ယနေ့အချိန်အထိ အဖြေ မရှာနိုင်သေးတဲ့ ပဟေဠိဆန်ဆန် အကြောင်းအရာများ

Shwe Khit ပရိသတ်ကြီးကို ဒီတစ်ခေါက်မှာတော့ ကမ္ဘာကြီးပေါ်က ပဟေဠိဆန်ဆန် တည်ရှိနေတဲ့ အကြောင်းအရာ တစ်ချို့ကို ပြောပြပေးသွားမှာပဲ ဖြစ်ပါတယ် ။ ဒါ့ကြောင့် ပရိသတ်ကြီးအနေနဲ့ ဗဟုသုတရစေဖို့အတွက် အောက်ကပုံလေးတွေ တစ်ပုံချင်းစီကို ကြည့်လိုက်ပါဦးနော် ။ shwekhitonlinetv.com

၁။ Moeraki ကျောက်တုံးကြီးများ

နယူးဇီလန်နိုင်ငံမှာတည်ရှိတဲ့ Moeraki ကျောက်တုံးကြီးတွေရဲ့ ထူးခြားချက်ကတော့ သူတို့ရဲ့ အရွယ်အစားနဲ့ ပုံသဏ္ဍာန်ကြောင့်ပဲ ဖြစ်ပါတယ် ။ လူလုပ်မဟုတ်ပဲ သဘာဝအတိုင်းဖြစ်ပေါ်နေတဲ့ ဒီကျောက်တုံးကြီးတွေဟာ အားလုံးပေါင်း အတုံး ( ၅၀ ) လောက်ရှိပြီး ဘာလိုကြောင့် အခုလိုမျိုး ဖြစ်တည်နေတာလဲဆိုတာကတော့ တိတိကျကျ မသိနိုင်ကြသေးပါဘူး ။ shwekhitonlinetv.com

၂။ စဖင့်ရုပ်တုကြီး

အီဂျစ်နိုင်ငံမှာတည်ရှိတဲ့ စဖင့်ရုပ်တုကြီးကို ဘူမိဗေဒပညာရှင်တစ်ယောက်ဖြစ်တဲ့ Robert Schoch ဆိုသူက လေ့လာကြည့်တဲ့အခါ ထူးဆန်းတာတစ်ခုကို တွေ့ရှိခဲ့ရပါတယ်။ ဒါကတော့ အခုမြင်တွေ့နေရတဲ့ စဖင့်ရုပ်တုရဲ့ ဦးခေါင်းဟာ ကနဦးအစတုန်းက ခြင်္သေ့ဦးခေါင်းရှိနေတယ်ဆိုတာပါပဲ ။ shwekhitonlinetv.com

နောက်ပိုင်းမှာတော့ ဖာရိုဘုရင်ကြီးရဲ့ အမိန့်အရ ခြင်္သေ့ခေါင်းပုံကို ဖြတ်ထုတ်လိုက်ပြီး ဖာရိုဘုရင်ကြီးရဲ့ ထူးထူးခြားခြား ပြုံးနေတဲ့ပုံစံကို အစားထိုးခဲ့တာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် သိပ္ပံသဘောတရားအရ သိပ္ပံသဘောတရားအရ ကြည့်မယ်ဆိုရင်တော့ ဒီအယူအဆကို အပြည့်အ၀ ထောက်ခံလို့မရပါဘူး ။ shwekhitonlinetv.com

၃။ တည်ဆောက်တာ မပြီးစီးခဲ့တဲ့ ပိရမစ်ကြီး

အီဂျစ်နိုင်ငံက နောက်ထပ် ပိရမစ်တစ်ခုဖြစ်တဲ့ Zawiyet el-Aryan ပိရမစ်ကြီးကို ဆယ်စုနှစ်တစ်ခု ကြာတဲ့အထိ ခရီးသွားဧည့်သည်တွေအတွက် ကန့်သတ်ချက်ရှိခဲ့တဲ့ နေရာတစ်ခုလည်း ဖြစ်ပါတယ် ။ ဒီပိရမစ်ကြီးရဲ့ အောက်ခြေအနက်ဟာ ၇၅ မီတာလောက်အထိ နက်ပြီး အောက်ခြေတစ်ပြင်လုံးကို ထုံးကျောက်တုံးကြီးတွေနဲ့ တည်ဆောက်ထားပါတယ်။ shwekhitonlinetv.com

သိပ္ပံပညာရှင်တွေကို အံ့အားသင့်စေတဲ့အချက်ကတော့ ရှေးခေတ် အီဂျစ်လူမျိုးတွေဟာ ဒီကျောက်တုံးကြီးတွေကို ခေတ်မှီတဲ့ နည်းပညာတွေမရှိပဲနဲ့ မျက်နှာပြင်ကို ဘယ်လိုချောမွေ့အောင် လုပ်ခဲ့ကြလဲဆိုတာပါပဲ ။ shwekhitonlinetv.com

၄။ Taos မြို့က ထူးဆန်းသောအသံများ

အမေရိကန်နိုင်ငံ နယူးမက္ကစီကိုပြည်နယ်မှာရှိတဲ့ Taos မြို့မှာနေထိုင်သူတွေဟာ နှစ်ပေါင်းများစွာတည်းက ဘယ်ကနေမှန်းမသိတဲ့ ထူးထူးဆန်းဆန်းအသံတွေကို ကြားနေခဲ့ရတာပဲ ဖြစ်ပါတယ်။ ဘယ်လို အသံမျိုးလဲဆိုတော့ ယာဉ်ကြီးတစ်ခုဟာ လမ်းမကြီးပေါ်ကို ရွေ့လျားနေတဲ့ အသံမျိုးပဲ ဖြစ်ပါတယ် ။ ဒါပေမယ့် ဒီမြို့ရဲ့ အနီးနားတစ်ဝိုက်မှာ လမ်းမကြီးတစ်ခုမှ မရှိပါဘူးတဲ့ ။ shwekhitonlinetv.com

၅။ ပစိဖိတ်သမုဒ္ဒရာပေါ်မှာ ထွက်ပေါ်လာတဲ့ မီးရောင်များ

ဒီလို ထူးခြားတဲ့ ဖြစ်စဉ်ကို ပထမဆုံးမြင်ခဲ့တဲ့သူကတော့ Christiaan van Heijst ဆိုသူပဲ ဖြစ်ပါတယ်။ သူဟာ Boeing 747-8လေယာဉ်နဲ့ ဟောင်ကောင်ကနေ အလာစကာကို လေယာဉ်စီးလာရင်း အခုလို တောက်ပနေတဲ့ မီးရောင်တွေကို သတိထားမိခဲ့တာပဲ ဖြစ်ပါတယ်။ ဒီမီးရောင်တွေဟာ ဝေးလံတဲ့ နေရာကနေ လျှပ်စီးလက်ပြီးနောက်ပိုင်း ပေါ်လာခဲ့တာလို့ Christian က ပြောခဲ့ပါတယ် ။ shwekhitonlinetv.com

အခုလို ထူးခြားတဲ့ ဖြစ်စဉ်ကို ယနေ့အချိန်အထိ တိတိကျကျ မဖြေရှင်းနိုင်ကြသေးပါဘူး ။ တစ်ချို့သော သိပ္ပံပညာရှင်တွေရဲ့ ယူဆချက်ကတော့ ပစိဖိတ်သမုဒ္ဒရာရဲ့ အောက်ခြေက မီးတောင်တွေ ပေါက်ကွဲရာကနေ အလင်းရောင်ပြန်လာပြီး အခုလိုမျိုး မီးရောင်တွေ ထွက်လာတာ ဖြစ်တယ်လို့ ပြောခဲ့ပါတယ် ။ shwekhitonlinetv.com

၆ ။ ဂျင်ဂျစ်ခန် အုတ်ဂူ

ရာစုနှစ်ပေါင်းများစွာ အကြာကတည်းက လူတွေဟာ စစ်ဘုရင်ကြီး ဂျင်ဂျစ်ခန်ရဲ့ အုတ်ဂူ အစစ်အမှန်က ဘယ်မှာရှိလဲဆိုတာ သိချင်ခဲ့ကြတာပါ ။

ဂျင်ဂျစ်ခန်ရဲ့ အုတ်ဂူကို တွေ့ရှိဖို့အတွက် မွန်ဂိုလီးယားနိုင်ငံ နဲ့ တရုတ် နိုင်ငံ တွေထဲမှာ ရှာဖွေမှုများစွာ ပြုလုပ်ခဲ့ကြပေမယ့်လည်း ယနေ့အချိန်အထိ သူ့ရဲ့ အုတ်ဂူအစစ်ကို ရှာမတွေ့ခဲ့ကြပါဘူး ။ shwekhitonlinetv.com

အခုဖော်ပြပေးထားတာကတော့ ကမ္ဘာကြီးပေါ်မှာ ယနေ့အချိန်အထိ မဖြေရှင်းနိုင်တဲ့ အကြောင်းအရာ တစ်ချို့ကို ရှာဖွေဖော်ပြပေးထားတာပဲ ဖြစ်ပါတယ် ။ နောက်ပိုင်းတွေမှာလည်း အခုလိုမျိုး ထူးဆန်းတဲ့ အကြောင်းအရာလေးတွေကို ရှာဖွေတင်ဆက်ပေးမှာမို့လို့ Shwe Khit ကို စောင့်မျှော်ဖတ်ရှုပေးကြပါဦးနော် ။ shwekhitonlinetv.com

ယခုဆောင်းပါးကို Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။

Be the first to comment

Leave a Reply