တစ်နာရီကို (၂၅) မိုင်နှုန်းနဲ့ အသာလေး ပြေးနိုင်မယ့် ကမ္ဘာ့အမြန်ဆုံး ဖိနပ်အကြောင်း

ပရိသတ်ကြီးကို အခုတစ်ခေါက်မှာတော့ အထူးအဆန်း တစ်ခုအနေနဲ့ ပြောပြပေးချင်တာကတော့ ကမ္ဘာ့အမြန်ဆုံး ဖိနပ်အကြောင်းပဲ ဖြစ်ပါတယ်။ သာမန်စီးနေကျ ဖိနပ်တွေထက် ဘယ်လိုထူးခြားတာတွေ ထည့်ထားလို့ အခုလိုမျိုး မြန်နေရလဲဆိုတာကတော့ အောက်မှာ ဖော်ပြထားလို့ အတူတူ လေ့လာကြည့် လိုက်ရအောင်နော် ။ shwekhitonlinetv.com

စက်ရုပ် ဖိနပ် ( Bionic Boots ) လို့ အမည်ပေးထားတဲ့ ဒီဖိနပ်ဟာဆိုရင် လက်ရှိမှာတော့ ကမ္ဘာပေါ်မှာ အမြန်ဆုံးဖိနပ် အဖြစ်စာရင်းဝင်ထားပါတယ်။ ဖန်တီးထားတဲ့သူကတော့ အမေရိကန်နိုင်ငံ ဆန်ဖရန်စ္စကို မြို့မှာနေထိုင်တဲ့ Keahi Seymour ဆိုသူ အမျိုးသား တစ်ဦးပဲ ဖြစ်ပါတယ် ။ shwekhitonlinetv.com

Keahi Seymour ဟာ ဒီဖိနပ်ကို ဖန်တီးတဲ့ အခါမှာ ကားတစ်စီးလိုမျိုး မြန်ဆန်တဲ့ အရှိန်ကို ရရှ်ိစေဖို့ အတွက် ရှေ့ပြေး အသေးစား ပုံစံတစ်ခုကို ဖန်တီးခဲ့ပါတယ်။ ဒီလိုမျိုး ဖန်တီးရတာ လွယ်ကူတဲ့ အလုပ်တစ်ခု မဟုတ်ပဲ ဖိနပ်ရဲ့ ကိုယ်ထည်ကို မာကျောပြီး စီးရလွယ်စေဖို့ အတွက် အလှုမီနီယမ်နဲ့ ကာဘွန်ဖိုက်ဘာတွေကို မျှော့ကြိုးတွေနဲ့ ပေါင်းစပ်ခဲ့ရတာပဲ ဖြစ်ပါတယ်။ shwekhitonlinetv.com

ကမ္ဘာ့အမြန်ဆုံး ဖိနပ်တစ်ရံကို ရဖို့အတွက် Keahi Seymour ဟာ အချိန်အတော်ကြာ သေချာလေ့လာခဲ့ရတာပါ။ ဒီလိုလေ့လာတဲ့ အခါမှာလည်း အပြေးအမြန်ဆုံး သတ္တဝါတွေရဲ့ လှုပ်ရှားပုံတွေကိုပါ လေ့လာခဲ့ရပြီး အခု သူတီထွင်ထားတဲ့ ဒီဖိနပ်မှာ ကမ္ဘာကြီးပေါ်က ဘယ်သတ္တဝါနဲ့မဆို ယဉ်ပြီးပြေးနိုင်တယ်လို့ ပြောထားပါတယ်။ ဒါ့အပြင် ဒီဖိနပ်ကို စီးပြီး မတ်တပ်ရပ်လိုက်တဲ့ အခါ Keahi Seymour ရဲ့ အရပ်ဟာ ( ၇ ) လောက်မြင့်သွားပြီး ပြေးကြည့်မယ်ဆိုရင် တစ်နာရီကို ( ၂၅ ) မိုင်နှုန်းအထိ ပြေးနိုင်ပါတယ် ။ shwekhitonlinetv.com

သူတီထွင်ထားတဲ့ စက်ရုပ် ဖိနပ်ဟာ ရှေ့ပြေး နမူနာ ဒီဇိုင်း တစ်ခုသာ ဖြစ်ပြီး နယူးယောခ့်မြို့မှာ ကျင်းပခဲ့တဲ့ တီထွင်မှုပြပွဲတစ်ခုမှာလည်း ပြသခဲ့ပါတယ်။ ဒီဖိနပ်ကို တီထွင်ရတဲ့ ရည်ရွယ်ချက်ကတော့ လာမယ့်အနာဂတ်ကာလမှာ လူသားတွေရဲ့ သယ်ယူပို့ဆောင်ရေး ကဏ္ဏကို ပိုမို မြန်ဆန်စေချင်တာကြောင့်လို့ Keahi Seymour က ပြောထားပါတယ်။ သူပြောခဲ့သလိုမျိုး ဒီဖိနပ်စာ တစ်ကယ်ပဲ အကျိုးရှိစေမလားဆိုတာကတော့ စောင့်ကြည့်ချင်စရာ ကောင်းလှပါတယ်။ shwekhitonlinetv.com

အခုဖော်ပြပေးထားတာ ကတော့ ကမ္ဘာ့အမြန်ဆုံး ဖိနပ် အကြောင်းကို ပရိသတ်ကြီး ဗဟုသုတ ရစေဖို့အတွက် ရှာဖွေ ဖော်ပြပေးထားတာပဲ ဖြစ်ပါတယ်။ နောက်ပိုင်းတွေမှာလည်း အခုလိုမျိုး ဗဟုသုတရစေမယ့် အကြောင်းအရာလေးတွေကို ရှာဖွေတင်ဆက်ပေးမှာမို့လို့ Shwe Khit ကို စောင့်မျှော်ဖတ်ရှုပေးကြပါဦးနော် ….. shwekhitonlinetv.com

ယခုဆောင်းပါးကို Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။