ကျန်းမာရေးအတွက် များစွာအကျိုးပြုတဲ့ ပုရစ်

ပုရစ်ဆိုတာကိုတော့ မြန်မာနိုင်ငံမှာရှိတဲ့ လူတွေအနေနဲ့ သွားရေစာအဖြစ်စားလို့ရတဲ့ အင်းဆက်အကောင်လေးတွေ အဖြစ်သာ သတ်မှတ်ထားကြပါတယ်။ သွားရေစာဖြစ်လို့ ပုရစ်မှာ ထူးထူးခြားခြားဆေးဖက်ဝင် အာနိသင် မရှိဘူးလို့ထင်ရင်တော့မှားသွားပါလိမ့်မယ် ပရိသတ်ကြီးရေ .. ။ သူ့မှာ ကျန်းမာရေးအတွက်များစွာအထောက်အကူပြုနိုင်တဲ့ အာဟာရဓာတ်တန်ဖိုးတွေ ကြွယ်ဝစွာပါဝင်နေပါတယ်။ shwekhitonlinetv.com

မြန်မာပြည်မှာ ကြော်စားတာ အစားများပေမဲ့ ထိုင်းနိုင်ငံ..အခြားအာရှနိုင်ငံများ အပါအဝင် အာဖရိက နဲ့ လက်တင် အမေရိကနိုင်ငံတွေမှာတော့ Protein ပေါကြွယ်ဝတဲ့အပြင် သူ့ရဲ့ ခပ်ဆိမ့်ဆိမ့် အရသာ မွှေးကြိုင်တဲ့ အနံ့ကို လိုချင်တာကြောင့်အမှုန့်ကြိတ်ပြီး ဟင်းခတ်မှုန့် (Powder) အဖြစ် အသုံးပြုကြပါတယ်။ ပုရစ်မှာအဓိကပါဝင်နေတဲ့ အာဟာရဓာတ်တွေကတော့ အောက်ပါအတိုင်းပဲဖြစ်ပါတယ်။shwekhitonlinetv.com

၁။ Protein

ပုရစ်မှာ အသားဓာတ် ၆၅% ပါဝင်တဲ့အတွက် အမဲသားနဲ့ ကြက်သားတွေထက်တောင် ပိုနေတယ်လို့ ဆိုပါတယ်။ အစားအသောက်နဲ့ ကျန်းမာရေးဆိုင်ရာ ဝက်ဆိုဒ်တစ်ခုဖြစ်တဲ့ www.npr.org ရဲ့ ဖော်ပြချက်တစ်ခုမှာဆိုရင် ပုရစ် (၁၀၀) ဂရမ် မှာ အသားဓာတ်က (၁၃) ဂရမ် ပါဝင်တယ်လို့ ဆိုထားပါတယ်.. shwekhitonlinetv.com

၂။ Calcium

ပုရစ်ရဲ့ မာကြောတဲ့ အရိုးပိုင်းလေးတွေမှာ Calcium ဓာတ်တွေ ပါဝင်နေလို့ အရိုးကျန်းမာဖို့ အထောက်အကူပြုသလို အူမကြီး နှင့် အစာအိမ်ကင်ဆာတွေ မဖြစ်အောင် ကာကွယ်ပေးနိုင်စွမ်းလည်းရှိတယ်လို့သိရပါတယ်။ shwekhitonlinetv.com

၃။ Iron နှင့် Zinc

ပုရစ်မှာ ဟင်းနုနယ်အရွက်ထက် ပိုများတဲ့ သံ (Iron) ဓာတ် ပမာဏ ပါဝင်တဲ့အတွက် ဦးနှောက်လုပ်ငန်း တွေကို ကောင်းမွန်စေတယ်။ ကြွက်သားတွေသန်မာစေတယ်။ သွေးအားနည်းခြင်းမှကင်းဝေးစေတယ်။ ဇင့် (Zinc) ဓာတ်ပါဝင်လို့ အမျိုးသားခွန်အားတိုး စေနိုင်တယ်။ Testosterone Hormone ပမာဏ များလာစေနိုင်တယ် လို့သိရပါတယ်။ shwekhitonlinetv.com

၄။ Magnesium

ပုရစ်လို အကောင်သေးသေးလေးက အမဲသားထက် (၅) ဆ ပိုများတဲ့ မဂ္ဂနီဆီယမ် (Magnesium) ဓာတ်တွေ ပါဝင်နေတယ် ဆိုတာ ယုံရခက်ပါတယ်။ ဒါပေမယ့် လည်း ဒါကအမှန်တရားပါ။ ၎င်း မဂ္ဂနီဆီယမ် (Magnesium) ပါဝင်တဲ့အတွက် နှလုံး နဲ့ သွေးလှည့်ပတ်မှု အဖွဲ့အစည်းအတွက် များစွာ အကျိုးပြုတဲ့အပြင် နှလုံးရောဂါ ဖြစ်နိုင်ခြေကိုလည်း ၂၂ % ထိ လျော့ကျစေတယ်လို့သိရပါတယ်။ shwekhitonlinetv.com

၅။ Good Fats

ပုရစ်မှာ Omega 3 နဲ့ Omega 6 fatty acids ဓာတ်တွေကြွယ်ဝစွာ ပါဝင်လို့ ကျန်းမာရေးအတွက် အလွန်ကောင်းမွန်စေပါတယ်။ shwekhitonlinetv.com

၆။ Vitamin B12

ပုရစ်မှာ Vitamin ပါတယ်လို့ပြောရင် အံ့ဩမိပါလိမ့်မယ်။ ဒါပေမဲ့ တကယ်ပဲ ပုရစ်မှာ Vitamin B12 ပါဝင်လို့ မှတ်ဉာဏ်အားနည်းခြင်းကနေ ကာကွယ်ပေးတယ်။ ဒါ့အပြင် အာရုံကြောအားကောင်း စေတယ်ပြီး နှလုံး၊ အရေပြား နဲ့ ဆံပင် တွေကိုလည်းကျန်းမာသန်စွမ်စေတယ်လို့ သိရပါတယ်။ shwekhitonlinetv.com

၇။ Fiber

ဒါ့အပြင် အမျှင်ဓာတ် (Fiber) နဲ့ အခြားသော Essential Amino Acids တွေလည်း ပုရစ်မှာ ပါဝင်နေလို့ လူနဲ့တည့်တယ်လို့ဆိုနိုင်ပါတယ်။

နောက်ဆုံပိတ်ပြောချင်တာတော့ ပုရစ်ဟာ ကျန်းမာရေးက ကျန်းမာရေးအတွက်ကောင်းမွန်တယ်ဆိုပေမယ့် အစားများရင်တော့ ခေါင်းမူးတာမျိုး လေးလံတာမျိုးဖြစ်တက်ပါတယ်။ ဒါပေမယ့် အခြားဘေးထွက်ဆိုးကျိုးကကြီးကြီးမားမားတော့ မရှိဘူးဆိုတာဖော်ပြရင်း ပုရစ်နဲ့ပတ်သတ်တဲ့ ကျန်းမာရေးအကျိုးပြုပုံအကြောင်းကို အဆုံးသတ်လိုက်ပါရစေနော် …. shwekhitonlinetv.com

ယခုဆောင်းပါးကို Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။