သာမန် ဖြစ်ရိုးဖြစ်စဉ် မဟုတ်ဘဲ ထူးခြားစွာ ကွဲထွက်နေသော အရာများ

ပရိသတ်ကြီးကို အခုတစ်ခါမှာ ပြောပြပေးချင်တဲ့ အကြောင်းအရာကတော့ သာမန်ဖြစ်ရိုးဖြစ်စဉ်တွေကနေ ထူးဆန်းစွာ ကွဲထွက်နေတဲ့ အရာတွေ အကြောင်းကို ဖော်ပြပေးချင်ပါတယ် ။ ဘယ်လို ထူးထူးဆန်းဆန်း ကွဲထွက်နေလဲဆိုတာကတော့ အောက်ကပုံလေးတွေ တစ်ပုံချင်းစီကို ကြည့်လိုက်ပါဦးနော် ။ shwekhitonlinetv.com

၁။ သာမန်ထ ၄ ဆ လောက်ကြီးနေတဲ့ လီမွန်သီး

အခုမြင်နေရတာကတော့ လီမွန် စိုက်ခင်းတစ်ခုကနေ ထွက်ရှိလာတဲ့ ဧရာမ လီမွန်သီး ကြီးပဲ ဖြစ်ပါတယ် ။ တစ်ခြားလီမွန်သီးတွေနဲ့ အရွယ်အစား က ဘယ်လိုကြောင့် ပိုကြီးသွားလဲဆိုတာကတော့ မရှင်းပြတတ်နိုင်အောင် လောက်ပါပဲနော် ။ shwekhitonlinetv.com

၂။ အနက်ရောင် အကြေးခွံနဲ့ ဖွတ်

ဖွတ်သတ္တဝါတွေဟာ တွားသွားသတ္တဝါ အုပ်စုထဲမှာ ပါဝင်ပြီး အမျိုးအစားပေါင်း ( ၆၀၀၀ ) ကျော်လောက်ရှိတဲ့ သတ္တဝါမျိုးစိတ်ပဲ ဖြစ်ပါတယ်။ အခုမြင်နေရတာကတော့ နားရွက်မပါတဲ့ ဖွတ် မျိုးစိတ်ထဲက ဖြစ်ပြီး ထူးထူးခြားခြား အနက်ရောင် အကြေးခွံတွေပါနေတဲ့ ဖွတ်ကလေးပဲ ဖြစ်ပါတယ် ။ နားရွက်မပါတဲ့ ဖွတ်အမျိုးအစားထဲမှာတော့ ဒီလိုမျိုး အနက်ရောင်အကြေးခွံပါတဲ့ ဖွတ်ကလေးတွေဟာ အလွန်ရှားပါးလှတယ်လို့ ဆိုကြပါတယ် ။ shwekhitonlinetv.com

၃။ လေမုန်တိုင်းကြောင့် အပင်နဲ့ အတူ လန်သွားတဲ့ မြက်ခင်းပြင်

ဒါကတော့ နိုင်ငံတစ်ခုမှာ လေမုန်တိုင်း တိုက်ခိုက်တုန်းက အိမ်ခြံဝင်းတစ်ခုရဲ့ သစ်ပင်တွေနဲ့ မြက်ခင်းတွေ လန်သွားတဲ့ ပုံပဲ ဖြစ်ပါတယ် ။ ပုံထဲက အတိုင်းဆိုရင် တိုက်သွားတဲ့ လေမုန်တိုင်းရဲ့ ပြင်းအားက တော်တော်လေးကို ကြောက်ဖို့ကောင်းလှပါတယ် ။ shwekhitonlinetv.com

၄။ ( ၆၆ ) ပေါင် အလေးချိန်ရှိတဲ့ ဂေါ်ဖီထုပ်

ဒီပုံကတော့ လယ်သမားတစ်ဦးရဲ့ စိုက်ခင်းထဲက ထွက်တဲ့ ဧရာမ ဂေါ်ဖီထုပ်ကြီးပဲ ဖြစ်ပါတယ် ။ သူ့ရဲ့ အလေးချိန်ကတော့ ( ၆၆ ) ပေါင်ရှိတာကြောင့် ပိုင်ရှင်ဖြစ်တဲ့ အမျိုးသားဟာ တနင်္ဂနွေနေ့ နေ့လည်စာအတွက် အိမ်ခြေယာမဲ့ ( ၁၂၀ ) လောက်က ို ဒီဂေါ်ဖီထုပ်ကြီးကို ချက်ပြီး ကျွေးနိုင်ခဲ့ပါတယ်တဲ့ ။ shwekhitonlinetv.com

၅။ ဆိုင်းဘုတ်တစ်ခုအပေါ်မှာ အလိုအလျောက် ပေါက်နေတဲ့ သစ်ပင်

ပုံထဲက သစ်ပင်ကတော့ ထူးဆန်းစွာနဲ့ပဲ ဆိုင်းဘုတ်ရဲ့ အပေါ်တည့်တည့်မှာ ပေါက်နေတာပဲ ဖြစ်ပါတယ်။ စိတ်ဝင်စားစရာကောင်းတာက အောက်ခြေ မြေကြီးကနေ အမြစ်ရှိလို့ တွယ်တပ်လာတာမျိုးမဟုတ်ပဲ သဘာဝအလျောက် ဆိုင်းဘုတ်အပေါ်မှာ ပေါက်နေတာပါ ။ shwekhitonlinetv.com

၆။ ထူးဆန်းသော ပုံစံရှိတဲ့ ပိုးဖလံ

ပိုးဖလံတွေဟာဆိုရင် ကျောရိုးမဲ့ သတ္တဝါ အုပ်စုထဲမှာ ပါဝင်နေတဲ့ အကောင်လေးတွေပဲ ဖြစ်ပါတယ် ။ ဒီပုံထဲက ပိုးဖလံလေးဟာဆိုရင် တစ်ခြားသာမန် ပိုးဖလံတွေနဲ့ မတူပဲ ထူးခြားတဲ့ ပုံပန်းသဏ္ဍာန်နဲ့ ကွဲထွက်နေတာပဲ ဖြစ်ပါတယ် ။ shwekhitonlinetv.com

အခုဖော်ပြပေးထားတာကတော့ ကမ္ဘာကြီးပေါ်က သာမန်ဖြစ်ရိုးဖြစ်စဉ်တွေကနေ ကွဲထွက်နေတဲ့ အရာတွေကို စုစည်းဖော်ပြပေးထားတာပဲ ဖြစ်ပါတယ် ။ နောက်ပိုင်းတွေမှာလည်း ထူးဆန်းတဲ့ အကြောင်းအရာလေးတွေကို ရှာဖွေတင်ဆက်ပေးမှာမိုလို့ Shwe Khit ကို စောင့်မျှော်ဖတ်ရှုပေးပါဦးနော် ။ shwekhitonlinetv.com

ယခုဆောင်းပါးကို Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။