မြင်လိုက်တာနဲ့ ကိုယ့်မျက်လုံးကိုယ် မယုံနိုင်အောင် ဖြစ်စေမယ့် ဓာတ်ပုံများ

ဒီတစ်ခါမှာတော့ Shwe Khit ပရိသတ်ကြီးကို ထူးဆန်းတဲ့ အကြောင်းအရာလေးတစ်ခု အကြောင်း ပြောပြပေးချင်ပါတယ် ။ ဒါကတော့ ကိုယ့်မျက်လုံးကိုယ်တောင် မယုံနိုင်အောင် ဖြစ်သွားစေမယ့် ဓာတ်ပုံ တွေ အကြောင်းပဲ ဖြစ်ပါတယ် ။ တစ်ချို့ပုံတွေဆိုရင် လူသိနည်းလှတဲ့ အကြောင်းအရာလေးတွေလည်း ပါဝင်တာမို့လို့ တစ်ပုံချင်းစီကို ကြည့်ပြီး လေ့လာလိုက်ပါဦးနော် ။ shwekhitonlinetv.com

၁။ အရွယ်ရောက် လင်းယုန် တစ်ကောင်ရဲ့ လက်သည်း

လင်းယုန်လို့ ပြောလိုက်တာနဲ့ ဝေဟင်က နေ သားကောင်ကို အမဲလိုက်တော်တဲ့ ငှက်တွေလို့ အားလုံးသိပြီးကြမှာပါ ။ သူတို့အခုလို အမဲလိုက်တော်နေတဲ့ အကြောင်းတွေကတော့ ချွန်ထက်ပြီး ကြီးမားလှတဲ့ လက်သည်းတွေဟာလည်း တစ်ခုအပါအဝင်ပါပဲ ။ အခု မြင်နေရတာကတော့ အရွယ်ရောက်ပြီး ဖြစ်နေတဲ့ လင်းယုန်တစ်ကောင်ရဲ့ လက်သည်းကို ရိုက်ပြထားတာလည်း ဖြစ်ပါတယ် ။ shwekhitonlinetv.com

၂။ မြင်းတစ်ကောင်ရဲ့ အသည်း

ရှေးခေတ်အခါတုန်းက ယာဉ်တွေ မပေါ်သေးတဲ့ အချိန် မြင်းတွေနဲ့ ခရီးနှင်ကြရတာပါ ။ မြင်းတွေဟာ အချိန်အတော်ကြာတဲ့အထိ မမောပဲ ခရီးဆက်နိုင်တဲ့ အကြောင်းကတော့ သူတို့ရဲ့ ကြီးမားလှတဲ့ အဆုတ်ကြောင့်ပဲ ဖြစ်ပါတယ်။ shwekhitonlinetv.com

၃။ ပတ်စ်ပို့ရှိတဲ့ ဖာရိုဘုရင်တစ်ပါး

၁၉၇၄ ခုနှစ်တုန်းက မံမီရုပ်အလောင်းတစ်ခုဖြစ်တဲ့ ဖာရိုဘုရင် Ramesses II အတွက် အီဂျစ်အစိုးရက ပတ်စ်ပို့ တစ်ခု ထုတ်ပေးခဲ့ပါတယ် ။ ဒါဟာ သူ နတ်ရွာစံပြီး နှစ်ပေါင်း ( ၃) ထောင်ကြာမှ ရရှိခဲ့တာလည်း ဖြစ်ပါတယ် ။ ဒါ့ကြောင့် ဖာရိုဘုရင်ဟာ မံမီရုပ်အလောင်းဖြစ်နေပေမယ့်လည်း ပတ်စ်ပို့ရှိနေတာကြောင့် ပြင်သစ်နိုင်ငံကိုတောင် လေယာဉ်စီးပြီး အလည်သွားနိုင်ပါသေးတယ် ။ shwekhitonlinetv.com

၄။ စားနေရင်း ခဲသွားတဲ့ ခေါက်ဆွဲ

အန္တာတိက တိုက်အတွင်းက လေ့လာရေး အဖွဲ့ဟာ မနက်စာ စားနေရင်း ဒီပုံလေးကို ရိုက်ကူးခဲ့တာပဲ ဖြစ်ပါတယ် ။ အာ့ဒီအချိန်တုန်းက အပူချိန်ဟာ အနုတ် ၆၀ ဒီဂရီအောက်အထိ ရောက်နေလို့ စားနေရင်းနဲ့ အခုလိုမျိုး ခေါက်ဆွဲတွေက အေးခဲသွားတာပဲ ဖြစ်ပါတယ် ။ shwekhitonlinetv.com

၅ ။ ( ၂၂ ) ပေါင် အလေးချိန်ရှိတဲ့ မုန်လာဥနီ

စိုက်ပျိုးရေးသမားတစ်ယောက်ဟာ သူ့ခြံထွက် မုန်လာဥနီ တစ်ခုကို ရိုက်ကူးပြသထားတာပဲ ဖြစ်ပါတယ်။ ဒီမုန်လာဥနီရဲ့ အလေးချိန်ဟာ ( ၂၂ ) ပေါင် အထိရှိပြီး ကမ္ဘာ့အကြီးဆုံး မုန်လာဥနီ စာရင်းထဲ ပါဝင်သွားပြီပဲ ဖြစ်ပါတယ် ။ shwekhitonlinetv.com

၆။ လပေါ်ကနေ ရိုက်ကူးထားတဲ့ ကမ္ဘာမြေဓာတ်ပုံ

ဒီပုံလေးကိုတော့ လွန်ခဲ့တဲ့ ( ၄၇ ) နှစ်တုန်းက Apollo 15 ရဲ့ အာကာသ ယာဉ်မှူးတွေ ရိုက်ထားတဲ့ ပုံပါ ။ အာကာသယာဉ်မှုူးတွေဟာ လရဲ့ မျက်နှာပြင်ပေါ်ကနေ ကမ္ဘာမြေကြီးရဲ့ ပုံစံကို နှောင်းလူတွေ ဗဟုသုတရဖို့အတွက် ရိုက်ကူးပေးခဲ့တာပဲ ဖြစ်ပါတယ် ။ shwekhitonlinetv.com

၇။ ဂိုဒေါင်ထဲထည့်ဖို့ မဆန့်တဲ့ လေယာဉ်

အမေရိကန်နိုင်ငံက လေတပ်စခန်းတစ်ခုက ဂိုဒေါင်တစ်ခုမှာ လေယာဉ်ထည့်ဖို့ မဆန့်တဲ့အတွက် ပြန်လည် ပြုပြင်ပေးထားတာပဲ ဖြစ်ပါတယ် ။ လေယာဉ်ရဲ့ အတောင်ပံတွေ အဆင်ပြေအောင် နေရာလွတ်လုပ်ပေးထားပေမယ့်လည်း အမြှီးပိုင်းမှာပါ မဆန့်တဲ့အတွက် အခုလိုမျိုး ထားပေး ထားတာဖြစ်ပါတယ်။ shwekhitonlinetv.com

အခုဖော်ပြပေးထားတာကတော့ လူသိနည်းလှတဲ့ အကြောင်းအရာတစ်ချို့ကို ဗဟုသုတအနေနဲ့ ရှာဖွေ တင်ဆက်ပေးထားတာ ဖြစ်ပါတယ် ။ နောက်ပိုင်းတွေမှာလည်း အခုလိုမျိုး ထူးဆန်းတဲ့ အကြောင်းအရာတွေကို ဖော်ပြပေးမှာမို့လို့ Shwe Khit ကို စောင့်မျှော်ဖတ်ရှုပေးကြပါဦးနော် ။shwekhitonlinetv.com

ယခုဆောင်းပါးကို Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။