ကျိန်စာသင့်နေတဲ့ ရုပ်ရှင်အကြောင်းကို ကြားဖူးပါသလား …. ။ ရုပ်ရှင်တစ်ကားကို ကြည့်မိတာကြောင့် တကယ့်အပြင်ကလက်တွေ့ဘဝမှာ ကို့ရဲ့အသက်ဆုံးရှုံးသွားနိုင်တယ်ဆိုတာကို ယုံကြည်ပါသလား။ မယုံမရှိပါနဲ့ လူကို သေစေနိုင်တဲ့ ရုပ်ရှင်တွေဆိုတာ တကယ်ရှိပါတယ်။ လတ်တလော လူမှုကွန်ယက်တွေမှာ နာမည်ကြီးနေတဲ့ ငရဲပြည်ရဲ့တံခါးပေါက်လို့ အမည်ရတဲ့ (Antrum) ရုပ်ရှင်ဇာတ်ကားကိုကြည့်ရှုပြီး သေဆုံးခဲ့တဲ့ လူပေါင်းဟာ (၆၈) ဦးအထိရှိတယ်လို့သိရပါတယ်။ shwekhitonlinetv.com
အလားတူပဲ ဒါရိုက်တာ Hideo Nakata ရဲ့ (The Ring Two) ၊ Gore Verbinski ရဲ့ (The Ring) ၊ John Carpenter ရဲ့ (Cigarette Burns) ဇာတ်လမ်းတွဲ စတဲ့ ရုပ်ရှင်တွေဟာလည်း ကြည့်ပြီးရင် လူတွေကို သေစေနိုင်တဲ့ ရုပ်ရှင်တွေလို့သိရပါတယ်။ shwekhitonlinetv.com
Antrum ဇာတ်ကားရဲ့ ဇာတ်လမ်းအကျဉ်းကတော့သေသွားတဲ့ ခွေးမလေး မက်ဇိန်း (Maxine) တစ်ကောင် ငရဲကို ရောက်သွားတယ်လို့ အိမ်မက်ဆိုးတွေ ခဏခဏမက်နေတဲ့ နာသန် (Nathan) ဆိုတဲ့ ကောင်လေးတစ်ယောက်ကို သူ့အစ်မ အော်ရာလီ (Oralee) က သူ့မောင်လေး စိတ်ချမ်းသာဖို့ဆိုပြီး တောထဲကို ခေါ်သွားတယ်။ ငရဲကျနေတဲ့ ခွေးမလေးရဲ့ ဝိဉာဏ်ကို ကယ်တင်ဖို့ မြေကြီးတူးပြီး ငရဲပြည်ကို သွားဖို့ သူ့မောင်လေးနဲ့အတူ လုပ်ကြတယ်။ တကယ်တမ်းကျတော့ သူလုပ်နေတာတွေက သူ့မောင်လေးစိတ်ချမ်းသာဖို့ အလိမ်အညာ ဟန်ဆောင်ပြီးလုပ်ပြနေခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် တကယ်တမ်းကျတော့ မထင်မှတ်ထားတဲ့ အမှောင်လောကသားတွေနဲ့ ကြုံတွေ့ခဲ့ရပြီး ဆန်းကြယ်တာတွေဖြစ်ပျက်ခဲ့တယ်လို့ ဇာတ်လမ်းဆင်ထားတာ ဖြစ်ပါတယ်။ ဇာတ်လမ်းအပြည့်အစုံကိုတော့ ဒီရုပ်ရှင်ကားကိုကြည့်မှ သာသိရမှာဖြစ်ပေမယ့် ကြည့်ရှုဖို့တော့ မတိုက်တွန်းချင်ပါဘူး။ ဒီရုပ်ရှင်ကားမှာလည်း ဥပဒေအကြောင်းအရ တရားဝင် သတိပေးတားမြစ်ထားတာတွေ ပါဝင်နေပါတယ်။ ဟုတ်ပါပြီ ဒါကတော့ Antrum နဲ့ပတ်သတ်တဲ့ အကြောင်းတစ်စိတ်တစ်ဒေသဖြစ်ပါတယ်။ shwekhitonlinetv.com
ဒီနေ့ဖော်ပြပေးမှကတော့ နောက်ထပ်ဒီလိုမျိုး ကျိန်စာသင့်နေတယ်လို့ ပြောစမှတ်ပြုကြပြီး ရုပ်ရှင်ရိုက်ကူးထုတ်လုပ်ရေးမှာ လူအသေအပျောက်များခဲ့တဲ့ နာမည်ကြီး သည်းထိတ်ရင်ဖို ရုပ်ရှင်ဇာတ်ကားတွေ အကြောင်းပဲဖြစ်ပါတယ်။ shwekhitonlinetv.com
၁။ The Exorcist

အမေရိကန်ဒါရိုက်တာ (William Friedkin) ရိုက်ကူးပြီး (၁၉၇၃) ခုနှစ်မှာထွက်ရှိလာတဲ့ ဇာတ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားကလည်း ဖြစ်ရပ်မှန်ဇာတ်လမ်းကို အခြေပြု ရိုက်ကူးခဲ့တာလို့သိရပြီး Regan Macnail ဆိုတဲ့ကလေးမလေးက အဓိကဇာတ်ဆောင်ဖြစ်ခဲ့ပါတယ်။ အမှန်တကယ်ရိုက်ကူးတဲ့ အခါမှာလည်း ဒီကောင်မလေးနေခဲ့ဖူးတဲ့ အိမ်မှာရိုက်ကူးခဲ့ကြတာ့ဖြစ်ပါတယ်။ ရိုက်ကူးစဉ်ကာလအတွင်း ဆက်တင်အဖြစ်ပြုလုပ်ထားတဲ့ ဒီအိမ်ကြီးမှာ ရုတ်တရက် အကြီးအကျယ်မီးလောင်မှုဖြစ်ပွားခဲ့ပြီး Regan Macnail ရဲ့ကုတင်လေးကတော့ ထူးဆန်းစွာမီးကွင်းပြီးကျန်ခဲ့တဲ့ အဖြစ်မျိုးကြုံခဲ့ရပါသတဲ့။ နောက်ပြီး ဒီဇာတ်ကားမှာ ပါဝင်ပတ်သတ်ခဲ့တဲ့ လူ (၈) ဦးလည်းသေဆုံးခဲ့ရပါတယ်။ shwekhitonlinetv.com
၂။ The Omen

Omen ကတော့ ရုပ်ရှင်ဇာတ်ကားတွေထဲမှာ ကျိန်စာအသင့်ဆုံးရုပ်ရှင်တစ်ကားဖြစ်ပါတယ်။ သရုပ်ဆောင် Gregory Peck ရဲ့ သားဟာ ရိုက်ကူးရေး မစတင်မီကိုယ့်ကိုယ်ကိုသတ်သေခဲ့ပါတယ်။ ဒီဇာတ်ကားမှာပါဝင်တဲ့ ကျား ကိုထိန်းတဲ့ ဆရာဟာလည်း မတော်တဆသေဆုံးခဲ့သလို The Omen ဇာတ်ကားထဲကသရုပ်ဆောင်တွေ စားသောက်နေတဲ့ဆိုင်ဟာလည်း ဗုံးခွဲခံခဲ့ရပါတယ်။ ဒါတင်မကသေးပါဘူး လက်ထောက် ဒါရိုက်တာဖြစ်တဲ့ Liz Moore ဟာလည်းဇာတ်ကားရိုက်ကူးနေစဉ် သေဆုံးခဲ့သလို အခြား သေဆုံးမှုတွေလည်း အများအပြားကြုံခဲ့ရတဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ shwekhitonlinetv.com
၃။ The Possession

ဒီဇာတ်ကားရိုက်ကူးခဲ့တဲ့ကာလတစ်လျောက်လုံးမှာ ပတ်ဝန်းကျင်ကအေးစိမ့်တဲ့ လေတွေတိုက်နေသလို ခံစားခဲ့ရပြီး ဆက်တင်ထဲက မီးသီးမီးလုံးတွေ မကြာခဏ ပေါက်ကွဲတာမျိုးတွေကြုံခဲ့ရတယ်လို့ ဒီဇာတ်ကားမှာ ပါဝင်တဲ့ သရုပ်ဆောင် Jeffery Morgan ကထုတ်ဖော်ပြောကြားခဲ့ဖူးပါတယ်။ ဒါတင်မကသေးပါဘူး ဇာတ်ကားထဲမှာပါဝင်တဲ့ သရဲစီးနေတဲ့ သေတ္တာတစ်လုံးကြောင့် မီးလောင်မှုလည်းဖြစ်ပွားခဲ့သေးတယ် လို့ဆိုပါတယ်။ shwekhitonlinetv.com
၄။ Insidious

ဒီဇာတ်ကားမှာပါဝင်တဲ့ သရုပ်ဆောင်တွေနဲ့ ရိုက်ကူးရေးအဖွဲ့သားတွေဟာ ဇာတ်ကားရိုက်ကူးတဲ့ ဆက်တင်နေရာတွေကို စတင်ခြေချကတည်းက ကောင်းတာတစ်ခုမှ မခံစားခဲ့ရဘူးလို့သိရပါတယ်။ ဒီဇာတ်ကားရိုက်ကူးတဲ့ အဆောက်အအုံရဲ့ ကြမ်းပြင်အောက်မှာ လူမနေတဲ့မြေအောက်ခန်းရှိပြီး အဲ့ဒီကနေ ခြောက်ခြားစရာ သြဥစွဲသံကြီးတွေ မကြာမကြာထွက်ပေါ်လာတက်တယ်လို့သိရပါတယ်။ shwekhitonlinetv.com
၅။ Annabelle

ဒါရိုက်တာ John R Leonetti က သူ့အနေနဲ့ရုပ်ရှင်ရိုက်ကူးတဲ့ ဆက်တင်အခန်းတွေမှာ ဖုန်မှုန့်တွေကို လက်သည်းသုံးချောင်းနဲ့ ကုတ်ဆွဲထားတဲ့ အရာတွေကို မကြာခဏတွေ့ရတယ်လို့ ဆိုပါတယ်။ ဒါကထူးဆန်းတယ်လို့ထင်ပါသလား ပရိသတ်ကြီးရေ ….။ ဘာကြောင့်ဒီအရာတွေ ဖြစ်တယ်ဆိုတဲ့အကြောင်းအရင်းကို သေချာတော့ မသိရပေမယ့် ဒီဇာတ်ကားထဲမှာပါဝင်တဲ့ သရဲပူးနေတဲ့ အရုပ်ကလည်း လက်သည်းချောင်း (၃) ချောင်းရှိပါသတဲ့။ shwekhitonlinetv.com
၆။ Poltergeist

(၁၉၈၂) ခုနှစ်က ထွက်ရှိတဲ့ ဒီဇာတ်ကားဟာလည်း ခြောက်ခြားစရာ နောက်ခံဖြစ်ရပ်မှန်ကို အခြေပြုပြီး ရိုက်ကူးခဲ့တာဖြစ်တယ်လို့သိရပါတယ်။ အဲ့ဒီအချိန်ကနာမည်ကြီးတဲ့ ကလေးသရုပ် Oliver Robbins ဟာ မကောင်းတဲ့ဝိညာဉ် ပူးကပ်နေတဲ့ ရုပ်သေးကြောင့် သေမလိုဖြစ်ခဲ့ရပါတယ်။ နောက်ထပ် ကလေးသရုပ်ဆောင်ဖြစ်တဲ့ Heather O’Rourke ဆိုတဲ့ကလေးမလေးကတော့ ဇာတ်ကားထွက်ရှိပြီး နှစ်အနည်းငယ်အကြာမှာ နှလုံးရောဂါနဲ့ ဆုံးပါးသွားခဲ့ပါတယ်။ သူမသေဆုံးတဲ့အချိန်မှာ အသက်က (၁၂) နှစ်သာရှိသေးတယ်လို့သိရပါတယ်။ shwekhitonlinetv.com
၇။ The Exorcism of Emily Rose

ခေါင်းဆောင်မင်းသမီးဖြစ်တဲ့ Jennifer Carpenter ဟာဒီဇာတ်ကားရိုက်နေစဉ်မှာ မကြာခဏ သရဲခြောက်ခံခဲ့ရတယ်လို့ဆိုကြပါတယ်။ သူမရိုက်ကွင်းကနေ အိမ်ပြန်လာရင် အိမ်ကရေဒီယိုက သူ့အလိုလို ထပွင့်တာမျိုးတွေ ကြုံရတယ်လို့ သူမကိုယ်တိုင် အင်တာဗျူးတစ်ခုမှာ ထုတ်ဖော်ပြောကြားခဲ့တာဖြစ်ပါတယ်။ shwekhitonlinetv.com
ဒါကတော့ လူတွေအပြောအများဆုံး နဲ့ နာမည်အကျော်ကြားဆုံး ကျိန်စာသင့်ဇာတ်ကားတွေ ပဲဖြစ်ပါတယ်။ အခြားဒီလိုမျိုး အလားတူဇာတ်ကားတွေလည်း အများအပြားရှိနေသေးလို့ အလျဉ်းသင့်တဲ့ အခါထပ်မံ ဖော်ပြပေးသွားပါဦးမယ်နော် ………… shwekhitonlinetv.com
ယခုဆောင်းပါးကို Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။
Be the first to comment
You must log in to post a comment.