Anna Sueangam-iam ဆိုတာကတော့ ထိုင်းနိုင်ငံက Miss တစ်ဦးဖြစ်ပါတယ်။ သူမဟာ ထိုင်းနိုင်ငံရဲ့ Miss Universe ပြိုင်ပွဲမှာ အခြားပြိုင်ပွဲဝင်တွေနဲ့ မတူဘဲ ထူးခြားပြီး အံ့အားသင့်ဖွယ်ကောင်းတဲ့ ဝတ်စုံကြောင့် လူမှုကွန်ယက်စာမျက်နှာတွေမှာ အတော်လေးကိုကျော်ကြားခဲ့တဲ့သူလည်းဖြစ်ပါတယ်။ shwekhitonlinetv.com

အကောင်းဆုံးနဲ့အလှပဆုံးဖြစ်စေမယ့် ဝတ်စုံတွေကိုသာ အခြားပြိုင်ပွဲဝင်တွေက အသီးသီးဝတ်ဆင်ယှဉ်ပြိုင်နေတဲ့အချိန်မှာ သူမကတော့ အအေးဘူး၊ ဘီယာဘူးတွေရဲ့ အဖုံးက ကလစ်လေးတွေကို အသုံးပြုပြီးဖန်တီးထားတဲ့ ဝတ်စုံကိုဝတ်ဆင်ခဲ့တာဖြစ်ပါတယ်။ shwekhitonlinetv.com
ဒါဟာ ပြိုင်ပွဲကိုကြည့်ရှုနေတဲ့သူတွေရော အခြားပြိုင်ပွဲဝင်တွေနဲ့ ဒိုင်လူကြီးတွေကိုပါ အံ့သြမှင်သက်သွားစေခဲ့ပါတယ်။ သူမအနေနဲ့ ဒီဝတ်စုံကိုဘာကြောင့်ဝတ်ဆင်ပြီး ယှဉ်ပြိုင်ခဲ့ရသလဲဆိုတာကို ပြန်လည်ရှင်းပြခဲ့ရာမှာတော့ အတော်လေးကိုဝမ်းသာကြည်နူးစရာ ကောင်းတဲ့ဇာတ်လမ်းလေးတစ်ပုဒ်ကို နားထောင်ရသလို ခံစားခဲ့ကြရပါတယ်။ shwekhitonlinetv.com

သူမရဲ့ငယ်စဉ်ဘဝက ကြမ်းတမ်းခဲ့ပြီး ဖခင်ဖြစ်သူကလမ်းအမှိုက်ပုံးတွေကနေ အမှိုက်ကောက်တဲ့သူတစ်ဦးဖြစ်ကာ မိခင်ကတော့ အိမ်အကူနဲ့သန့်ရှင်းရေးပြုလုပ်သူတစ်ဦးဖြစ်ပါတယ်။ သူမငယ်စဉ်ကဆော့ကစားရတဲ့ အရုပ်တွေကလည်း လမ်းဘေးအမှိုက်ပုံးတွေကနေ သူ့ဖခင်နဲ့မိခင်တို့ ကောက်ယူလာခဲ့တဲ့ အရုပ်တွေသာဖြစ်ပါတယ်။ shwekhitonlinetv.com
အလုပ်ကြိုးစားတဲ့သူမိဘတွေဟာ သူမကိုကျောင်းထားပေးနိုင်တဲ့အပြင် အခြားကလေးတွေနဲ့ တန်းတူရပ်တည်နိုင်အောင် ပံ့ပိုးပေးနိုင်ခဲ့တယ်လို့ဆိုပါတယ်။ သူမမိဘတွေဟာ သူမကို အခက်အခဲတွေကြားမှာလိုက်လျောညီထွေဖြစ်အောင်နေတက်ဖို့နဲ့ အခက်အခဲတွေဆီကနေ သင်ယူတက်ဖို့လည်း အမြဲဆုံးမခဲ့ပါတယ်။ shwekhitonlinetv.com

ဒါပေမယ့် သူမအနေနဲ့ ငယ်စဉ်ကပြင်ပနေရာတွေကိုမထွက်ရဲဘဲ သူမသိတဲ့ပြင်ပနေရာဆိုတာ အမှိုက်ပုံတွေသာဖြစ်ကြောင်းဆိုပါတယ်။ သူမအနေနဲ့ အခက်အခဲတွေ အဆင်မပြေမှုတွေကြားမှာ စိတ်ဓာတ်ကျ အားငယ်မနေဘဲ ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိစွာနဲ့ အခက်အခဲတွေကို ရင်ဆိုင်တွန်းလှန်ဖို့ ဆုံးဖြတ်ကာဒီပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာဖြစ်ကြောင်းလည်းပြောပါတယ်။ shwekhitonlinetv.com
သူမဝတ်ဆင်ခဲ့တဲ့ဝတ်စုံနဲ့ပတ်သတ်ပြီး “ဒီဝတ်စုံက ကျွန်မဘယ်ဘဝကနေလာတယ်။ ဒီနေ့ပြိုင်ပွဲကိုဝင်ရောက်ယှဉ်ပြိုင်ခွင့်ရဖို့ မိဘတွေအနေနဲ့ ကျွန်မဘဝကိုဘယ်လောက် ကြိုးစားရုန်းကန်ပံ့ပိုးပေးခဲ့ရသလဲဆိုတာကို အမြဲအမှတ်ရစေဖို့ အတွက်ဝတ်ဆင်ခဲ့တာဖြစ်ပါတယ်” လို့ဆိုပါတယ်။ shwekhitonlinetv.com

ဆက်လက်ပြီး သူမက “နောက်ပြီး ကျွန်မအနေနဲ့ အခုလိုပြိုင်ပွဲမျိုးကတစ်ဆင့် ကမ္ဘာပေါ်မှာရှိတဲ့ ဆင်းရဲနွမ်းပါးချို့တဲ့လှတဲ့ ကလေးသူငယ်တွေရဲ့ အသံကို လူသားတွေအနေနဲ့ ပိုမိုကြားစေချင်တဲ့ အနေနဲ့လည်း ဒီဝတ်စုံကိုဝတ်ဆင်ရခြင်းဖြစ်ပါတယ်” လို့ဆိုခဲ့ပါတယ်။ shwekhitonlinetv.com
ဒီဝတ်စုံကိုဖန်တီးခဲ့တဲ့ ဒီဇိုင်နာ Manirat ကတော့ “ကမ္ဘာပေါ်မှာလှပတဲ့ဝတ်စုံတွေများစွာရှိပါတယ်။ ဒါပေမယ့် ဝတ်စုံတိုင်းဟာ လှပယုံနဲ့မပြီးပါဘူး။ ဝတ်ဆင်တဲ့သူကို ယုံကြည်မှုပေးစွမ်းနိုင်ပြီး သူ့ရဲ့ဘဝ၊ စိတ်ဝိညာဉ်နဲ့လည်း ဆက်စပ်မှုရှိရမယ်လို့ ယူဆထားလို့ အခုလိုဝတ်စုံကို ဖန်တီးပေးခဲ့တာပါ လို့ဆိုပါတယ်။” shwekhitonlinetv.com

၂၀၂၂ ခုနှစ် ဇူလိုင်လအတွင်းမှာ ကျင်းပတဲ့ Miss Universe Thailand ပြိုင်ပွဲမှာ Miss Universe Thailand ဘွဲ့ကိုဆွတ်ခူးနိုင်ခဲ့ပြီး လာမယ့်ကမ္ဘာလုံးဆိုင်ရာ Miss Universe ပြိုင်ပွဲမှာသူမအနေနဲ့ ထိုင်းနိုင်ငံကို ကိုယ်စားပြုပြီး ပါဝင်ယှဉ်ပြိုင်နိုင်တော့မှာပဲဖြစ်ပါတယ်။ shwekhitonlinetv.com
Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။
Be the first to comment
You must log in to post a comment.