုင်မှုအလျားဟာ ၆.၂ လက်မအထိ ရှည်လျားပါတယ်။ shwekhitonlinetv.com

၁၀။ အကြီးမားဆုံးပါးစပ်ပိုင်ရှင်

ကိုယ့်ရဲ့ ပါးစပ်ထဲမှာ စပျစ်သီးဘယ်နှလုံးလောက်ထည့်နိုင်လဲဆိုတာ စမ်းသပ်ဖူးသူ ရှိကြလား။ Francisco Domingo Joaquim ဆိုသူကတော့ သူ့ရဲ့ပါးစပ်အတွင်းမှာ စပျစ်ခိုင်တခုလုံးထည့်နိုင်တဲ့အထိ ကြီးမားတဲ့ပါးစပ်ကို ပိုင်ဆိုင်ထားသူပါ။ သူ့ပါးစပ်ရဲ့အကျယ်နိုင်ဆုံး အကွာအဝေးကတော့ ၆.၆၉ လက်မအထိ ရှိပါတယ်။ shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။