စိတ်ကူးဉာဏ်ကောင်းကောင်းနဲ့ ဖန်တီးထားသော တီထွင်မှုများ

အခုတစ်ခေါက်မှာ Shwe Khit ပရိသတ်ကြီးအတွက် ဖော်ပြပေးချင်တာကတော့ နေ့စဉ်ကြုံတွေ့နေရတဲ့ အခက်ခဲတွေကို စိတ်ကူးဉာဏ်ကောင်းကောင်းနဲ့ တီထွင်ပြီး ဘယ်လိုဖြေရှင်းလိုက်လဲဆိုတဲ့ အကြောင်းလေးပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် ပုံတစ်ပုံချင်းစီတိုင်းကို အသေးစိတ်လေး ဖတ်ကြည့်လိုက်ပါဦးနော်…. shwekhitonlinetv.com

၁။ အရက်ထည့်သောက်လို့ရတဲ့ နက်ကတိုင်

ဒီတီထွင်မှုကတော့ အမျိုးသားတွေအတွက် အပျော်ကြီး ပျော်စေမယ့် တီထွင်မှုတစ်ခုလို့ပဲ ပြောရမှာပါ။ သာမန် နက်ကတိုင်ပုံစံမျိုးကိုမှ အထဲမှာ အရည်ထည့်လို့ရတဲ့ အိတ်ကလေးတစ်ခုထည့်ပေးထားတာပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် အလုပ်လုပ်နရင်းနဲ့လည်း ကိုယ်ကြိုက်နှစ်သက်တဲ့ အရည်တစ်မျိုးမျိုးကို ထည့်ပြီး သောက်နိုင်မှာပဲ ဖြစ်ပါတယ်။ shwekhitonlinetv.com

၂။ ခွေးလေးတွေအတွက် ထီးတစ်လက်

တစ်ခါတစ်လေ မိုးရွာနေတဲ့အချိန်မှာ ကိုယ့်ရဲ့ ခွေးလေးနဲ့ လမ်းလျှောက်ချင်တဲ့သူတွေ အတွက် အဆင်ပြေအောင် ထုတ်ပေးထားတာပဲ ဖြစ်ပါတယ်။ ကိုယ်ကိုတိုင်ကလည်း ထီးဆောင်းရင်း ကိုယ့်ရဲ့ ခွေးလေးကိုပါ ထီးလေးနဲ့မိုးပေးနိုင်တာကြောင့် မိုးရွာတိုင်း ခွေးလေးကို ပိုက်ပြီး အိမ်ပြန်ပြေးဖို့ မလိုတော့ပါဘူး။ shwekhitonlinetv.com

၃။ နေ့ဘက်နဲ့ ညဘက်မှာ အရောင်ပြောင်းနိုင်တဲ့ Shoe

အခုမြင်နေရတဲ့ Shoe ကတော့ အရောင်တစ်မျိုးတည်းကို ပုံမှန်မစီးချင်တဲ့သူတွေအတွက် အဆင်ပြေစေမှာပဲ ဖြစ်ပါတယ်။ အလင်းရောင်ပေါ်မူတည်ပြီး Shoe ရဲ့ အရောင်က ပြောင်းလဲသွားတာ‌ကြောင့် တစ်မျိုးလေး ကြည့်လို့ကောင်းနေစေမှာပဲ ဖြစ်ပါတယ်။ shwekhitonlinetv.com

၄။ စုံတွဲတွေ အတွက် အဆင်ပြေစေမယ့် အိပ်ယာခင်း

သာမန် အိပ်ယာခင်းတစ်ခုဆိုရင်တော့ အခုလိုပုံစံမျိုးနဲ့ အချိန်ကြာကြီး အိပ်မယ်ဆိုရင် လက်က ဖိထားသလိုကြီး ဖြစ်နေပြီး လက်ကျဉ်နေတာမျိုးတွေ ဖြစ်တတ်ပါတယ်။ အခုထွင်ထားတဲ့ အိပ်ယာခင်းကတော့ အမြောင်းလေးတွေပါရှိလို့ ပုံမှာ မြင်ရတဲ့အတိုင်း သက်တောင့်သက်သာ အိပ်နိုင်မှာပဲ ဖြစ်ပါတယ်။ shwekhitonlinetv.com

၅။ ရိုးရှင်းပေမယ့် အသုံးတည့်တဲ့ တီထွင်မှု

တီထွင်မှုတစ်ခုလို့ ဆိုလိုက်တာနဲ့ ကြီးကြီးမားမားအလုပ်လုပ်ရတာမျိုးလို့ ထင်မိကြမှပါ။ ဒါပေမယ့်လည်း တစ်ခါတစ်လေမှာ ရိုးရှင်းတဲ့ တီထွင်မှုတစ်ခုဟာလည်း လူတွေကို အကျိုးပြုနိုင်တာမျိုးတွေ ရှိတတ်ပါတယ်။ ဒီပုံမှာဆိုရင် လှေကားတစ်ခုထဲမှာ အပိုင်း ( ၃ ) ပိုင်းခွဲထားပြီး လမ်းလျှောက်မယ့်သူက တစ်ခြမ်း ၊ ပြေးမယ့်သူက တစ်ခြမ်း နဲ့ ၊ ဖုန်းသုံးပြီး တက်မယ့်သူက တစ်ခြမ်း ထားပေးထားလို့ တော်တော်ကို အဆင်ပြေစေမှာပဲ ဖြစ်ပါတယ်။ shwekhitonlinetv.com

၆။ ဘယ်တော့မှ မကုန်နိုင်တဲ့ ဖယောင်းတိုင်

ဒီဖယောင်းတိုင်ကတော့ လျှပ်စစ်မီးမရတဲ့ နေရာတွေမှာဆိုရင်တော့ ကုန်ကျစရိတ်သက်သာစေမယ့် ဖယောင်းတိုင်ပဲ ဖြစ်ပါတယ်။ ဖယောင်း အသစ်ကို ထွန်းထားပြီး ပျော်ကျသွားတဲ့ ဖယောင်းတွေဟာ အောက်က ကတော့လေးထဲကို ရောက်သွားပြီး အေးတဲ့ အခါ ဖယောင်းတိုင်အဖြစ် ပြန်အသုံးပြူလို့ ရတာပဲ ဖြစ်ပါတယ်။ shwekhitonlinetv.com

၇။ ခါးပိုက်နှိုက်တွေကို မျက်လုံးပြူးသွားစေမယ့် ပိုက်ဆံအိတ်

အမျိုးသမီးတွေ အတွက် ရည်ရွယ်ပြီး ထုတ်ထားတဲ့ ဒီပိုက်ဆံအိတ်လေးကတော့ ခါးပိုက်နှိုက်တွေကို မျက်လုံးပြူးသွားစေမှာ အသေအချာပါပဲ။ ဒါပေမယ့် တစ်ခုရှိတာက စတိုးဆိုင်တို့ စားစောက်ဆိုင်တို့မှာ ပိုက်ဆံရှင်းတဲ့ အခါကျရင် နည်းနည်း အဆင်မပြေဖြစ်စေနိုင်ပါတယ်။ shwekhitonlinetv.com

၈။ ကြက်ဥခွဲစက်

ကိုရီးယားလူမျိူးတွေလို နဖူးနဲ့ ကြက်ဥမခွဲချင်တဲ့သူတွေနဲ့ ကြက်ဥတစ်ခါခွဲတိုင်း အားပါသွားလို့ အနှစ်တွေ မှောက်နေကြလူတွေ အတွက် ဒါလေးက အဆင်ပြေစေမှာပဲ ဖြစ်ပါတယ်။ ဒီစက်ကလေးက ကြက်ဥ ၊ ဘဲဥလောက်တော့ အဆင်ပြေနိုင်ပေမယ့် ငုံးဥကိုတော့ ခွဲမယ်ဆို အဆင်မပြေပါဘူး ။ shwekhitonlinetv.com

၉။ ရေပူ ၊ ရေအေးကို မထိပဲနဲ့ သိနိုင်မယ့် ရေဘုံဘိုင်

ရေဘုံဘိုင် တစ်ခါဖွင့်တိုင်း အပူ နဲ့ အအေးကို မှားပြီး ဖွင့်မိလို့ ဗျာများနေရတဲ့ သူတွေအတွက် ဒါလေးက အသာလေး ဖြေရှင်းပေးနိုင်ပါတယ်။ ရေ ဘုံဘိုင် ခေါင်း နှစ်ခုထဲမှာ နီယွန် မီးလေးတွေ ထည့်ပေးထားပြီး အနီ ဆို အပူ ၊ အပြာဆို အအေးရောင် ထည့်ပေးထားလို့ တော်တော်လေးကို အဆင်ပြေသွားမှာပဲ ဖြစ်ပါတယ်။ shwekhitonlinetv.com

အခုဖော်ပြပေးထားတာတွေကတော့ နေ့စဉ်ဘ၀မှာ ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို အလွယ်တကူ ဖြေရှင်းနိုင်အောင် တီထွင်ပေးထားတဲ့ ပစ္စည်းတွေပဲ ဖြစ်ပါတယ်။ နောက်ပိုင်းတွေမှာလည်း အခုလိုမျိုး ထူးထူးဆန်းဆန်း တီထွင်မှုလေးတွေကို ရှာဖွေ တင်ဆက်ပေးမှာမို့လို့ Shwe Khit ကို စောင့်မျှော် ဖတ်ရှုပေးကြပါဦးနော်…. shwekhitonlinetv.com

ယခုဆောင်းပါးကို Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။

Be the first to comment

Leave a Reply