မြန်မာငွေသိန်း (၁၁၂၀) ကျော်နဲ့လေလံအောင်သွားခဲ့တဲ့ ပထမဆုံး iPhone (iPhone 1st Gen)

iPhone တွေကိုထုတ်လုပ်နေတဲ့ Apple ကုမ္ပဏီဟာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကပြုလုပ်ခဲ့တဲ့ LCG လေလံပွဲမှာ iPhone ရဲ့ ပထမဆုံးမျိုးဆက်ဖြစ်တဲ့ (First Generation) ဖြစ်တဲ့ ဖုန်းကိုလေလံတင်ရောင်းချခဲ့ပါတယ်။ shwekhitonlinetv.com

ဒီလိုရောင်းချရမှာတော့ ဒီဖုန်းကိုတစ်စုံတစ်ယောက်က အမေရိကန်ဒေါ်လာ (၃၉၃၃၉.၆၀) နဲ့ လေလံဆွဲဝယ်ယူသွားခဲ့ပါတယ်။ ဒါဟာ ဒီဖုန်းရဲ့မူရင်းဈေးဖြစ်တဲ့ အမေရိကန်ဒေါ်လာ (၅၉၉) ဒေါ်လာရဲ့ (၆၅) ဆကျော် ပမာဏလည်းဖြစ်ပြီး မြန်မာငွေနဲ့တွက်ကြည့်မယ်ဆိုတော့ သိန်း (၁၁၂၀) ကျော်ရှိမှာဖြစ်ပါတယ်။ shwekhitonlinetv.com

ဒီဖုန်းကိုစတင်ထုတ်လုပ်ခဲ့တာကတော့ လွန်ခဲ့တဲ့ (၁၅) နှစ်လောက်ကဖြစ်ပါတယ်။ အခုရောင်းချခဲ့တဲ့ဖုန်းဟာလည်း အဲ့ဒီအချိန်ကထုတ်လုပ်ခဲ့တဲ့ စက်ရုံထုတ်ပါကင်ပိတ်ဖြစ်ပြီး မူရင်းအတိုင်း ဘားမှပြင်ဆင်ဖြည့်စွက်ထားခြင်းမရှိဘူးလို့သိရပါတယ်။ shwekhitonlinetv.com

Apple ကပထမဆုံးထုတ်ခဲ့တဲ့ First Generation ဖုန်းမှာဆိုရင် Memory 128 MB၊ Storage အနေနဲ့ 2GB or 4 GB ပါဝင်ပြီး မူလအိုင်ကွန် (၁၂) ခုနဲ့ (3.5) Inches Touch Screen မျက်နှာပြင် Safari Web Browser တို့ပါဝင်ပါတယ်။ Camera ပိုင်းအနေနဲ့ ဆိုရင်တော့ 2 Mega Pixel Back Camera ပါဝင်ပြီး Video တော့ရိုက်ကူးလို့မရပါဘူး။ shwekhitonlinetv.com

Battery အနေနဲ့တော့ Li-Ion 1400 mAh Battery ပါဝင်ပြီး GSM Sim တွေသာအသုံးပြုလို့ရတာဖြစ်ပါတယ်။ ဒီဖုန်းကို ၂၀၀၇ ခုနှစ် ဇွန်လ (၂၉) ရက်နေ့ကစတင်ဖြန့်ချိခဲ့တဲ့ အော်ရီဂျင်နယ်ပါကင်ပိတ်ဗူးနဲ့ လေလံတင်ရောင်းချခဲ့တာလည်းဖြစ်ပါတယ်။ shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။