ကမ္ဘာ့ အထူးခြားဆုံး မျက်နှာဖုံး (၉) ခု နှင့် သူတို့ နောက်ကွယ်က အကြောင်းအရာများ

အခုတစ်ခေါက်မှာတော့ ရွှေခေတ်ပရိသတ်ကြီးကို မတူညီတဲ့လူ့အဖွဲ့အစည်းတွေကနေ ဖန်တီးပြုလုပ်ခဲ့တဲ့ မျက်နှာဖုံးတွေအကြောင်းကိုဖော်ပြပေးချင်ပါတယ်။ ဒီ မျက်နှာဖုံးတွေက ဘယ်လောက်တောင်မှခေတ်မီဆန်းသစ်ပြီး အထင်ကြီးလောက်စရာကောင်းသလဲဆိုတာ လေ့လာကြည့်ရှုလိုက်ပါဦးနော် …… shwekhitonlinetv.com

၁။ ကမ္ဘာ့ရှေးအကျဆုံးမျက်နှာဖုံး

ဒီမျက်နှာဖုံးကိုရှာတွေ့ခဲ့တာကတော့ အစ္စရေးနိုင်ငံ ယုဒသဲကန္တာရ (Judean Desert) အတွင်းမှာရှိတဲ့ နာဟယ်ဟီးမားလှိုဏ်ဂူ (Nahal Hemar Cave) ထဲမှာဖြစ်ပါတယ်။ ဒါဟာ မက်ဆိုပိုတေးမီးယားဒေသက Pre-Pottery Neolithic B ဆိုတဲ့လူ့အဖွဲ့အစည်းရဲ့ ယဉ်ကျေးမှုထွန်းကားချိန်ကပြုလုပ်ခဲ့တဲ့ မျက်နှာဖုံးတစ်ခုဖြစ်ပြီး သက်တမ်းအားဖြင့် နှစ်ပေါင်း (၉၀၀၀) ကျော်ပြီပဲဖြစ်ပါတယ်။ shwekhitonlinetv.com

၂။ ဦးခေါင်းခွံကိုကိုယ်စားပြုတဲ့ မျက်နှာဖုံး

ဒီမျက်နှာဖုံးကတော့ ဦးခေါင်းခွံကိုကိုယ်စားပြုတဲ့မျက်နှာဖုံလို့ သမိုင်းမှတ်တမ်းတွေမှာဖော်ပြထားပါတယ်။ လူအစစ်ရဲ့ ဦးခေါင်းခွံအပိုင်းအစတွေ အရိုးတွေထည့်သွင်းပြုလုပ်ထားတာဖြစ်ပြီး အေဒီ ၁၂၀၀ ခုနှစ်လောက်က မက္ကဆီကို အလယ်ပိုင်း ဗဟိုကုန်းပြင်မြင့်မှာနေထိုင်ခဲ့ကြတဲ့ Puebla-Mixtec လူ့အဖွဲ့အစည်းရဲ့ လက်ရာတွေဖြစ်ပါတယ်။ shwekhitonlinetv.com

၃။ Tezcatlipoca (Smoking Mirror)

Smoking Mirror ဆိုတာ Aztec ယဉ်ကျေးမှုသမိုင်းတွေမှာ Tezcatlipoca ဆိုတဲ့နတ်ဘုရားတစ်ပါးကိုရည်ညွှန်းတာဖြစ်ပါတယ်။ ဒီနတ်ဘုရားဟာ စစ်ပွဲတွေ၊ ပဋိပက္ခတွေ၊ မှော်ဆရာတွေ၊ အုပ်ချုပ်သူတွေနဲ့ဆက်စပ်နေတဲ့ နတ်ဘုရားတစ်ပါးဖြစ်ပါတယ်။ သူ့အနေနဲ့ ညကောင်းကင်ကိုစောင့်ရှောက်တဲ့အချိန်မှာ ဒီမျက်နှာဖုံးကိုဝတ်ဆင်ထားတယ်လို့ဆိုကြပါတယ်။ shwekhitonlinetv.com

၄။ Xiuhtecuhtli

Xiuhtecuhtli ဆိုတာကတော့ Aztec ဒဏ္ဍာရီတွေထဲက မီးနတ်ဘုရားရဲ့အမည်ဖြစ်ပါတယ်။ ဒီမျက်နှာဖုံးကတော့ ဒီနတ်ဘုရားကို ကိုးကွယ်သူတွေအတွက် ရည်ညွှန်းပြီးတော့ ပြုလုပ်ထားတာဖြစ်ပြီး Turquoise Mosaic Mask လို့လည်းခေါ်ကြပါတယ်။ shwekhitonlinetv.com

၅။ Quetzalcoatl

Quetzalcoatl ကတော့ မက်ဆိုအမေရိကန်လူမျိုးစုတွေရဲ့ ကိုးကွယ်ရာနတ်ဘုရားတစ်ပါးလို့ဆိုနိုင်ပြီး မြေပွေးလို့ အနီးစပ်ဆုံးအဓိပ္ပါယ်မှတ်ယူလို့ရပါတယ်။ နောက်ပြီးသူက မက်ဆိုအမေရိကန်လူမျိုးစုတွေအတွက် သူရဲကောင်းတစ်ဦးလို့လည်းဖော်ပြထားပါတယ်။ ဒီမျက်နှာဖုံးကသူ့ကို ကိုယ်စားပြုတာဖြစ်ပြီး နှစ်ပေါင်း ၁၀၀၀ ကနေ ၁၅၀၀ အတွင်းသက်တမ်းရှိပါတယ်။ shwekhitonlinetv.com

၆။ Ancient Egyptian Funerary Mask

ဒီမျက်နှာဖုံးကတော့ ရှေးအီဂျစ်လူမျိုးတွေရဲ့ ဈာပနအခမ်းအနားတွေမှာဝတ်ဆင်ရတဲ့ မျက်နှာဖုံးဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ ပြင်သစ်နိုင်ငံ ပဲရစ်မြို့က Louvre ပြတိုက်မှာပြသထားရှိပါတယ်။ shwekhitonlinetv.com

၇။ Nimegen Helmet (Silvered Roman Cavalry Helmet Mask)

ရှေးခေတ်ရောမမြင်းတပ်တွေဝတ်ဆင်ခဲ့တဲ့ ချပ်ဝတ်တန်ဆာခေါင်းစွပ်တွေမှာပါဝင်တဲ့ မျက်နှာဖုံးဖြစ်ပါတယ်။ ငွေသားအစစ်နဲ့ပြုလုပ်ထားတဲ့ ဒီမျက်နှာဖုံးကိုတော့ နယ်သာလန်နိုင်ငံ နီမီဂျန်မြို့မှာရှာဖွေတွေ့ရှိခဲ့တာဖြစ်ပြီး
နီမီဂျန်မြို့က Valkhof ပြတိုက်မှာပြသထားရှိတာဖြစ်ပါတယ်။ shwekhitonlinetv.com

၈။ Maya Mosaic Mask

သစ်သားနဲ့ကျောက်တုံးတွေကိုအသုံးပြုပြီး မာယာလူမျိုးတွေပြုလုပ်ခဲ့တဲ့ မျက်နှာဖုံးဖြစ်ပါတယ်။ သက္ကရာဇ် ၁၂၀၀-၁၅၂၀ ခုနှစ် (Postclassic ခေတ်ကာလနှောင်းပိုင်း) ကပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ဝါရှင်တန်ဒီစီမြို့က ဒန်ဘာတန်အုတ်ခ် ပြတိုက်မှာပြသထားပါတယ်။ shwekhitonlinetv.com

၉။ Comic Mask

ဘီစီ ၁ ရာစုက ဂရိလူမျိုးတွေပြုလုပ်အသုံးပြုခဲ့တဲ့ မြေသားနဲ့ပြုလုပ်ထားတဲ့ မျက်နှာဖုံးတစ်ခုဖြစ်ပါတယ်။ ဒီမျက်နှာဖုံးကိုတော့ ပြင်သစ်နိုင်ငံ ပဲရစ်မြို့က Louvre ပြတိုက်မှာပဲ ၁၉၄၁ ခုနှစ်ကတည်းကပြသထားရှိတာဖြစ်ပါတယ်။ shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။