တစ်ကယ့် အပြင်လောကရဲ့ ကြောက်စရာအကောင်းဆုံး သရဲခြောက်တဲ့ အိမ် ( ၁၀ ) အကြောင်း

ပရိတ်သတ်ကြီးရေ … သရဲခြောက်ခံရတယ်ဆိုတာ လူတိုင်း တစ်သက်မှာတစ်ခါတော့ ကြုံဖူးကြမယ်ထင်ပါတယ်နော် ..။ တစ်ချို့က အသံပေးပြီးခြောက်တာ ခံရသလို ၊ တစ်ချို့ကတော့ မျက်ဝါးထင်ထင် အခြောက်ခံကြရပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် သရဲခြောက်တာကို သိရတာနဲ့တင် ကျောချမ်းစရာကောင်းနေပါပြီနော်..။ ဒါဆိုရင် အခုပြောပြပေးသွားမှာကတော့ ကမ္ဘာပေါ်မှာ ‌နာမည်အကြီးဆုံးနဲ့ ကြောက်စရာအကောင်းဆုံး သရဲခြောက်တယ်ဆိုပြီး စာရင်းပြုစုထားတဲ့ အိမ် ( ၁၀ ) အိမ်အကြောင်းပဲဖြစ်ပါတယ်။ ဆက်ကြည့်လိုက်ရအောင် …။ shwekhitonlinetv.com

  • ၁၀။ Myrtles Plantation

ဒီအိမ်ကိုတော့ ( ၁၇၉၆ ) ခုနှစ်မှာတည်ဆောက်ခဲ့ပြီး အာဖရိက ကျေးကျွန်တွေကို လယ်ယာမြေမှာ ခိုင်းစေဖို့အတွက်နဲ့ သူတို့နေထိုင်ဖို့အတွက် ဆောက်ခဲ့တာလို့ သိရပါတယ်။ နှစ်ပေါင်းများစွာ အိမ်ရှင်တွေနဲ့ ကျေးကျွန်တွေကြားမှာ ကြောက်မက်စရာ ကိစ္စတွေဖြစ်ပေါ်လေ့ရှိပြီး အခုဆိုရင် ဒီအိမ်ကြီးမှာ စန္ဒယားတီးခတ်နေတဲ့ သရဲတွေရှိနေတယ်လို့ ဆိုပါတယ် ။ အခုထိ အိမ်ကြီးရဲ့နေရာစုံမှာ ရိုက်ပုတ်သံတွေကြားရလေ့ရှိပြီး ဒါဟာ သူတို့ စိတ်ဆိုးနေတဲ့အခါမှာ ကြားရလေ့ရှိတယ်လို့ အိမ်သားတွေကပြောပါတယ်။ shwekhitonlinetv.com

  • ၉။ The Tower of London

ဒီအိမ်ကြီးကတော့ နှစ်ပေါင်း ( ၁၀၀၀ ) သက်တမ်းရှိနေပြီး မင်းမျိုးမင်းနွယ်တွေရဲ့ အုပ်ချုပ်မှုနဲ့အတူ များစွာသော စစ်ပွဲတွေနဲ့ အကြမ်းဖက်သမိုင်းတွေလည်း ရှိခဲ့ပါတယ်။ ဒီအိမ်ကြီးမှာဆိုရင် လူထောင်ပေါင်းများစွာ ညှဥ်းပန်းနှိပ်စက်ခံရပြီး ခေါင်းဖြတ်သတ်ခံခဲ့ရပါတယ်။ ဒါဆိုရင် ဒီသရဲတွေရဲ့ပုံစံက ဘယ်လိုပုံဖြစ်နေမလဲ ..။ ကျွန်မလဲသေချာတော့မသိပါဘူးနော် ..။ ဒါပေမယ့် ဒီနေရာဟာ လန်ဒန်မြို့ရဲ့ အကြီးဆုံး ခရီးသွားတွေကို ဆွဲဆောင်နိုင်တဲ့ နေရာတစ်ခု ဖြစ်နေပါတယ်။ shwekhitonlinetv.com

  • ၈။ Eastern State Penitentiary

ဒီအကျဥ်းထောင်ဟာဆိုရင်တော့ အမေရိကန်ရဲ့ အဆိုးဆုံးရာဇဝတ်ကောင်တွေကိုသာ ထားတဲ့အတွက် သူတို့ရဲ့ အိမ်လိုမျိုး ဖြစ်နေပါတယ်။ အကျဥ်းထောင်ရဲ့ ဘလောက် ( ၁၂ )၊ ( ၆ ) နဲ့ ( ၄ ) တွေမှာဆိုရင် သရဲတွေက သူတို့ကို ပြစ်မှုကျူးလွန်ခဲ့တဲ့ ရာဇဝတ်ကောင်တွေကို ခြောက်လေ့ရှိတယ်လို့သိရပါတယ်။ shwekhitonlinetv.com

  • ၇။ The Queen Mary

ဒီသ‌‌င်္ဘောကြီးကတော့ အပန်းဖြေခရီးထွက်တဲ့သူတွေအတွက် Laxury Hotel အဖြစ်ပြုလုပ်ထားတာပါ။ ဒါပေမယ့် ဒီသင်္ဘောကြီးရဲ့ သမိုင်းမှာတော့ အင်ဂျင်ခန်းအတွင်းမှာ မတော်တဆသေဆုံးခဲ့ရတဲ့ သင်္ဘောသားတွေအပြင် တစ်ခြားသင်္ဘောတွေနဲ့ တိုက်မိလို့ သေခဲ့ရတဲ့ သင်္ဘောသားတွေရဲ့ ကြောက်စရာပုံပြင်တွေရှိနေခဲ့ပါတယ်။ အခုဆိုရင် သင်္ဘောပေါ်က ခရီးသည်တွေက သူတို့ရဲ့ အသံတွေကို ကြားရရုံတင်မကဘဲ ပရိဘောဂတွေ ရွေ့နေတာ၊ လူတွေကို လာထိတွေ့တာကို ခံစားရလေ့ရှိပြီး အဖြူရောင်အမျိုးသမီးပုံစံ တစ္ဆေကို မြင့်တွေ့လေရှိတယ်လို့ဆိုပါတယ်။ shwekhitonlinetv.com

  • ၆။ Waverly Hills Sanatorium

ဒီအဆောက်အဦးကတော့ ( ၁၉၁၀ ) ခုနှစ်က တီဘီရောဂါခံစားနေရတဲ့ လူနာတွေကိုထားဖို့ တည်ဆောက်ခဲ့တဲ့ ဆေးရုံပဲ ဖြစ်ပါတယ်။ ဒီဆေးရုံမှာဆိုရင် လူနာပေါင်း ( ၁၀၀၀ )ကျော် သေဆုံးခဲ့တယ်လို့ ခန့်မှန်းသိရှိခဲ့ပါတယ်။ အခုဆိုရင် သရဲတွေဟာ ဆေးရုံထဲမှာ လျှောက်သွားနေပြီးတော့ စူးစူးဝါးဝါးအော်သံတွေ၊ အရိပ်တွေကို မြင်ရတယ်လို့ သိရပါတယ်။ ကြောက်စရာကြီးနော် …။ shwekhitonlinetv.com

  • ၅။ The Whaley House

ဒီအိမ်ကိုတော့ ( ၁၈၅၇ ) ခုနှစ်က သင်္ချိုင်းမြေပေါ်မှာ ဆောက်ခဲ့တဲ့အိမ်အဖြစ် လူသိများပါတယ်။ အိမ်မှာ ဘယ်သူမှမရှိတဲ့အခါတွေမှာဆိုရင် အိမ်ထဲကနေ မီးတွေ ဖွင့်တာ၊ ပိတ်တာတွေကို မြင်ရလေ့ရှိပါတယ်။ နောက်ပြီးတော့ ဘယ်သူမှ ဆေးလိပ်မသောက်ပဲ ဆေးပြင်းလိပ်နံ့ရတာတွေ၊ ဘယ်သူမှအနားမှာမရှိပဲ အမွှေးနံ့ရတာမျိုးတွေ ဖြစ်နေပါသေးတယ်တဲ့..။ ကြည့်ရတာ ဒီတစ္ဆေက အဆင့်အတန်း မြင့်မြင့်ထဲကဖြစ်မယ်နော် ..။ shwekhitonlinetv.com

  • ၄။ Raynham Hall

အင်္ဂလန်နိုင်ငံ Norfolk မှာရှိတဲ့ ဒီအိမ်ကြီးက Lady Dorothy Townshend လို့ခေါ်တဲ့ တစ္ဆေကို မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးနိုင်ခဲ့လို့ အကျော်ကြားဆုံး သရဲခြောက်တဲ့အိမ်ဖြစ်ခဲ့ရပါတယ်။ ဒီတစ္ဆေကိုတော့ The Brown Lady လို့နာမည်ပေးထားပြီး သူမရဲ့ပုံစံဟာ ဖဲသားဝတ်စုံနဲ့တောက်ပနေပြီးတော့ မျက်လုံးတွေကတော့ ရှိမနေပါဘူးတဲ့ …။သူမကိုအိမ်ကြီးထဲမှာ မကြာခဏတွေ့ရလေ့ရှိပါတယ်။ ကြောက်စရာကြီးနော်..။ shwekhitonlinetv.com

  • ၃။ The Whitehouse

အိမ်ဖြူတော်မှာရှိတဲ့ သေဆုံးပြီးသား သမ္မတွေဟာဆိုရင် အသက်ရှိစဥ်က အရမ်းကိုအလုပ်များခဲ့ကြပြီး သေဆုံးပြီးသည့်တိုင်အောင် အလုပ်တွေမပြီးသေးဘူးလို့ စိတ်စွဲနေတယ်လို့ ထင်ရပါတယ်။ သူတို့တွေက အိမ်ဖြူတော်မှာရှိတဲ့ လုပ်စရာအလုပ်တွေကိုရှာပြီး ဘာလုပ်ရမယ်ဆိုတာ သမ္မတအသစ်တွေကိုပြောပြဖို့ ကြိုးစားနေကြပါတယ်တဲ့ ..။ တာဝန်ထမ်းဆောင်ခဲ့တဲ့ သမ္မတ Abraham Lincoln ဟာဆိုရင် သမ္မတအသစ် Barrack O’Bama ကို ( ၅၂ ) ခုမြောက် ပြည်နယ်အဖြစ် ကနေဒါကို ဝယ်ယူဖို့ ကြိုးစားနေတဲ့ သူ့ရဲ့အစီအစဥ်ကို ပြောပြခဲ့တယ်လို့ သိရပါတယ်။ ကြောက်စရာကောင်းသလို သနားစရာလဲကောင်းတယ်နော် …။ shwekhitonlinetv.com

  • ၂။ Rolling Hills Asylum

ဒီအဆောက်အအုံကိုတော့ စိတ်မနှံ့တဲ့ သူတွေကို ထားဖို့ အသုံးပြုခဲ့ပြီး နောက်ပိုင်းမှာတော့ ဈေးဝယ်စင်တာအဖြစ်ပြောင်းလဲခဲ့ပါတယ်။ တစ္ဆေတွေရဲ့ ဆိုးရွားတဲ့ အော်ဟစ်သံတွေ ၊ ပိတ်ထားတဲ့တံခါးတွေနဲ့ ထူးဆန်းတဲ့အသံတွေကြားရတယ်ဆိုတဲ့ သတင်းတွေအရ စစ်ဆေးမှုတွေပြုလုပ်ခဲ့တဲ့အချိန်မှာ ထူးဆန်းတဲ့ ဇာတ်လမ်းတွေကို သိခဲ့ရပါတယ်။ စုံစမ်းစစ်ဆေးသူတွေက မျက်မြင်သက်သေတွေရှေ့မှာ ဝိညာဥ်တွေကို ဆင့်ခေါ်ခဲ့ပြီး စမ်းသပ်မှုတွေ ပြုလုပ်ခဲ့တယ်လို့သိရပါတယ်။ shwekhitonlinetv.com

  • ၁။ The Stanley Hotel

အားလုံးစိတ်ဝင်စားနေကြတဲ့ နံပါတ် ( ၁ ) နေရာမှာ ရှိနေတဲ့ ကြောက်စရာအကောင်းဆုံးအိမ်ကတော့ The Stanley Hotel ပဲဖြစ်ပါတယ်။ ဒီ ဟိုတယ်ကတော့ နာမည်ကြီး သရဲပုံပြင်ဖြစ်တဲ့ “The Shining” ရဲ့အစဖြစ်မယ်လို့ ထင်ပါတယ် ။ ဧည့်သည်တွေက ညလုံးပေါက် ကစားနေတဲ့ ကလေးတွေရဲ့အသံတွေနဲ့ အတူ နိုးထလာရတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ဧည့်သည်တွေနိုးလာတိုင်း သူတို့ခြုံထားတဲ့ စောင်တွေဟာ ကိုယ်ပေါ်မှာမရှိတော့ပဲ ဘေးမှာ‌ခေါက်ထားတာကို တွေ့ခဲ့ရပါတယ်။ ဟိုတယ်မှာ ရှိနေတဲ့ အခန်းတော်တော်များများမှာ တစ္ဆေတွေ ရှိနေပါတယ်တဲ့ ..။ ဘယ်လိုလဲ.. သွားကြည့်ချင်နေပြီလား ပရိတ်သတ်ကြီးရေ ..။ shwekhitonlinetv.com

အပေါ်မှာဖော်ပြခဲ့တဲ့အရာတွေကတော့ ကမ္ဘာ့နာမည်အကြီးဆုံး သရဲခြောက်တဲ့ အိမ် ( ၁၀ )အိမ်ပဲ ဖြစ်ပါတယ်။ ဒီအကြောင်းအရာနဲ့ပါတ်သတ်ပြီး ပရိတ်သတ်ကြီးလည်း ဘယ်လိုထင်လဲဆိုတာ ပြောပေးခဲ့ပါဦးနော် ..။ shwekhitonlinetv.com

ယခုဆောင်းပါးကို Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။