ရေထဲမှာ ဖြစ်ပွားခဲ့တဲ့ အကြီးမားဆုံး တိုက်ပွဲကြီး (၅) ခု အကြောင်း သိကောင်းစရာ

ကမ္ဘာ့သမိုင်းကြောင်းကိုပြန်လှန်ကြည့်မယ်ဆိုရင်တော့ တိုက်ပွဲပေါင်းများစွာဟာ ကမ္ဘာ့နေရာဒေသအသီးသီးမှာဖြစ်ပွားခဲ့ဖူးတာကို မြင်တွေ့ရမှာဖြစ်ပါတယ်။ အဲ့ဒီလို တိုက်ပွဲတွေထဲကမှ အရှေ့တောင်အာရှဒေသအတွင်းဖြစ်ပွားခဲ့တဲ့ အကြီးမားဆုံးရေတပ်တိုက်ပွဲကြီးတွေအကြောင်းကို ဖော်ပြပေးလိုက်ရပါတယ်။ shwekhitonlinetv.com

၁။ လေတဲပင်လယ်ကွေ့တိုက်ပွဲ (The Battle of Leyte Gulf) – ၁၉၄၄

ကမ္ဘာသမိုင်းမှာအကြီးမားဆုံး ရေတပ်တိုက်ပွဲအဖြစ်မှတ်တမ်းဝင်ခဲ့တဲ့ လေတဲပင်လယ်ကွေ့တိုက်ပွဲ (The Battle of Leyte Gulf) ဖိလစ်ပိုင်နိုင်ငံပိုင် ကျွန်းတွေဖြစ်တဲ့ လေတဲကျွန်း၊ ဆမာကျွန်း နဲ့ လူဇွန်ကျွန်းတွေအနီးမှာဖြစ်ပွားခဲ့တာပါ။ ဒီတိုက်ပွဲမှာတော့ စစ်သဘောၤအစင်းရေ (၂၈၀) ကျော်နဲ့ ရေတပ်စစ်သည်အင်အား (၂) သိန်းကျော်ပါဝင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး များပြားလှတဲ့ တိုက်လေယာဉ်တွေလည်း ဒီစစ်ပွဲမှာပါဝင်ခဲ့ပါတယ်။ ဒီတိုက်ပွဲမှာ အဓိကတိုက်ခိုက်ခဲ့ကြတာကတော့ အမေရိကန်-သြစတြေးလျ တို့ရဲ့မဟာမိတ်တပ်တွေနဲ့ ဂျပန်တို့ပဲဖြစ်ပါတယ်။ ဒီတိုက်ပွဲမှာ ရှုံးနိမ့်ခဲ့မှုနဲ့အတူပဲ ဂျပန်တို့ရဲ့ ပစိဖိတ်သမုဒ္ဒရာအတွင်း လွှမ်းမိုးမှုလည်းအဆုံးသတ်ခဲ့ရပါတယ်။ shwekhitonlinetv.com

၂။ ဂျာဗားပင်လယ်တိုက်ပွဲ (The Battle of the Java Sea) – ၁၉၄၂

၁၉၄၂ ခုနစ် ဖေဖေါ်ဝါရီလ (၂၇) ရက်နေ့မှာစတင်ခဲ့တဲ့ ဂျာဗားပင်လယ်တိုက်ပွဲကလည်း အမေရိကန်-ဗြိတိလျှ-ဒတ်ချ်-သြစတြေးလျ တို့ရဲ့မဟာမိတ်ရေတပ်တွေနဲ့ ဂျပန်ဘုရင့်ရေတပ်တွေတိုက်ခိုက်ခဲ့ကြတဲ့တိုက်ပွဲ ဖြစ်ပါတယ်။ ဒီတိုက်ပွဲမှာလည်း လေယာဉ်တင်သင်္ဘောကြီးတွေ၊ တိုက်သင်္ဘောတွေ၊ ရေငုပ်သင်္ဘောတွေ အစင်းရေများစွာပါဝင်ခဲ့ပါတယ်။ ဒီတိုက်ပွဲမှာတော့ ဂျပန်တို့အနိုင်ရပြီး ဒတ်ချ်တို့ပိုင်ဆိုင်တိုင် အရှေ့အင်ဒီးစ်ဒေသတွေကိုသိမ်းပိုက်နိုင်ခဲ့ပါတယ်။ shwekhitonlinetv.com

၃။ ဆန်ဒါရေလက်ကြားတိုက်ပွဲ (The Battle of Sunda Strait) – ၁၉၄၂

ဒီတိုက်ပွဲကတော့ အင်ဒိုနီးရှားနိုင်ငံရဲ့ ဂျာဗားကျွန်းနဲ့ ဆူးမတြားကျွန်းကိုပိုင်းခြားထားတဲ့ ဆန်ဒါရေလက်ကြား (Sunda Strait) မှာဖြစ်ပွားခဲ့တာပါ။ ဒီတိုက်ပွဲမှာ အဲ့ဒီအချိန်ကကမ္ဘာကျော်ခဲ့တဲ့ ရေတပ်သင်္ဘောအမျိုးအစားတွေဖြစ်တဲ့ Australian Light cruiser HMAS Perth , American heavy cruiser USS Houston , Dutch DestroyerHNLMS စစ်သင်္ဘောအစင်းရေများစွာပါဝင်ခဲ့ပြီး ဂျပန်ရေတပ်တွေနဲ့ ရင်ဆိုင်ခဲ့ကြတာပါ။ နာရီပေါင်းများစွာ တိုက်ခိုက်ခဲ့ကြအပြီးမှာတော့ မဟာမိတ်တပ်တွေရဲ့ သင်္ဘောအားလုံးနစ်မြုပ်သွားခဲ့ပြီး ဂျပန်တို့ဘက်ကတော့ စစ်သင်္ဘော (၅) စင်းနစ်မြုပ်သွားခဲ့ပါတယ်။ ဒီ (၅) စင်းအနက် (၃) စင်းကတော့ အချင်းချင်းပစ်ခတ်မိလို့နစ်မြုပ်ခဲ့ရတာပါ။ shwekhitonlinetv.com

၄။ Vung Tau တိုက်ပွဲ (The Battle of Vung Tau) – ၁၉၆၇

တောင်ဗီယက်နမ်ရဲ့ Nui Le ပြည်နယ် (ယနေ့အခေါ် Vung Tau ပြည်နယ်) အနီးမှာဖြစ်ပွားခဲ့တဲ့ ဒီတိုက်ပွဲမှာတော့ သြစတြေးလျ-နယူးဇီလန်-အမေရိကန် တို့နဲ့ မြောက်ဗီယက်နမ်တို့ အဓိကတိုက်ခိုက်ခဲ့ကြတာဖြစ်ပါတယ်။ ဒီတိုက်ပွဲမှာတော့ မြောက်ဗီယက်နမ်တို့ရဲ့ စစ်သင်္ဘောတွေအကုန်နစ်မြုပ်ခဲ့ပြီး သြစတြေးလျ နဲ့ မဟာမိတ်တပ်တွေကအနိုင်ရရှိခဲ့ပါတယ်။ shwekhitonlinetv.com

၅။ Bang Rachan တိုက်ပွဲ (The Battle of Bang Rachan) – ၁၇၆၅

ဒီရေတပ်တိုက်ပွဲကတော့ ထိုင်းတို့ရဲ့ Siamese ရေတပ် နဲ့ မြန်မာစစ်တပ်တို့ တိုက်ခိုက်ခဲ့တဲ့တိုက်ပွဲဖြစ်ပြီး ချောင်ဖရားမြစ်ထဲမှာဖြစ်ပွားခဲ့တာပါ။ ဒီတိုက်ပွဲမှာ များပြားလှတဲ့ရေတပ်အင်အားတွေပါဝင်တိုက်ခိုက်ခဲ့ကြပြီး ထိုင်းတို့ရဲ့သမိုင်းမှာတော့ပြောစမှတ်တွင်ခဲ့တဲ့တိုက်ပွဲတစ်ခုဖြစ်ခဲ့ပါတယ်။ ဒီတိုက်ပွဲမှာ ထိုင်းတို့ရဲ့ Siamese ရေတပ်က မြန်မာတပ်တွေကိုအနိုင်ယူပြီး နိုင်ငံကိုကျူးကျော်တဲ့ရန်ကနေ ကာကွယ်နိုင်ခဲ့ပါတယ်။ shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။