သင်္ချိုင်း၊ သုဿာန်တွေဆိုတာကတော့ အနိဌာရုံမြင်ကွင်းတွေ၊ ဝမ်းနည်းပူဆွေးမှုတွေ နဲ့ ပြည့်နှက်နေပြီး နှစ်မြို့ဖွယ်မကောင်းတဲ့ နေရာတွေလို့ ဆိုနိုင်ပါတယ်။ ဒါပေမယ့် ကမ္ဘာပေါ်မှာတော့ နှစ်စဉ်ကမ္ဘာလှည့်ခရီးသွားတွေ သန်းချီပြီး လာရောက်လည်ပတ်အောက် ဆွဲဆောင်ထားနိုင်တဲ့ သာယာကြည်နူးဖွယ် သုဿာန်တွေလည်းရှိနေပါတယ်။ shwekhitonlinetv.com
မယုံမရှိပါနဲ့ ပရိသတ်ကြီးရေ ဒီလို သုဿာန်တွေက အမှန်တကယ်ပဲ အပြင်မှာရှိနေပါတယ်။ ဘယ်အရပ်ဒေသက ဘယ်လိုသုဿာန်တွေလဲဆိုတာ ဆက်လက်ဖတ်ရှုကြည့်ကြပါဦးနော် … shwekhitonlinetv.com
၁။ Cemetiere du Pere Lachaise, France

ဒီသုဿာန်ကတော့ ပြင်သစ်နိုင်ငံရဲ့ အကြီးဆုံးသုဿာန်ဖြစ်ပြီး ပဲရစ်မြို့မှာတည်ရှိပါတယ်။ မြေနေရာ (၄၄) ဟတ်တာ ကျယ်ဝန်းပြီး သာယာလှပတဲ့တောရိပ်တောင်ရိပ်တွေကြောင့် အေးချမ်းပြီးစိတ်ငြိမ်လှတဲ့ ဒီသုဿာန်ကိုတော့ နှစ်စဉ်ကမ္ဘာလှည့်ခရီးသွား (၃.၅) သန်း လောက်လာရောက်လည်ပတ်တယ်လို့ သိရပါတယ်။ shwekhitonlinetv.com
၂။ Waverley Cemetery, Australia

သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့ရဲ့ အရှေ့ဘက်ဆင်ခြေဖုံးဒေသ နဲ့ Clovelly ကမ်းခြေအနီးမှာ တည်ရှိတဲ့ သုဿာန်ဖြစ်ပါတယ်။ ချောက်ကမ်းပါးစွန်းမှာတည်ရှိပြီး နေထွက်ချိန်ရှုခင်းနဲ့ ပင်လယ်လှိုင်းတွေရဲ့အလှကို ကြည့်ရှုခံစားဖို့ အကောင်းဆုံးနေရာတစ်ခုဖြစ်ပါတယ်။ shwekhitonlinetv.com
၃။ Arlington National Cemetery, USA

(၂၅၃) ဟတ်တာကျယ်ဝန်းတဲ့ မြေနေရာပေါ်မှာတည်ရှိတဲ့ Arlington စစ်သချိၤုင်းကတော့ အမေရိကန် စစ်သား (၄) သိန်းကျော် အပြင် စစ်ပြန်တွေနဲ့သူတို့တွေရဲ့ မိသားစုတွေရဲ့ နောက်ဆုံးအနားယူရာနေရာ တစ်ခုဖြစ်ပါတယ်။ ညီညာပြီး စနစ်တကျမြုပ်နှံထားတဲ့ အုတ်ဂူတွေရဲ့ မှတ်တိုင်လေးတွေက ဒီသုဿန်ကို ကျော်ကြားစေတဲ့ အချက်တစ်ချက်ဖြစ်ပါတယ်။ shwekhitonlinetv.com
၄။ Glasgow Necropolis, Scotland

စကော့တလန်နိုင်ငံ ဂလက်စကို မြို့မှာရှိတဲ့ ဒီသုဿာန်ဟာလည်း တောင်ကုန်းမြင့်လေးပေါ်မှာတည်ရှိပြီး ဂျူး၊ Quaker၊ ပရိုတက်စတင့်၊ ကတ်သလစ်စတဲ့ မတူခြားနားတဲ့ ဘာသာဝင်တွေ လူမျိုးစုတွေရဲ့ အုတ်ဂူပုံသဏ္ဍာန်တွေကြောင့် လာရောက်လေ့လာသူတွေ များပြားတယ်လို့သိရပါတယ်။ shwekhitonlinetv.com
၅။ Okunoin Cemetery, Japan

Koya တောင်ပေါ်က သစ်တောအတွင်းများတည်ရှိပြီး ဂျပန်နိုင်ငံရဲ့ အကြီးဆုံသုဿာန်လည်းဖြစ်ပါတယ်။ အုတ်ဂူပေါင်း (၂) သိန်းကျော်ရှိပြီး လူသားတွေတင်မကဘဲ အခြား သတ္တဝါတွေရဲ့ဂူဗိမာန်တွေလည်းရှိတယ်လို့ သိရပါတယ်။ shwekhitonlinetv.com
၆။ Panteon Antiguo, Mexico

မက္ကဆီကိုနိုင်ငံက ဒီသုဿာန်မှာတော့ နှစ်စဉ်နှစ်တိုင်း နိုဝင်ဘာ (၁) ရက်နဲ့ (၂) ရက်နေ့တွေမှာ ဝိညာဉ်ကြိုဆိုပွဲပြုလုပ်လေ့ရှိပါတယ်။ ဒီဒေသမှာနေထိုင်တဲ့ သူတွေက သေဆုံးပြီးတဲ့ သူတွေရဲ့ ဝိညာဉ်တွေဟာ နှစ်စဉ် နိုဝင်ဘာ (၁၊ ၂) ရက်တွေမှာ မိသားစုဝင်တွေဆီကို အလည်လာတက်ကြတဲ့ဆိုတဲ့ ယုံကြည်မှုနဲ့ အဲ့ဒီနေ့ မတိုင်ခင် အောက်တိုဘာ (၃၁) ရက်နေ့ညမှာ သုဿန်အတွင်း ပြင်ဆင်မှုတွေလုပ်လေ့ရှိပါတယ်။ shwekhitonlinetv.com
၇။ Recoleta Cemetery, Argentina

အာဂျင်တီးနားနိုင်ငံရဲ့ မြို့တော်ဖြစ်တဲ့ ဗျူနိုအေရိစ်မြို့မှာတည်ရှိတဲ့ ဒီသုဿာန်ကိုတော့ (၁၈၂၂) ခုနှစ်ကတည်းက တည်ထားခဲ့တာဖြစ်ပြီး ငွေကြေးချမ်းသာပြီး ဂုဏ်သရေရှိတဲ့ မိသားစုအများအပြားရဲ့ ဂူဗိမာန်တွေနဲ့ တန်ဆာဆင်ထားတာဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ (၁၈၉၀) နဲ့ (၁၉၃၀) ကြားကာလတွေက ဗျူနိုအေရိစ်မြို့ဟာ ကမ္ဘာပေါ်မှာ အချမ်းသာဆုံးမြို့တစ်မြို့ ဖြစ်ခဲ့တာကြောင့်ပဲဖြစ်ပါတယ်။ shwekhitonlinetv.com
အခုတင်ဆက်ပေးတဲ့အကြောင်းအရာလေးကိုဖတ်ရှုပြီး အားလုံးကျေနပ်နှစ်သိမ့်နိုင်ကြမယ်လို့မျှော်လင့်ပါတယ်။ နောက်ထပ်လည်း ဘယ်လိုစိတ်ဝင်စားဖွယ် အကြောင်းအရာတွေတင်ဆက်ပေးသွားဦးမလဲဆိုတာ ဆက်လက်အားပေးကြပါဦးနော် …. shwekhitonlinetv.com
ယခုဆောင်းပါးကို Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။
Be the first to comment