ဖုန်းတစ်လုံးဝယ်ယူတော့မယ်ဆိုရင် သတိထားသင့်တဲ့ အချက်များ

ဒီနေ့ခေတ်မှာတော့ ဖုန်းတွေဟာအမျိုးအစားမျိုးစုံ၊ ဆန်းသစ်လှပတဲ့ဒီဇိုင်းမျိုးစုံ၊ ဈေးနှုန်းမျိုးစုံနဲ့ ဈေးကွက်ထဲမှာ မြင်တွေ့နေရပြီဖြစ်ပါတယ်။ အခုတင်ဆက်ပေးမယ့်အကြောင်းအရာလေးကတော့ ဖုန်းတစ်လုံးဝယ်ယူတဲ့အခါမှ သတိထားသင့်တဲ့ အခြေခံအကျဆုံး အရေးပါတဲ့ အချက်လေးတွေပဲဖြစ်ပါတယ်။ shwekhitonlinetv.com

၁။ Operating System

Android ဖုန်းအသုံးပြုမယ့် သူတွေအတွက်တော့ ဖုန်းရဲ့ Operating System က တကယ့်ကိုအရေးကြီးလှပါတယ်။ ဘာလို့လဲဆိုတော့ Android Operating System တွေဆိုတာ အစဉ်မပြတ် Version အသစ်သစ်တွေ ထွက်ရှိနေလို့ပဲဖြစ်ပါတယ်။ တကယ်လို့ နောက်ဆုံးထွက် Version နဲ့ Version အရမ်းကွာတဲ့ OS (Operating System) တွေကိုသာအသုံးပြုနေမယ်ဆိုရင် Google Software တွေက အပြည့်အဝ Support မလုပ်တာမျိုးတွေ နဲ့ အခြား Software ပိုင်းဆိုင်ရာ ပြဿနာတွေ ကြုံတွေ့ရနိုင်ပါတယ်။ ဥပမာ ပြောရရင် လက်ရှိအချိန် Android Version 11 ထွက်တဲ့ အချိန်မှာ Android Version 6 (Marshmellow) အသုံးပြုနေတုန်းဆိုရင် ဒီလိုပြဿနာမျိုး မလဲမသွေကြုံတွေ့ရမှာဖြစ်ပါတယ်။ shwekhitonlinetv.com

၂။ Size and Type of Display

Game ကစားသူတွေ၊ Facebook အသုံးပြုသူတွေ နဲ့ Facebook ကတစ်ဆင့်စာဖတ်တဲ့လူကြီးပိုင်းတွေ အတွက်တော့ သေးငယ်တဲ့ ဖုန်းမျက်နှာပြင်အရွယ်အစားက အဆင်ပြေမှာ မဟုတ်ပါဘူး။ ဒါ့ကြောင့်ဒီလို လူမျိုးတွေအတွက် အနည်းဆုံး Screen အရွယ်အစား (၅.၇) လက်မအရွယ်အစားရှိတဲ့ ဖုန်းမျိုးက အသုံးပြုဖို့ သင့်တော်မှာပါ။ နောက်ပြီး ရုပ်ထွက်စနစ်ကိုလည်း သတိပြုသင့်ပါတယ်။ LCD (Liquid Crystal Display) နဲ့ LED (Light-Emitting Diode) ဘယ်အမျိုးအစားကိုရွေးမလဲပေါ့။ LCD နည်းပညာအသုံးပြုထားတဲ့ မျက်နှာပြင်တွေကတော့ နေရောင်ခြည်နဲ့ တိုက်ရိုက်ထိတွေ့တဲ့ အခါမျိုးမှာ ရုပ်ထွက်အရည်အသွေး ပိုမိုကောင်းမွန် တယ်လို့ထင်ရပြီး အရောင်အသွေးလဲပိုမိုတောက်ပနေတက်ပါတယ်။ ဒါပေမယ့် LCD မျက်နှာပြင်တွေက အထိအခိုက်မခံသလို Full HD ရုပ်ထွက်တွေအတွက် အထောက်အပံ့ ပေးနိုင်၊ မပေးနိုင် ဆိုတာတွေက တော့ထည့်သွင်းစဉ်းစားသင့်တဲ့ အချက်တွေဖြစ်ပါတယ်။ LED အများစုကတော့ LCD ထက်ပိုအကြမ်းခံပြီး ပိုမိုပြတ်သားတဲ့ ရုပ်ထွက်တွေကို ပေးစွမ်းနိုင်စွမ်းရှိပါတယ်။ shwekhitonlinetv.com

၃။ Procecssor and RAM

Processor နဲ့ RAM ဆိုတာကတော့ ဖုန်းတစ်လုံးလုံးရဲ့ အချက်အချာအကျဆုံးအရာတွေဖြစ်သလို ဖုန်းရဲ့ Performance ကောင်းမကောင်းကို အဓိက အဆုံးအဖြတ်ပေးတဲ့ အစိတ်အပိုင်းတွေလို့ ဆိုနိုင်ပါတယ်။ တစ်ခါတစ်ရံ Processor တွေရဲ့ စွမ်းဆောင်ရည်က Software Update ပြုလုပ်မှုတွေကိုကန့်သတ်ထားတာမျိုး တွေလည်းရှိတက်ပါတယ်။ RAM ကလည်း Peocessor နီးပါးအရေးကြီးပါတယ်။ များပြားတဲ့ Multi Tasks တွေ နဲ့ အရည်အသွေးမြင့် ဂိမ်းတွေအတွက်ဆိုရင်တော့ အနည်းဆုံး RAM 4 GB လောက်မှသာ အဆင်ပြေနိုင်မှာပါ။ shwekhitonlinetv.com

၄။ Internal Storage

နောက်ထပ်အရေးကြီးတာတစ်ခုက Internal Storage ပဲဖြစ်ပါတယ်။ ဖုန်းတစ်လုံးဝယ်ယူမယ်ဆိုရင် သိုလှောင်မှု ပမာဏဘယ်လောက်ရှိတယ်ဆိုတာကို ဖုန်းမှာကပ်ထားတဲ့ စတစ်ကာ (Sticker) ကိုကြည့်ပြီး မဆုံးဖြတ်ပါနဲ့ ကိုယ်တိုင် Setting ထဲကိုဝင်ပြီးစစ်ဆေးသင့်ပါတယ်။ ဒါမှသာ System Apps တွေက ဘယ်လောက် ကြိုပြီးနေရာယူထားတယ် ကိုယ့်အတွက် နောက်ထပ် App တေ၊ File တွေ သိမ်းဆည်းဖို့ အသားတင် နေရာလွတ် (Space) အမှန်တကယ်က ဘယ်လောက်ကျန်မယ်ဆိုတာ တွက်ချက်နိုင်မှာပါ။ တစ်ခု သတိထားသင့်တာက သိုလှောင်မှုပမာဏ ဘယ်လောက်များများဆန့်ဆန့် သင်သိမ်းဆည်းမယ့် File တွေအရမ်းများလာရင်တော့ ဖုန်းက အနည်းနဲ့အများ Performance ကျဆင်းနိုင်ခြေရှိတယ်ဆိုတာပါပဲ။ ဒါကြောင့် ဖုန်းကို ကွန်ပျူတာ Hard Disk တစ်ခုလို အသုံးမပြုစေချင်ပါဘူး။ Cloud လိုမျိုး အင်တာနက်ပေါ်မှာ File တွေသိမ်းဆည်းနိုင်မယ့် Service တွေရှိပေမယ့် ဖုန်းရဲ့ ပင်ကိုယ် Storage ကိုလည်း အရမ်းမနည်းစေချင်ပါဘူး။ အသင့်တော်ဆုံးကတော့ RAM 4 GB နဲ့ Internal Memory 64 GB ဖြစ်ပါတယ်။ shwekhitonlinetv.com

၅။ Battery Life

ဖုန်းဘက္ကထရီ သက်တမ်းကလည်း စမတ်ဖုန်းအသစ်တစ်လုံးဝယ်ဖို့ ရွေးချယ်ရာမှာမဖြစ်မနေ ထည့်သွင်းစဉ်းစားရမည့် အရေးကြီးတဲ့အချက်တစ်ချက်ဖြစ်ပါတယ်။ နောက်ဆုံးထွက် Processor တွေက ဖုန်းရဲ့ ဘက္ကထရီသုံးစွဲနှုန်းကို လျော့ချပေးနိုင်ပေမယ့် ဘက္ကထရီရဲ့ ပင်ကိုယ် သိုလှောင်မှုပမာဏ ကိုက အရမ်းနည်းနေရင် အဆင်ပြေမှာမဟုတ်ပါဘူး။ ဥပမာ အနေနဲ့ပြောရမယ်ဆိုရင် ရုပ်ထွက်အရည်အသွေးမြင့်မားတဲ့ ဂိမ်းတွေကို ဆော့မယ့်သူဆိုရင် ဘက္ကထရီသိုလှောင်မှုပမာဏ (mAh) များများ ပါဝင်တဲ့ ဖုန်းမျိုးကိုရွေးသင့်ပါတယ်။ ဒီကနေ့ လူငယ်တွေအကြား ခေတ်စားနေတဲ့ Mobile Legends၊ PUBG လိုမျိုး ဂိမ်းတွေကို ဆော့မယ့်သူတွေအနေနဲ့တော့ အနည်းဆုံး ဖုန်းရဲ့ ဘက္ကထရီဟာ mAH 4000 နဲ့ အထက်ရှိမှသာ အဆင်ပြေစေမှာဖြစ်ပါတယ်။ shwekhitonlinetv.com

ဒါဆိုရင်တော့ ဖုန်းတစ်လုံးဝယ်ဖို့ စဉ်စားတဲ့အခါမှာ သတိထားသင့်တဲ့ အချက်လေးတွေကို ပရိသတ်ကြီးအနေနဲ့ သိရှိသွားပြီလို့ ယူဆပါတယ်။ နောက်အခေါက်တွေမှာလည်း ဒီလိုမျိုးဗဟုသုတ ရစေမယ့် အကြောင်းအရာလေးတွေကို ပြန်လည်ဝေမျှပေးသွားမှာဖြစ်လို့ ဆက်လက်စောင့်မျှော် အားပေးကြပါဦးနော် ။ shwekhitonlinetv.com

ယခုဆောင်းပါးကို Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။