ဘယ်မှာမှ ရှာလို့ မတွေ့နိုင် လောက်တဲ့ ရှားပါးဓာတ်ပုံလေးတွေ

Advertisements

ရှားရှားပါးပါး သမိုင်းထဲကဓာတ်ပုံတွေကို လေ့လာရတာဝါသနာပါတဲ့ ရွှေခေတ်ပရိသတ်တွေအတွက် အခုတစ်ခေါက်မှာလည်း ဘယ်မှာမှ မတွေ့နိုင်လောက်တဲ့ ရှားပါးဓာတ်ပုံလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။ ဒီဓာတ်ပုံတွေမှဘယ်လိုနောက်ခံ အကြောင်းအရာတွေရှိမလဲဆိုတာကို လေ့လာကြည့်လိုက်ပါဦးနော် ….. shwekhitonlinetv.com

၁။ အီလစ်ကျွန်း (Ellis Island) ကနေ မန်ဟတ်ထန် (Manhattan) မြို့ဘက်အခြမ်းကို လှမ်းမျှော်ကြည့်ရှုနေကြတဲ့ ရွှေ့ပြောင်းမိသားစုတစ်စု။ (၁၉၂၅ ၊ သြဂုတ် ၊ ၁၃ ) shwekhitonlinetv.com

၂။ ပန်ဆယ်လ်ဗေးနီးယားရှိ ကျောက်မီးသွေးမိုင်းတွင်းတစ်ခုမှ ကလေးအလုပ်သမားများ။ (၁၉၁၁ မှာ ဓာတ်ပုံဆရာ Lewis Hine ကမှတ်တမ်းတင်ရိုက်ကူးခဲ့တာဖြစ်ပါတယ်) shwekhitonlinetv.com

၃။ ဂိုထောင်တစ်ခုအတွင်း အားဖြည့်သွင်းနေတဲ့ လျှပ်စစ်ကားတစ်စီး။ (၁၉၁၁ ၊ နယူးယော့ခ်) shwekhitonlinetv.com

၄။ ဆောက်လုပ်ရေးလုပ်ငန်းခွင်အောက်မှ ကုန်သွယ်ရေးဗဟိုတိုက်ညီနောင် (World Trade Centers)။ shwekhitonlinetv.com

၅။ Stonehenge ရှေ့မှာဓာတ်ပုံရိုက်နေကြတဲ့ လှည်းတစ်စီးနဲ့ အမျိုးသားတစ်စု။ (၁၈၈၅) shwekhitonlinetv.com

၆။ ခေါင်မိုးတစ်ခုပေါ်မှ အမျိုးသမီးလက်ဝှေ့ပွဲ။ (၁၉၃၈) shwekhitonlinetv.com

၇။ ပထမကမ္ဘာစစ်အတွင်းက ရန်သူတွေကိုချောင်းမြောင်းကြည့်ရှုတဲ့စင်တစ်ခု။ shwekhitonlinetv.com

၈။ ကြီးမားလှတဲ့ဧရာမသစ်ပင်ကြီးကို ပုဆိန်ကိုသာအသုံးပြုပြီး ခုတ်လှဲခဲ့ကြတဲ့ ရှေးခေတ် Old-School သစ်ခုတ်သမားများ။ (၁၈၉၀-၁၉၃၅) shwekhitonlinetv.com

၉။ ဂရိနိုင်ငံ Mycenae မြို့မှ Lion Gate ။ (၁၈၈၀) shwekhitonlinetv.com

၁၀။ အီတလီနိုင်ငံ စစ္စလီကျွန်းရဲ့ သဘာဝအလှတရားများကို ပုံဖော်ရိုက်ကူးခဲ့တဲ့ နာမည်ကျော်ဓာတ်ပုံဆရာ Michel Perez ရဲ့ A Sicilian Aventure ဓာတ်ပုံစီးရီးမှ ပုံတစ်ပုံ။ (၁၉၆၀) shwekhitonlinetv.com

၁၁။ Schwellenpflug (ဂျာမန်တွေထွင်ထားတဲ့ရထားလမ်းဖျက်သည့်လွန်စက်) ဖြင့်ဖျက်စီးသွားသော ရထားလမ်းတစ်လျှောက်တွင် လမ်းလျှောက်နေသူတစ်ဦး။ (၁၉၄၅ ၊ ဘဲလ်ဂရိတ် ၊ ယူဂိုဆလားဗီးယား) shwekhitonlinetv.com

၁၂။ သိုးအုပ်ကိုကြည့်ရှုနေတဲ့ သိုးထိန်းတစ်ဦး။ (၁၉၃၉ ၊ မွန်တားနားပြည်နယ် ၊ မက်ဒီဆင်ကကောင်တီ) shwekhitonlinetv.com

၁၃။ အင်ပါယာစတိတ် အဆောက်အအုံဆောက်လုပ်စဉ်ကာလအတွင်းက ကေဘယ်ကြိုးလုပ်သားတစ်ဦး။ shwekhitonlinetv.com

၁၄။ Biplane ဟုခေါ်သည့်လေယာဉ်ပေါ်တွင် တင်းနစ်ကစားနေကြသည့် Ivan Unger နှင့် Gladys Roy ။ (၁၉၂၅) shwekhitonlinetv.com

၁၅။ မှန်စက်ရုံမှ ကလေးလုပ်သားတစ်ဦး။ (၁၈၉၀) shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။ 

Be the first to comment