ပလက်စတစ်ဟာ ကမ္ဘာတစ်ဝှမ်းလုံးမှာ နှစ်စဉ်တန်ချိန်သန်းချီထုတ်လုပ်နေတဲ့အရာဖြစ်ပါတယ်။ ဒီအထဲကတစ်ဝက်ကတော့ ပြန်လည်အသုံးချခြင်း၊ မီးရှုှိ့ဖျက်ဆီးခြင်းတွေပြုလုပ်နေပြီး ကျန်တဲ့ပလက်စတစ်တွေကတော့ ကမ္ဘာမြေပေါ်နဲ့ ပင်လယ်သမုဒ္ဒရာတွေထဲကိုရောက်ရှိလို့သွားပါတယ်။ အချက်အလက်တွေအရဆိုရင် ကယ်လီဖိုးနီးယားနဲ့ ဟာဝိုင်အီကြားက ပစိဖိတ်သမုဒ္ဒရာထဲမှာတွေ့ရှိခဲ့ရတဲ့ စွန့်ပစ်ပလက်စတစ် စီးချောင်းအစုအဝေးကြီးဟာ ပြင်သစ်နိုင်ငံရဲ့ သုံးဆလောက်အထိတောင်ရှိတယ်လို့ သိရပါတယ်။ shwekhitonlinetv.com
ဒါဟာနိုင်ငံပေါင်းစုံကနေထွက်ရှိလာတဲ့ စွန့်ပစ်ပလက်စတစ်တွေဖြစ်ပါတယ်။ ဒါကြောင့် အခုတစ်ခါမှာတော့ ဒီနိုင်ငံတွေထဲက စွန့်ပစ်ပလက်စတစ်အများဆုံးထုတ်လုပ်နေတဲ့ ထိပ်တန်း (၇) နိုင်ငံကိုဖော်ပြပေးလိုက်ပါတယ်။ shwekhitonlinetv.com
၇။ ဘရာဇီးလ်

တောင်အမေရိကတိုက်က ဘရာဇီးလ်နိုင်ငံဟာ ဒီစာရင်းမှာပါဝင်တဲ့ အာရှတိုက်ကမဟုတ်တဲ့ တစ်ခုတည်းသောနိုင်ငံဖြစ်ပြီး အဆင့် (၇) နေရာမှာရှိနေပါတယ်။ မြစ်ချောင်အင်းအိုင်တွေအရမ်းများလွန်းတဲ့ ဘရာဇီးလ်နိုင်ငံရဲ့ တစ်နှစ်တာပျမ်းမျှ စွန့့်ပစ်ပလက်စတစ်က မက်ထရစ်တန် (၃၇,၇၉၉) အထိရှိပါတယ်။ shwekhitonlinetv.com
၆။ မြန်မာ

မြန်မာနိုင်ငံကတော့ ဒီစာရင်းရဲ့အဆင့် (၆) နေရာမှာရှိပါတယ်။ မြန်မာနိုင်ငံရဲ့ မြစ်ချောင်း၊ အင်းအိုင်တွေထဲကနေတစ်ဆင့် ပင်လယ်သမုဒ္ဒရာအတွင်းကို ရောက်ရှိသွားတဲ့ပလက်စတစ် အညစ်အကြေးတွေက တစ်နှစ်ကိုပျမ်းမျှ မက်ထရစ်တန် (၄၀,၀၀၀) လောက်ရှိပါတယ်။ shwekhitonlinetv.com
၅။ အင်ဒိုနီးရှား

အိန္ဒိယသမုဒ္ဒရာ နဲ့ ပစိဖိတ်သမုဒ္ဒရာတို့ကြားက ကြီးမားတဲ့ကျွန်းနိုင်ငံတစ်နိုင်ငံဖြစ်တဲ့ အင်ဒိုနီးရှားနိုင်ငံဟာလည်း သမုဒ္ဒရာရေညစ်ညမ်းမှုအတွက် အဓိကတာဝန်ရှိတဲ့အရှေ့တောင်အာရှနိုင်ငံဖြစ်ပါတယ်။ အင်ဒိုနီးရှားနိုင်ငံကနေ ထွက်ရှိတဲ့ စွန့်ပစ်ပလက်စတစ်အညစ်အကြေးကတော့ မက်ထရစ်တန်ချိန်ပေါင်း (၅၆,၃၃၃) တန်ထိရှိပါတယ်။ shwekhitonlinetv.com
၄။ တရုတ်

တရုတ်နိုင်ငံရဲ့ ဧရိယာကြီးမားမှုနဲ့ လူဦးရေများပြားလွန်းမှုကလည်း ဒီစာရင်းရဲ့ထိပ်တန်းအဆင့်ကိုရောက်ရှိစေပါတယ်။ လူဦးရေများပြားလွန်းတာကြောင့် ထုတ်ကုန်တွေအခြားနိုင်ငံတွေထက် ပိုမိုများပြားစွာထုတ်လုပ်ခြင်းရဲ့ ရလဒ်ကတော့ တစ်နှစ်ကိုစွန့်ပစ် ပလက်စတစ်တန်ချိန် (၇၀,၇၀၇) ထိရှိစေခဲ့ပါတယ်။ shwekhitonlinetv.com
၃။ မလေးရှား

အရှေ့တောင်အာရှရဲ့ စွန့်ပစ်ပလက်စတစ် အများပြားဆုံးထုတ်လုပ်နေတဲ့နိုင်ငံဖြစ်တဲ့ မလေးရှားနိုင်ငံကတော့ ဒီစာရင်းမှာ အဆင့် (၃) နေရာရှိပြီး တစ်နှစ်ကို မက်ထရစ်တန် (၇၃,၀၉၈) ထိ ပလက်စတစ်တွေကို ပင်လယ်သမုဒ္ဒရာတွေအတွင်းထုတ်လွှတ်နေတာပါ။ shwekhitonlinetv.com
၂။ အိန္ဒိယ

အိန္ဒိယနိုင်ငံဟာဒီစာရင်းရဲ့ အဆင့် (၂) မှာရှိနေပြီး တစ်နှစ်ကိုပလက်စတစ်စွန့်ပစ်တန်ချိန်ပေါင်း (၁၂၆,၅၁၃) ထိထုတ်လုပ်နေတာဖြစ်ပါတယ်။ ဒါဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေနဲ့စာရင် အတော်လေးကိုနည်းပါးသွားတဲ့ ပမာဏလို့ဆိုနိုင်ပြီး စွန့်ပစ်ပလက်စတစ်တွေကို ပြန်လည်အသုံးချခြင်းနဲ့ ပလက်စတစ်အစားထိုး စက္ကူအိတ်တွေကို တွင်ကျယ်စွာအသုံးပြုခဲ့ခြင်းရဲ့ ရလာဒ်ပဲဖြစ်ပါတယ်။ shwekhitonlinetv.com
၁။ ဖိလစ်ပိုင်

အရှေ့တောင်အာရှတိုက်က ဖိလစ်ပိုင်နိုင်ငံရဲ့ စွန့်ပစ်ပလက်စတစ်ထုတ်လုပ်မှုကတော့ မယုံနိုင်လောက်အောင်ပဲများပြားလှပြီး ဒုတိယနေရာက အိန္ဒိနိုင်ငံထက် (၃) ဆလောက်များတာကြောင့် ဒီစာရင်းရဲ့ ထိပ်ဆုံးနေရာမှာရှိနေတာဖြစ်ပါတယ်။ ဖိလစ်ပိုင်နို်င်ငံရဲ့ တစ်နှစ်ပျမ်းမျှ စွန့်ပစ်ပလက်စတစ်ထုတ်လုပ်မှုကတော့ (၃၅၆,၃၇၁) အထိရှိပါတယ်။ shwekhitonlinetv.com
Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။
Be the first to comment
You must log in to post a comment.