ပရိတ်သတ် တွေရဲ့ မုန်းတီးခြင်းကို မခံရသော ကမ္ဘာကျော် ဆယ်လီများ

လူတစ်ယောက်အနေနဲ့ အောင်မြင်ကျော်ကြားလာရင် မနာလိုသူ၊ မုန်းတီးသူအချို့ရှိတက်တာက လူ့သဘာဝပဲဖြစ်ပါတယ်။ ဒါပေမယ့် အခုဖော်ပြပေးမယ့်ကမ္ဘာကျော်ဆယ်လီတွေကတော့ မနာလိုမုန်းတီးခြင်းခံရသူတစ်ဦးတောင် မရှိကြတဲ့သူတွေလို့ စစ်တမ်းတွေအရ သိရပါတယ်။ ဘယ်သူတွေဖြစ်မလဲ ဆက်လက်ဖတ်ရှုပေးပါဦးနော် ……. shwekhitonlinetv.com

၁။ Dwayne Johnson

ဒီစာရင်းမှာပထမဆုံးဖော်ပြချင်တာကတော့ အသက် (၅၀) အရွယ်ရှိပြီဖြစ်တဲ့ အမေရိကန်သရုပ်ဆောင် ဒွိန်းဂျွန်ဆင် (Dwayne Johnson) ပဲဖြစ်ပါတယ်။ ရုပ်ရှင်လောကထဲကိုမဝင်ခင်ကတည်းက ဒွိန်းဂျွန်ဆင်ဟာ Smarkdown လောကမှာ သူ့ကိုနှစ်သက်ချစ်ခင်တဲ့ ပရိသတ်အများကိုပိုင်ဆိုင်ထားသူဖြစ်ပါတယ်။ shwekhitonlinetv.com

၂။ N’Golo Kanté

လက်ရှိချယ်လ်ဆီးအသင်းမှာကစားနေတဲ့ ပြင်သစ်ကွင်းလယ်လူ အန်ဂိုလိုကွန်တေ (N’Golo Kanté) ကတော့ရိုးသားပွင့်လင်းပြီး ဟန်မဆောင်တက်တဲ့အလေ့အထရှိသူတစ်ဦးဖြစ်ပါတယ်။ အာဖရိကနွယ်ဖွား လူူမည်းကစားသမားဖြစ်ပေမယ့် ပရိသတ်တွေသာမက ပြိုင်ဘက်အသင်းကစားတွေကပါ သူ့ကိုချစ်ခင်ကြပြီး ကြွက်ကလေးလို့ ချစ်စနိုးခေါ်ဝေါ်ခြင်းခံရတဲ့သူဖြစ်ပါတယ်။ shwekhitonlinetv.com

၃။ Steve Irwin

သြစတြေးလျလူမျိုးတစ်ဦးဖြစ်တဲ့ စတိဗ်အာဝင် (Steve Irwin) ကိုတော့ Discovery လို တိရိစ္ဆာန်တွေရဲ့ Wild Life Channel တွေ TV Show တွေကို ကြည့်တဲ့သူတွေအနေနဲ့ ကောင်းကောင်းသိကြပါတယ်။ The Crocodile Hunter လို့လူသိများတဲ့ စတိဗ်အာဝင်ဟာ မိချောင်းအပါအဝင် အခြားအန္တရာယ်ရှိတဲ့ တောရိုင်းသတ္တဝါတွေကို မကြောက်မလန့်နဲ့ကိုင်တွယ်ထိန်းကျောင်းတက်တဲ့သူလည်းဖြစ်ပါတယ်။ သူဟာ အသက် (၄၄) နှစ်ပြည့်တဲ့ ၂၀၀၆ ခုနှစ်အတွင်းကကွယ်လွန်သွားပြီဖြစ်ပါတယ်။ shwekhitonlinetv.com

၄။ Brendan Fraser

(၁၉၉၉) ခုနှစ်တုန်းကထွက်ရှိခဲ့တဲ့ The Mummy ဇာတ်ကားနဲ့ ကမ္ဘာကျော်ခဲ့တဲ့ အမေရိကန်သရုပ်ဆောင် ဘရန်ဒန်ဖရေဆာ (Brendan Fraser) ကိုတော့ပရိသတ်တွေအနေနဲ့ မှတ်မိကြဦးမယ်ထင်ပါတယ်။ လက်ရှိအချိန်မှာ အသက် (၅၄) နှစ်ရှိပြီဖြစ်တဲ့သူ့ကိုတော့ မုန်းတီးတဲ့သူတစ်ယောက်တစ်လေတောင်မရှိဘူးလို့ http://reddit.com ဝက်ဆိုက်ရဲ့စစ်တမ်းတစ်ခုမှာဖော်ပြထားပါတယ်။ shwekhitonlinetv.com

၅။ Maggie Smith

အသက် (၈၈) နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဗြိတိန်သရုပ်ဆောင်ကြီး မက်ဂီစမစ် (Maggie Smith) ကိုတော့ ဟယ်ရီပေါ်တာပရိသတ်တွေကောင်းကောင်းကြီး သိကြမှာပါ။ ကြင်နာတက်ပုံရတဲ့ သူမရဲ့ဟန်ပန်အမူအရာတွေကြောင့် ပရိသတ်အားလုံးကသူမကိုချစ်ခင်ကြပါတယ်။ shwekhitonlinetv.com

၆။ Jack Black

အသက် (၅၃) နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဂျက်ဘလက် (Jack Black) ကိုတော့ ဟာသ သရုပ်ဆောင်အဖြစ်လူသိများပါတယ်။ တစ်ခြားအနုပညာတွေမှာလည်းထူးချွန်လှသလို ချစ်ခင်နှစ်သက်ပြီး ရယ်စရာကောင်းတဲ့သူ့ရဲ့ သရုပ်ဆောင်အမူအရာတွေကြောင့် ပရိသတ်တွေကချစ်ခင်ကြပါတယ်။ shwekhitonlinetv.com

၇။ Danny Trejo

အမေရိကန်သရုပ်ဆောင် ဒန်နီထရီယို (Danny Trejo) ကိုလည်းရုပ်ရှင်ဇာတ်ကားတွေမှာ မြင်ဖူးကြမယ်လို့ထင်ပါတယ်။ ဒန်ဟာ ထုတ်လုပ်သူတစ်ယောက်အပြင် ဂီတနယ်ပယ်နဲ့ အသံသရုပ်ဆောင်ပိုင်းတွေမှာပါ လူသိများလှတဲ့သူဖြစ်ပါတယ်။ သူ့ရဲ့ရုပ်ဆင်းသွင်ပြင်က ကြောက်စရာကောင်းတယ်လို့ထင်ရပေမယ့် Native American မျိုးနွယ်ကနေဆင်းသက်လာတာကြောင့် ပွင့်လင်းရိုးသားပြီး သဘောကောင်းသူတစ်ယောက်အဖြစ်ပရိသတ်ချစ်ခင်မှုကိုရရှိထားသူပါ။ shwekhitonlinetv.com

၈။ Dolly Parton

အသက် (၇၇) နှစ်အရွယ် ဝါရင့်အဆိုတော်ကြီး ဒေါ်လီပါတန် (Dolly Parton) ကတော့ ဂန္တဝင်တွင်မယ့် သီချင်းကောင်းများစွာကိုသီဆိုခဲ့တဲ့သူဖြစ်ပြီး သူ့သီချင်းတွေတော်တော်များများကို ဒီနေ့အချိန်ထိကို ရိုးမသွားဘဲ ပြန်လည်ဆန်းသစ်ပြီးသီဆိုနေပါတယ်။ နောက်ပြီး သူမရဲ့အပြုံးနဲ့ အလှူအတန်းရက်ရောမှုကြောင့် မုန်းတီးတဲ့သူမရှိတဲ့ ဆယ်လီတစ်ယောက်အဖြစ်သတ်မှတ်ခြင်းခံထားရပါတယ်။ shwekhitonlinetv.com

၉။ Keanu Reeves

လက်ဘနွန်နွယ်ဖွား ကနေဒါနိုင်ငံသားသရုပ်ဆောင် ကီနူးရိဗ် (Keanu Reeves) ကတော့ လက်ရှိအချိန်မှာအသက် (၅၈) နှစ်ရှိပြီဖြစ်ပါတယ်။ သူူ့ရဲ့တည်ကြည်ခန့်ငြားတဲ့ ရုပ်ရည်နဲ့ ယောကျ်ားပီသပြီးရဲရင့်တဲ့ဟန်ပန်တွေက အမျိုးသမီးပရိသတ်တွေတင်မကဘဲ အမျိုးသားပရိသတ်တွေရဲ့ချစ်ခင်နှစ်သက်မှုကိုရရှိစေခဲ့ပါတယ်။ shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။