ကမ္ဘာ့ထိပ်တန်းနိုင်ငံ အထူးတပ်ဖွဲ့တွေရဲ့ အကြမ်းစား စစ်ဝတ်စုံများ

နိုင်ငံတစ်နိုင်ငံရဲ့ မရှိမဖြစ်အရာတွေထဲက တစ်ခုဖြစ်တဲ့ နိုင်ငံ ကာကွယ်ရေးဟာဆိုရင် အရေးကြီးတဲ့ နေရာတစ်ခုမှာ ပါဝင်လို့ နေပါတယ်။ ဒီလို နေရာမှာ တာဝန်ထမ်းဆောင်နေကြတဲ့ သူတွေရဲ့ စစ်သားတွေဟာဆိုရင် ကျွမ်းကျင်မှုတွေအပြင် အခြားသော အရည်အချင်း များစွာလည်း လိုအပ်ပါတယ်။ shwekhitonlinetv.com

နောက်ပြီး အသုံးပြုကိုင်ဆောင်တဲ့ လက်နက်တွေအပြင် စစ်ဝတ်စုံတွေကလည်း အရေးကြီးတာကြောင့် နိုင်ငံတစ်နိုင်ငံချင်းစီက အထူးတပ်ဖွဲ့ဝင်တွေရဲ့ ဝတ်စုံတွေကို ဗဟုသုတရအောင် ဖော်ပြပေးလိုက်ပါတယ်နော်… shwekhitonlinetv.com

၁။ ပြင်သစ် အထူးကွန်မန်ဒါတပ်ဖွဲ့

အခုမြင်နေရတဲ့ ဝတ်စုံကတော့ ပြင်သစ်နိုင်ငံ အထူးကွန်မန်ဒါ အဖွဲ့ရဲ့ ဝတ်စုံလည်း ဖြစ်ပါတယ်။ ဒီဝတ်စုံကိုတော့ ၁၉၉၂ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ ပါရှန်းပင်လယ်ကွေ့က စစ်ပွဲတစ်ခုအတွင်းမှာ အသုံးပြု ဝတ်ဆင်ခဲ့တာပါ ။ ဝတ်စုံရဲ့ ထူးခြားချက်ကတော့ ညဘက် တိုက်ပွဲတွေအတွက်ပါ အဆင်ပြေအောင် ဖန်တီးပေးထားတာပဲ ဖြစ်ပါတယ် ။ shwekhitonlinetv.com

၂။ အမေရိကန်နိုင်ငံ SEALS တပ်ဖွဲ့

SEALS လို့ခေါ်တဲ့ တပ်ဖွဲ့ဟာဆိုရင် အမေရိကန်နိုင်ငံရဲ့ အင်အားအကြီးဆုံး တပ်ဖွဲ့တစ်ခုလည်း ဖြစ်ပါတယ်။ ဒီတပ်ဖွဲ့ဟာဆိုရင် စစ်မြေပြင်ရဲ့ ပင်လယ်ပြင် ၊ ဝေဟင် နဲ့ ကုန်းတွင်းတိုက်ပွဲတွေမှာပါ ပါဝင်ပြီး တာဝန်ထမ်းဆောင်ရတာပဲ ဖြစ်ပါတယ်။ shwekhitonlinetv.com

၃။ ကနေဒါနိုင်ငံ အထူးတပ်ဖွဲ့

ကနေဒါနိုင်ငံ အထူးတပ်ဖွဲ့ဝင်တွေရဲ့ ဝတ်စုံက ထူးခြားလှသလို သူတို့ ထမ်းဆောင်ရတဲ့ တာဝန်တွေကလည်း များပြားလှပါတယ်။ ဘယ်လိုတာဝန်မျိုးတွေလဲဆိုရင် ဓားစာခံ ကယ်ဆယ်ရေး ၊ အစိုးရ အရာရှိကြီးတွေရဲ့ လုံခြုံရေး တာဝန်နဲ့ အကြမ်းဖက်အဖွဲ့တွေကို ပြန်လည်တိုက်ခိုက်တဲ့ လုပ်ငန်းစဉ်တို့ကို လျှို့ဝှက်စွာ လုပ်ဆောင်ကြရတာပဲ ဖြစ်ပါတယ် ။ shwekhitonlinetv.com

၄ ။ ဒိန်းမတ် ရေကြောင်းတပ်ဖွဲ့

အခုမြင်ရတာကတော့ Danish Frogmen Corps လို့ခေါ်တဲ့ ဒိန်းမတ်နိုင်ငံက ရေကြောင်းတပ်ဖွဲ့ပဲဖြစ်ပါတယ်။ ဒီအဖွဲ့ထဲမှာပါတဲ့ တပ်ဖွဲ့ဝင်တွေဟာဆိုရင် ရေအောက်ထဲ အသက်ရှု ကိရိယာနဲ့ ရေငုပ်ရခြင်းအပြင် ရေအောက်ထဲမှာ နည်းဗျုဟာကျစွာ ရေကူးရတာတွေကို လေ့ကျင့်ကြရပါတယ် ။ ဒါ့ကြောင့် ဒီတပ်ဖွဲ့ဝင်တွေဟာ ရေအောက်မှာလည်း တိုက်ခိုက်နိုင်ကြတာပဲ ဖြစ်ပါတယ်။ shwekhitonlinetv.com

၅။ ပီရူးနိုင်ငံ အထူးတပ်ဖွဲ့

ပီရူးနိုင်ငံ အထူးတပ်ဖွဲ့ဝင်တွေရဲ့ ထူးခြားချက်က သူတို့ရဲ့ ဝတ်စုံကြောင့် မဟုတ်ပါဘူး ။ ထူးခြားတာက သူတို့ရဲ့ မျက်နှာပေါ်မှာ ခြယ်ထားတဲ့ ပုံစံကြောင့် ဖြစ်ပြီး တစ်ဖက်ရန်သူကို အိမ်မက်ဆိုးတွေ မက်သွားစေနိုင်ပါတယ်။ shwekhitonlinetv.com

၆။ ဗြိတိန်နိုင်ငံ SAS တပ်ဖွဲ့

ဗြိတိန်နိုင်ငံ လေကြောင်းအထူးတပ်ဖွဲ့လို့ ခေါ်ကြတဲ့ (The British SAS ) ကို ၁၉၄၁ ခုနှစ်မှာ စတင်ဖွဲ့စည်းခဲ့တာပဲ ဖြစ်ပါတယ်။ ဒီအဖွဲ့ရဲ့ နာမည်အကြီးဆုံး မစ်ရှင်တစ်ခုကတော့ ၁၉၈၂ ခုနှစ်တုန်းက အီရန်နိုင်ငံထဲက သံရုံးဝန်ထမ်း ဓားစာခံတွေကို အောင်မြင်စွာ ကယ်ထုတ်နိုင်ခဲ့တာလည်း ဖြစ်ပါတယ် ။ ယနေ့အချိန်အထိလည်း ဒီတပ်ဖွဲ့ဟာရှိနေဆဲ ဖြစ်ပြီး အကြမ်းဖက် လုပ်ရပ်တွေကို တန်ပြန်တိုက်ခိုက်တဲ့ လုပ်ငန်းစဉ်တွေကို ထမ်းဆောင်နေပါတယ် ။ shwekhitonlinetv.com

၇။ ထိုင်ဝမ် အထူးတပ်ဖွဲ့

ROC လို့ ခေါ်တဲ့ ထိုင်ဝမ် အထူးတပ်ဖွဲ့ဝင်တွေရဲ့ ဝတ်စုံတွေ ကတော့ အတော်လေးကို ထူးဆန်းလှပါတယ်။ သူတို့ မျက်နှာမှာ ဝတ်ဆင်ထားတဲ့ မျက်နှာဖုံးတွေဟာ ကျည်ကာနိုင်တယ်လို့ သိရပြီး သံထည်နဲ့ ပြုလုပ်ထားတာလည်း ဖြစ်ပါတယ်။ shwekhitonlinetv.com

အခုဖော်ပြပေးထားတာတွေကတော့ နိုင်ငံတစ်နိုင်ငံချင်းစီက အထူးတပ်ဖွဲ့ဝင်တွေရဲ့ ကွဲပြားခြားနားလှတဲ့ ယူနီဖောင်းတွေကို ဗဟုသုတရစေရန်အတွက် ရှာဖွေစုစည်းပြီး ဖော်ပြပေးထားတာပဲ ဖြစ်ပါတယ်။ နောက်ပိုင်းတွေမှာလည်း အခုလိုမျိုး ဗဟုသုတရစေမယ့် အကြောင်းအရာလေးတွေကို ရှာဖွေတင်ဆက်ပေးမှာမို့လို့ Shwe Khit ကိုစောင့်မျှော်ဖတ်ရှုပေးကြပါဦးနော်….. shwekhitonlinetv.com

ယခုဆောင်းပါးကို Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။

Be the first to comment

Leave a Reply