ကွာရှင်းစရိတ်အဖြစ် ဒေါ်လာသန်း ရာ၊ ထောင်ချီကုန်ကျခဲ့တဲ့ ဆယ်လီများ

ဒီနေ့ခေတ် မြန်မာနိုင်ငံမှာဆိုရင်တော့ လက်ထပ်ထိမ်းမြားအိမ်ထောင်ပြုတယ်ဆိုတာ ဆယ်ကျော်သက်ကလေးတွေအတွက်တောင်မှ အလွယ်တကူပြုမူတက်ကြတဲ့ ကိစ္စတစ်ရပ်ဖြစ်ပါတယ်။ ဒါပေမယ့် လူ့အခွင့်အရေးကိုအလေးထားတဲ့နိုင်ငံတွေမှာဆိုရင်တော့ လက်ထပ်ပြီးအိမ်ထောင်တစ်ခုတည်ဆောက်ဖို့ဆိုတာ အတော်လေးကိုဆင်ခြင်သုံးသပ်ပြီးမှ ပြုမူကြတဲ့ ကိစ္စရပ်ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အလွယ်တကူလက်ထပ်ပြီး ကွာရှင်းချင်တိုင်းကွာရှုင်းလို့ မရတာကြောင့်ပဲဖြစ်ပါတယ်။ ကွာရှင်းဖြစ်ခဲ့ရင်လည်း ကုန်ကျတဲ့ကွာရှင်းစရိတ်က အတော်လေးကိုများပြားလေ့ရှိပါတယ်။ ဒါကြောင့် ဒီတစ်ခေါက်မှာတော့ ရွှေခေတ်ပရိသတ်တွေကို ကွာရှင်းစရိတ်အဖြစ် ဒေါ်လာသန်း ရာ၊ ထောင်ချီကုန်ကျခဲ့တဲ့ ဆယ်လီတစ်ချို့ရဲ့ ကွာရှင်းမှုလေးတွေ အကြောင်းဖော်ပြပေးချင်ပါတယ်။ shwekhitonlinetv.com

၁။ အိန်ဂျလီနာဂျိုလီ နှင့် ဘရက်ပစ် – အမေရိကန်ဒေါ်လာ သန်း (၄၀၀)

ဟောလိဝုဒ် Icon တွေဖြစ်ကြတဲ့ ဂျိုလီနဲ့ဘရက်ပစ်တို့ဟာ တစ်ချိန်ကလူတိုင်းအားကျရတဲ့စုဲတွဲတစ်တွဲပါ။ ဒါပေမယ့်လည်းတစ်ချ်န်မှာတော့ အဆင်မပြေမှုတွေနဲ့တရားရုံးမှာ ညှိနှိုင်းဆွေးနွေးပြီးအေးအေးဆေးဆေး လမ်းခွဲခဲ့ကြပါတယ်။ ကလေးတွေကို ပူးတွဲထိန်းသိမ်းခွင့်ရခဲ့ပြီး ကွာရှင်းစရိတ်ကတော့ အမေရိကန်ဒေါ်လာ သန်း (၄၀၀) လောက်ရှိခဲ့ပါတယ်။ shwekhitonlinetv.com

၂။ တိုက်ဂါးဝုဒ် နှင့် အယ်လင်းနော်ဒီဂရင် – အမေရိကန်ဒေါ်လာ သန်း (၇၅၀)

ကမ္ဘာ့နံပါတ် (၁) ဂေါ့ဖ်ကစားသမားဟောင်းတစ်ဦးဖြစ်တဲ့ တိုက်ဂါးဝုဒ်ဟာ ဒါဇင်နဲ့ချီတဲ့ မိန်းမတွေနဲ့အိမ်ထောင်ရေးဖောက်ပြန်တဲ့ သတင်းတွေထွက်ပေါ်လာချိန်မှာအတော်လေးကို စိတ်အနှောက်အယှက်ဖြစ်ခဲ့ရပြီး နာမည်ဂုဏ်သတင်းလည်းပျက်စီးခဲ့ရပါတယ်။ သူ့ရဲ့ဇနီးဖြစ်တဲ့သူနဲ့လည်း (၆) နှစ်လောက်ခွဲနေခဲ့ပြီး ၂၀၁၀ ခုနှစ်ထဲမှာတရားဝင်အပြီးသတ်ကွာရှင်းခဲ့ကြပါတယ်။ အဲ့ဒီအတွက်တိုက်ဂါးဝုဒ်ဟာ နစ်နာကြေးအဖြစ် ဇနီးဟောင်းဖြစ်သူအယ်လင်းကို အမေရိကန်ဒေါ်လာ သန်း (၇၅၀) ပေးခဲ့ရပါတယ်။ shwekhitonlinetv.com

၃။ ကန်ညီးဝက်စ် နှင့် ကင်မ်ကာဒက်ရှီယန် – အမေရိကန်ဒေါ်လာ (၁.၄) ဘီလီယံ

လူမှုကွန်ယက်စာမျက်နှာတွေနဲ့ မီဒီတွေကြားမှာထင်ပေါ်ကျော်ကြားလှတဲ့ ကင်မ်ကာဒက်ရှန်ဟာ နာမည်ကျော်ရက်ပါ ကန်ညီးဝက်စ်နဲ့ ကွာရှင်းခဲ့တဲ့အချိန်မှာ အမေရိကန်ဒေါ်လာ (၁.၄) ဘီလီယံအထိ နစ်နာကြေးရခဲ့ပါတယ်။ ဒီနစ်နာကြေးပမာဏဟာ လက်ထပ်စဉ်ကတည်းကတစ်ချိန်မှာကွာရှင်းခဲ့ကြရင် ပေးဖို့သဘောတူထားတာလို့ သိရပါတယ်။ shwekhitonlinetv.com

၄။ အဲလက် နှင့် ဂျို့စလင်းဝင်ဒန်စတိန်း – အမေရိကန်ဒေါ်လာ (၂.၅) ဘီလီယံ

ဂျို့စလင်းဝင်ဒန်စတိန်းကတော့ အမေရိကန်ဒေါ်လာ (၂) သန်းအကုန်အကျခံပြီး ပလက်စတစ်ဆာဂျရီပြုလုပ်ခဲ့တဲ့ကိစ္စနဲ့ပတ်သတ်ပြီးလူသိများတဲ့သူဖြစ်ပါတယ်။ သူမအနေနဲ့ဒီလိုပြုလုပ်ခြင်းက သူ့ရဲ့ခင်ပွန်းကိုသူမအနားမှာဆက်ရှိနေစေလိမ့်မယ်လို့ထင်ခဲ့တာပါ။ ဒါပေမယ့် တစ်ကယ်တမ်းခွဲစိတ်ပြုပြင်မှုပြုလုပ်ပြီးနောက်ပိုင်းမှာ အခြေအနေဆိုးရွားခဲ့လို့ ခင်ပွန်းက အမေရိကန်ဒေါ်လာ (၂.၅) ဘီလီယံနစ်နာကြေးပေးပြီး ကွာရှင်းတာကိုခံခဲ့ရပါတယ်။ shwekhitonlinetv.com

၅။ ရူးပတ်မားဒေါ့ချ် နှင့် အန်နာမာရီယာ – အမေရိကန်ဒေါ်လာ (၁.၂) ဘီလီယံ

ကမ္ဘာကျော်စီးပွားရေးလုပ်ငန်းရှင်ကြီးတစ်ဦးဖြစ်တဲ့ ရူးပတ်မားဒေါ့ချ်ဟာ အိမ်ထောင် (၅) ဆက်လောက်ရှိတဲ့သူဖြစ်ပါတယ်။ သူဟာ (၃၂) နှစ်လောက်ပေါင်းသင်းခဲ့တဲ့ ဒုတိယဇနီးသည် အန်နာမာရီယာနဲ့ကွာရှင်းခဲ့တဲ့ အချိန်မှာတော့ အမေရိကန်ဒေါ်လာ (၁.၂) ဘီလီယံနစ်နာကြေးပေးခဲ့ရပါတယ်။ အန်နာနဲ့ ကွာရှင်းပြီး (၁၇) ရက်ပဲကြာသေးတဲ့အချိန်မှာ တတိယအိမ်ထောင်ကို သူ့အသက်တစ်ဝက်သာသာရှိတဲ့တရုတ်ကပြားမလေး ဝင်ဒီဒန်နဲ့ထူထောင်ခဲ့ပြီး (၁၄) နှစ်အကြာမှာထပ်မံကွာရှင်းခဲ့ပြန်ပါတယ်။ အဲ့ဒီအချိန်မှာတော့ နစ်နာကြေး (၁.၈) သန်းပဲပေးခဲ့ရပါတယ်။ shwekhitonlinetv.com

၆။ မဲလ်ဂစ်ဘ်ဆင် နှင့် ရော်ဘင်မိုး – အမေရိကန်ဒေါ်လာ (၄၂၅) သန်း

မင်းသားကြီးမဲလ်ဂစ်ဘ်ဆင်ဟာလည်း အိမ်ထောင်သက်တမ်း (၂၆) နှစ်ရှိတဲ့ ဇနီးဖြစ်သူ ရော်ဘင်မိုးနဲ့ ၂၀၁၁ မှာအပြီးသတ်ကွာရှင်းခဲ့ပါတယ်။ ရော်ဘင်မိုးအနေနဲ့ကတော့ မဲလ်ဂစ်ဘ်ဆင် အရက်မူးပြီးကားမောင်းလို့ ဖမ်းဆီးခံခဲ့ရတဲ့ ၂၀၀၆ ခုနှစ်ကတည်းက အိမ်ထောင်ရေးကိုအဆုံးသတ်ဖို့ ဆုံးဖြတ်ပြီး ကွာရှင်းပေးဖို့တောင်းဆိုခဲ့တာဖြစ်ပါတယ်။ ကွာရှင်းတဲ့အချိန်မှာတော့ မဲလ်ဂစ်ဘ်ဆင်ရဲ့ ပိုင်ဆိုင်မှုတစ်ဝက်ဖြစ်တဲ့ အမေရိကန်ဒေါ်လာ (၄၂၅) သန်းကို ရော်ဘင်မိုးကိုပေးခဲ့ရပါတယ်။ shwekhitonlinetv.com

၇။ ဒီမီထရီ နှင့် အယ်လီနာရိုင်ဘိုလိုလက်ဗ် – အမေရိကန်ဒေါ်လာ (၄.၅) ဘီလီယံ

လက်ရှိမိုနာကိုဘောလုံးအသင်းရဲ့ ဥက္ကဋ္ဌဖြစ်တဲ့ ရုရှားဘီလျံနာသူဋ္ဌေးကြီး ဒီမီထရီဟာရိုင်ဘိုလိုလက်ဗ်ဟာ အိမ်ထောင်သက်တမ်း (၂၆) နှစ်ကြာလက်တွဲလာတဲ့ ဇနီးဖြစ်သူအယ်လီနာနဲ့ ၂၀၁၅ ခုနှစ်မှာကွာရှင်းခဲ့ကြပါတယ်။ ဒီကွာရှင်းတဲ့ကိစ္စနဲ့ ပတ်သက်ပြီးသူတို့ နှစ်ဦးဟာ ခြောက်နှစ်နီးပါးတရားရုံးမှာ အမှုယှဉ်ပြိုင်ခဲ့ကြရပြီး နောက်ဆုံးမှာတော့ ဒီမီထရီအနေနဲ့ အယ်လီနာကိုသူ့ပိုင်ဆိုင်မှုတွေထဲက အမေရိကန်ဒေါ်လာ (၄.၅) ဘီလီယံအထိ ကွာရှင်းစရိတ်အဖြစ်ပေးခဲ့ရပါတယ်။ shwekhitonlinetv.com

၈။ ဗလာဒီမာပိုတာနင် နှင့် နာတာလီယာပိုတာနီနာ – အမေရိကန်ဒေါ်လာ (၇) ဘီလီယံ

ဗလာဒီမာပိုတာနင်ဟာ ရုရှားနိုင်ငံရဲ့ အချမ်းသာဆုံးပုဂ္ဂိုလ်တွေထဲမှာတစ်ဦးအပါအဝင်ဖြစ်ပြီ ဘီလီယံပေါင်းမှားစွာချမ်းသာကြွယ်ဝတဲ့သူဖြစ်ပါတယ်။ သူ့အနေနဲ့ နှစ် (၃၀) လောက်လက်တွဲလာတဲ့ ဇနီးဖြစ်သူကို ၂၀၁၃ ခုနှစ်ထဲမှာကွာရှင်းလိုက်ပါတယ်။ အဲ့ဒီအချိန်မှာသူ့ရဲ့ပိုင်ဆိုင်မှုက အမေရိကန်ဒေါ်လာ (၁၄) ဘီလီယံလောက်ရှိပြီး တစ်ဝက်ဖြစ်တဲ့ (၇) ဘီလီယံကို နာတာလီယာအား ပေးခဲ့ရပါတယ်။ shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။