အဆီများလွန်းတဲ့ ခန္ဓာကိုယ်ကို လှပပြီး ကြည့်ကောင်းအောင် ဝိတ်လျှော့နိုင်ခဲ့သော လူ ( ၅ ) ဦး

ပရိသတ်ကြီးကို အခုတစ်ခေါက်မှာ ပြောပြပေးချင်တဲ့ အကြောင်းအရာလေးကတော့ အဆီများလွန်းတဲ့ ခန္ဓာကိုယ်ကို လှပပြီး ကြည့်ကောင်းအောင် ဝိတ်လျှော့နိုင်ခဲ့သူတွေ အကြောင်းပဲ ဖြစ်ပါတယ် ။ အ၀လွန်တာကို ဝိတ်ချဖို့ဆိုတာ ပြောသလောက် မလွယ်ပေမယ့်လည်း ဇွဲမလျော့ပဲ ကြိုးစားရင်တော့ ကောင်းမွန်တဲ့ ရလဒ်တွေကို ပိုင်ဆိုင်နိုင်မှာပဲ ဖြစ်ပါတယ် ။ အခုဖော်ပြပေးမယ့် သူတွေကလည်း ဘယ်လို ကြိုးစား ဝိတ်ချခဲ့ရလဲဆိုတာကို အောက်ကပုံလေးတွေ တစ်ပုံချင်းစီကို ဖတ်ကြည့်လိုက်ပါ ဦးနော် …. shwekhitonlinetv.com

၁ ။ Jessica Simpson

အမေရိကန် အနုပညာရှင်တစ်ဦး ဖြစ်တဲ့ Jessica Simpson ဟာ ( ၂၀၁၇ ) ခုနှစ်တုန်းက အင်တာဗျူးတစ်ခုမှာ သူမရဲ့ ကိုယ်အလေးချိန်တိုးပြီး အ၀လွန်တဲ့ အကြောင်း ပြောခဲ့တဲ့ အပေါ် စိတ်အနှောင့် အယှက် ဖြစ်သွားခဲ့ရပါတယ် ။ ဒီလိုနဲ့ နောက်ပိုင်းမှာတော့ Jessica ဟာ ကိုယ်ပိုင် လေ့ကျင့်ရေး သင်တန်းဆရာ တစ်ယောက်ကို ငှားပြီး ဝိတ်ကျ အောင် စတင် လေ့ကျင့်ပါတော့တယ် ။ shwekhitonlinetv.com

သူမဟာ တစ်ရက်ကို ခြေလှမ်းပေါင်း ( ၁၄၀၀၀ ) ကျော် လမ်းလျှောက်တာမျိုးကို နေ့စဉ် ပြုလုပ်ခဲ့ရပါတယ် ။ ဒါ့အပြင် အစားအသောက်ပိုင်းမှာဆိုရင်လည်း ပရိုတိန်း ဓာတ်အနည်းငယ် နဲ့ ဟင်းသီး ဟင်းရွက်တွေကိုပဲ စားခဲ့ပါတယ် ။ ဒီလို နေ့စဉ်လေ့ကျင့်မှုတွေ လုပ်ခဲ့တာကြောင့် Jessica ဟာ တတိယမြောက် ရင်သွေးလေးကို မွေးဖွားပြီးချိန်မှာတော့ ပေါင် ( ၁၀၀ ) ကျော် ကျခဲ့တယ်လို့ သူမရဲ့ Trainer က ပြောခဲ့ပါတယ် ။ shwekhitonlinetv.com

၂ ။ Hunter Croteau

တစ်ခါတုန်းက Hunter Croteau  ဆိုသူ အမျိုးသား တစ်ယောက်ဟာ သူ့အိမ်မှာ ရှိတဲ့ ပေါင်ချိန်စက်က အလုပ်ကောင်းကောင်း မလုပ်တော့တာကြောင့် ဆရာဝန်ဆီ သွားပြီး ချိန်ကြည့်တဲ့အခါ ပေါင် ( ၃၆၇ ) ပေါင် အထိ ရှိတာကို သိခဲ့ရပါတယ် ။ ဒီလိုနဲ့ သူဟာ အစာ လျော့စားပြီး ဝိတ်ကျဖို့ ကြိုးစားခဲ့ပေမယ့်လည်း ( ၂ ) ပတ် မြောက်မှာတော့ အားကုန်ပြီး လဲကျသွားခဲ့ရပါတော့တယ် ။ သူအခုလို လုပ်နေတာတွေဟာ အလုပ်မဖြစ်တော့တာကြောင့် Croteau ဟာ ဆရာဝန်ဆီ သွားပြီး တိုင်ပင်ခဲ့ပါတော့တယ် ။ ဆရာဝန်ကတော့ သူ့ရဲ့ အစာအိမ် အစိတ်အပိုင်း ( ၈၀ ) ရာခိုင်နှုန်း လောက်ကို ခွဲစိတ်ပြီး ထုတ်ပစ်ဖို့ အကြံပေးခဲ့ပြီး Croteau ကလည်း ဒီ အစီအစဉ်ကို လက်ခံခဲ့ပါတယ် ။ shwekhitonlinetv.com

ခွဲစိတ်ပြီး အဆီထုတ်လိုက်ချိန်မှာတော့ Croteau ဟာ gym ကို သွားခဲ့ပြီး ကျစ်လစ်တဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ဖို့အတွက် စတင် လေ့ကျင့်ပါတော့တယ် ။ Croteau ဟာ ( ၈ ) လ အတွင်း ကြိုးစားစွာ လေ့ကျင့်တာကြောင့် ( ၁၇၅ ) ပေါင် အထိ ဝိတ်ကျသွားခဲ့ပါတော့တယ် ။ အခုအခါမှာတော့ Hunter Croteau ဟာ personal trainer တစ်ယောက်ဖြစ်ဖို့အတွက် လေ့လာနေပြီး သူ့လိုမျိုး ဝိတ်ကျချင်တဲ့သူတွေကို ကူညီဖို့ ကြိုးစားနေတာပဲ ဖြစ်ပါတယ် ။ shwekhitonlinetv.com

၃ ။ Jelly Devote

Instagram ပေါ်မှာ နာမည်ကြီးသူတစ်ယောက်ဖြစ်တဲ့ Jelly Devote ကတော့ သူမ ဟာ အရက်သောက်တာကို စွန့်လွှတ်ပြီးနောက်မှာတော့ သူမရဲ့ ခန္ဓာကိုယ်က ပြောင်းလဲသွားတာကို သက်သေပြခဲ့ပါတယ်။ Devote ဟာ အသက် ( ၂၁ ) နှစ်တုန်းက ကောလိပ် ပါတီပွဲတွေမှာ ဘိယာ နဲ့ အရက်တွေကို အမြဲ သောက်သုံးခဲ့တာပါ ။ shwekhitonlinetv.com

နောက်ပိုင်းမှာတော့ သူမဟာ ခန္ဓာကိုယ် အလှအပကို ထိန်းသိမ်းချင်တာကြောင့် အရက် အလွန်အကျွံ သောက်တာကို စွန့်လွှတ်လိုက်ပြီး လေ့ကျင့်ခန်းတွေ လုပ်တဲ့အပြင် ရံဖန်ရံခါ ဘီယာ သောက်ရင်တော့မှ ပုံမှန်သောက်နေကျ ပမာဏထက် အများကြီး လျော့ချပြီး သောက်တာမျိုးတွေ လုပ်ခဲ့ပါတယ် ။ ဒါ့ကြောင့်ပဲ Devote ဟာ အသက် ( ၂၇ ) နှစ် ရောက်ချိန်မှာတော့ အရင်က ပုံစံထက် အများကြီး ပြောင်းလဲသွားတာကို အင်စတာဂရမ်ပေါ်မှာ မျှဝေခဲ့ပါတယ် ။ shwekhitonlinetv.com

၄ ။ Kevin Gendreau

ဆရာဝန် တစ်ယောက်ဖြစ်တဲ့ Kevin Gendreau ဟာ အသက် ( ၃၁ ) နှစ်အရွယ်မှာ ကိုယ်အလေးချိန်က ( ၂၀၇ ) ပေါင် အထိ ရှိနေခဲ့တာပဲ ဖြစ်ပါတယ် ။ အကြောင်းကတော့ သူ့ရဲ့ အစားစားသောက်ပုံတွေကြောင့်ဖြစ်ပြီး သူကိုယ်တိုင်ကလည်း အစားလျော့ဖို့ကို မရပ်နိုင်ခဲ့ပါဘူး ။ တစ်ရက်မှာတော့ သူ့ရဲ့ အစ်မ ဖြစ်သူဟာ ကင်ဆာရောဂါ ရှိမှန်း သိသွားချိန်မှာတော့ Kevin လည်း သူ့ရဲ့ နေထိုင် စားသောက်မှုပုံစံကို ပြင်ဖို့ အသိဝင်လာခဲ့ပါတော့တယ် ။ shwekhitonlinetv.com

Kevin ဟာ သူစားနေကျ အသင့်စား အစားအစာတွေကို မစားတော့ပဲ ဟင်းသီးဟင်းရွက်တွေ ၊ အခွံမာသီးတွေ နဲ့ ပရိုတိန်း ဓာတ်ပါဝင်တဲ့ အစားအစာတွေကိုသာ စားသုံးခဲ့ပါတော့တယ် ။ သူ့ရဲ့ စားသောက်ပုံကို ပြောင်းလဲလိုက်တာကြောင့် Kevin ဟာ ( ၁၈ ) လ အတွင်း ( ၁၂၅ ) ပေါင် ဝိတ်ကျသွားနိုင်ခဲ့ပါတော့တယ် ။ Kevin ကတော့ ဝိတ်ချတယ်ဆိုတာ ထင်သလောက် မလွယ်ပါဘူး ။ ဒါပေမယ့် တစ်ကယ် ကြိုးစားပြီး လေ့ကျင့်မယ်လို့ ဆုံးဖြတ်ပြီး လုပ်ရင်တော့ ကျိန်းသေပေါက် အောင်မြင်မှာပါလို့ ပြောခဲ့ပါတယ် ။ shwekhitonlinetv.com

၅ ။ Adele

နာမည်ကြီး အဆိုတော် တစ်ဦးဖြစ်တဲ့ Adele ဟာ ( ၂၀၁၉ ) ခုနှစ်တုန်းက ကျင်းပခဲ့တဲ့ Drake ရဲ့ မွေးနေ့ပွဲမှာ သူမရဲ့ ကိုယ်အလေးချိန်ကျသွားတဲ့ ပုံစံကို မီဒီယာတွေရှေ့မှာ ပြသခဲ့ပါတယ် ။အသက် ( ၃၂ ) နှစ် အရွယ်ရှိပြီ ဖြစ်တဲ့ Adele ဟာ ထိုအချိန်တုန်းက ပရိသတ်တွေရဲ့ မြင်ကွင်းပေါ်မှာ ခဏလောက် ပျောက်နေပြီး ( ၂၀၂၀ ) ခုနှစ် ရောက်မှ သူမရဲ့ ဓာတ်ပုံကို အင်စတာဂရမ် ပေါ်မှာ မျှဝေခဲ့ပါတယ် ။ shwekhitonlinetv.com

Adele ရဲ့ ဆယ်လီ သူငယ်ချင်းတွေကတော့ သူမရဲ့ ခန္ဓာကိုယ် ပြောင်းလဲသွားပုံကို ကြည့်ပြီး အံ့အားသင့်နေခဲ့ကြတာပါ ။ Adele ကတော့ သူမဟာ အသီးအနှံ ၊ ဟင်းသီး ဟင်းရွက်တွေကိုသာ စားတဲ့အပြင် personal trainer လည်း နေ့တိုင်း လေ့ကျင့်ခန်းတွေ လုပ်တာကြောင့် အခုလိုမျိုး ဝိတ်ကျခဲ့ရတာလို့ ပြောခဲ့ပါတယ် ။ shwekhitonlinetv.com

အခုဖော်ပြပေးထားတာကတော့ အဆီများလွန်းတဲ့ ခန္ဓာကိုယ်ကို လှပပြီး ကြည့်ကောင်းအောင် ဝိတ်လျှော့နိုင်ခဲ့တဲ့သူတွေ အကြောင်းပဲ ဖြစ်ပါတယ် ။ နောက်ပိုင်းတွေမှာလည်း အခုလိုမျိုး စိတ်ဝင်စားဖို့ ကောင်းတဲ့ အကြောင်းအရာလေးတွေကို တင်ဆက်ပေးမှာမို့လို့ Shwe Khit ကို စောင့်မျှော်ဖတ်ရှု ပေးကြပါဦးနော်…. shwekhitonlinetv.com