ကမ္ဘာ့အလှအဆုံး၊ အချောဆုံး အဖြစ် သတ်မှတ်ခံထားကြတဲ့ ကလေးငယ်များ

ပရိသတ်ကြီးကို အခုတစ်ခါပြောပြပေးချင်တဲ့ အကြောင်းအရာလေးကတော့ ကမ္ဘာ့အလှအဆုံး၊ အချောဆုံး အဖြစ် သတ်မှတ်ခံထားကြတဲ့ ကလေးငယ်လေးတွေ အကြောင်းပဲ ဖြစ်ပါတယ် ။ ဒီကလေးငယ်လေးတွေဟာဆိုရင် သူတို့ရဲ့ ချောမောလှပတဲ့ ရုပ်ရည်လေးတွေ ကြောင့် ကမ္ဘာအနှံ့ နာမည်ကြီးထင်ရှားနေတာလို့ ပြောရမှာပါ ။ ဒါ့ကြောင့် ဘယ်ကလေးလေးတွေက ချစ်ဖို့ပိုကောင်းလဲဆိုတာကတော့ အောက်ကပုံလေးတွေ တစ်ပုံချင်းစီကို ကြည့်ပြီး ရွေးချယ်ကြည့်ပေးပါဦးနော် …. shwekhitonlinetv.com

၁ ။ Jare Ijalana

Jare Ijalana လို့ခေါ်တဲ့ ကလေးလေးကိုတော့ နိုင်ဂျီးရီးယားနိုင်ငံ မှာ ( ၂၀၁၄ ) ခုနှစ် ဇန်နဝါရီလတုန်းက မွေးဖွားခဲ့တာပဲ ဖြစ်ပါတယ် ။ သူမ ဟာ အခုဆိုရင် အသက် ( ၇ ) နှစ် ရှိပြီ ဖြစ်ပြီး ကလေး မော်ဒယ် တစ်ယောက် လည်း ဖြစ်ပါတယ် ။ Jare ဟာဆိုရင် ကမ္ဘာ့အချောဆုံးကလေးတွေ ထဲက တစ်ဦး အပါအဝင်ဖြစ်ပြီး သူမရဲ့ အစ်မ ( ၂ ) ယောက်ဟာလည်း ‌Jare နဲ့ အတူ မော်ဒယ် အဖြစ် သရုပ်ဆောင်ကြပါသေးတယ် ။ shwekhitonlinetv.com

ဒါ့အပြင် Jare ကို အာဖရိက တိုက်အတွင်းက အချောဆုံး မိန်းကလေး တစ်ဦး အဖြစ် သတ်မှတ်ထားကြပြီး သူမရဲ့ အသက်ဝင်လှတဲ့ မျက်လုံးလေးတွေ ကြောင့်လည်း လူတော်တော်များများရဲ့ ချစ်ခင်မှုကို ရရှိထားသူလေးပါ ။ သူမရဲ့ ပုံလေးတွေကို ဓာတ်ပုံရိုက်ပေးတဲ့ ဓာတ်ပုံဆရာ Mofe Bamuyiwa ကတော့ ကမ္ဘာပေါ်က အချောဆုံးကလေး လေး ဆိုပြီး Instagram မှာ post တင်ခဲ့ပါတယ် ။ shwekhitonlinetv.com

၂ ။ Anastasia Knyazeva

အသက် ( ၁၀ ) နှစ် အရွယ်ရှိပြီဖြစ်တဲ့ Anastasia ဟာဆိုရင် ရုရှားနိုင်ငံမှာ မွေးဖွားခဲ့တာဖြစ်ပြီး ကလေးမော်ဒယ် တစ်ယောက်လည်း ဖြစ်ပါတယ် ။ သူမရဲ့ အပြာရောင်လေးတွေ နဲ့ အညိုရောင် ဆံပင်ရှည်လေးတွေ ကြောင့် အရုပ်မလေးတစ်ယောက် နဲ့ တူတယ်ဆိုပြီး လူတိုင်းက ချစ်ခင်နေကြတာပါ ။ ဒါ့အပြင် Anastasia လေးဟာ ကလေးဝတ် Brand တွေအတွက် လည်း မော်ဒယ်အဖြစ် သရုပ်ဆောင်ပေးခဲ့ပါသေးတယ် ။ shwekhitonlinetv.com

Anastasia လေး နာမည်ကြီးလာခဲ့ပုံကတော့ သူမရဲ့ အမေဖြစ်သူက Ana ရဲ့ ပုံလေးကို Instagram မှာ တင်လိုက်ရာကနေ တစ်ဖြည်းဖြည်း နဲ့ လူသိများလာပြီး နာမည်ကြီးလာခဲ့တာလည်း ဖြစ်ပါတယ် ။ ရုရှားနိုင်ငံတင် မကပဲ ကမ္ဘာတစ်ဝှမ်းက လူတော်တော်များများ ကတော့ Ana လေးကို တစ်ကယ့် လူသား အရုပ်ကလေးလို့ နာမည်ပေးထားကြပြီး သူမရဲ့ Fan တွေလည်း အများအပြားရှိတယ်လို့ သိရပါတယ် ။ shwekhitonlinetv.com

၃ ။ Anna Pavaga

Anna Pavaga ကိုတော့ ရုရှားနိုင်ငံ ၊ စိန့်ပီတာ စဘတ် မြို့မှာ မွေးခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ ကလေး မော်ဒယ် အဖြစ် လုပ်ကိုင်နေတာလည်း ဖြစ်ပါတယ် ။ အသက် ( ၁၁ ) နှစ် ရှိပြီ ဖြစ်တဲ့ Anna ဟာဆိုရင် ရုရှားနိုင်ငံရဲ့ အသက်ငယ်ဆုံး နဲ့ အလှဆုံး ကလေးတွေ ထဲက တစ်ဦး အပါအဝင်ပဲ ဖြစ်ပါတယ် ။ ဒါ့အပြင် Anna လေးဟာ အသက် ( ၃ ) နှစ် အရွယ် တည်းက ကမ္ဘာလုံးဆိုင်ရာ ကျင်းပတဲ့ ဖက်ရှင် ကမ်ပိန်း တစ်ခုမှာ ပါဝင်ခဲ့ပါသေးတယ် ။ Anna ကို လူသိများစေခဲ့တဲ့ အကြောင်းကတော့ ချစ်စရာကောင်းလှတဲ့  မီးခိုးနဲ့ အစိမ်းရောင်လေးတွေ စပ်ထားသော မျက်လုံးလေးတွေ ကြောင့်ပဲ ဖြစ်ပါတယ် ။ shwekhitonlinetv.com

အသက် ( ၆ ) နှစ် အရွယ်မှာတော့ Anna လေးဟာ ကမ္ဘာ့အချောဆုံး ကလေးတွေ ထဲက တစ်ဦး အဖြစ် သတ်မှတ်ခံခဲ့ရပါတယ် ။ နောက်ပိုင်းမှာတော့ သူမဟာ ကမ္ဘာ အနှံ့မှာ ကျင်းပခဲ့တဲ့ ဖက်ရှင် ကမ်ပိန်းတွေမှာ ပါဝင်ခဲ့ပြီး Vogue မဂ္ဂဇင်းမှာလည်း ကလေး မော်ဒယ် အဖြစ် သရုပ်ဆောင်ခဲ့ပါသေးတယ် ။ ဒါ့အပြင် Anna လေးဟာ မော်ဒယ် တစ်ယောက် အပြင် တစ်ချို့ TV အစီအစဉ်တွေ ရဲ့ ဇာတ်ကောင်နေရာ တွေမှာလည်း ပါဝင် သရုပ်ဆောင်ခဲ့ပါသေးတယ်တဲ့ …. shwekhitonlinetv.com

၄ ။ William-Franklin Miller

ဩစတေးလျ နိုင်ငံမှာ မွေးဖွားခဲ့တဲ့ Willam ကတော့ ဆိုရှယ်မီဒီယာတွေ ပေါ်မှာ နာမည်ကြီးနေတဲ့ ကလေး တစ်ယောက်လည်း ဖြစ်ပါတယ် ။ Willam လေး စပြီး နာမည်ကြီးလာပုံကတော့ သူ့ရဲ့ ပုံကို Twitter ပေါ်မှာ တင်ထားရာကနေ ဂျပန် ကျောင်းသူလေး တစ်ယောက်က သတိထားမိရာကနေ စလာခဲ့တာပဲ ဖြစ်ပါတယ် ။ နာရီ အနည်းငယ် ကြာပြီးတဲ့ နောက် Willam ရဲ့ Twitter ပေါ်က ဓာတ်ပုံလေးဟာ တရုတ် ၊ ဂျပန် နဲ့ကမ္ဘာတစ်ဝှမ်း မှာ ချက်ချင်းဆိုသလို နာမည်ကြီးသွားပြီး reweet ထောင်ပေါင်းများစွာ ရခဲ့ပါတယ် ။ အခုဆိုရင်တော့ အပြာရောင် မျက်လုံးလေးတွေကို ပိုင်ဆိုင်ထားတဲ့ William တစ်ယောက်ကတော့ သူ့ကို အားပေးတဲ့ Fan တော်တော်များများကို ပိုင်ဆိုင်နေပြီပဲ ဖြစ်ပါတယ် ။ shwekhitonlinetv.com

ဆိုရှယ်မီဒီယာကို အသုံးပြုကြသူ အများကတော့ willaim လေးကို ကမ္ဘာ့အချောဆုံး ယောကျာ်းလေး အဖြစ် တညီတည်း သတ်မှတ်ပေးခဲ့ကြပါတယ် ။ နောက်ပိုင်းမှာတော့ William လေးဟာ ဖက်ရှင် မော်ဒယ် အဖြစ် ( ၅ ) နှစ် ကြာ လုပ်ခဲ့ပြီး TV အစီအစဉ်တွေမှာလည်း သရုပ်ဆောင် အဖြစ် ပါဝင်ခဲ့ပါသေးတယ် ။ ဒါပေမယ့် William ကတော့ အခုလို နာမည်ကြီး သူ တစ်ယောက် အဖြစ် နေရတာကို မကြိုက်ခဲ့ပဲ သာမန် ကလေး တစ်ယောက်လိုမျိုး ကျောင်းသွားပြီး သူငယ်ချင်းတွေ နဲ့သာ ဆော့ကစားရင်း အချိန်ဖြုန်းရတာကို ကြိုက်နှစ်သက်ပါတယ်တဲ့ …. shwekhitonlinetv.com

၅ ။ Ira Brown

Ira Brown လို့ ခေါ်တဲ့ ကလေး လေး ကတော့ လွန်ခဲ့တဲ့ နှစ်တွေ တည်းက နာမည်ကြီးနေခဲ့တာဖြစ်ပြီး အသက် ( ၂ ) နှစ် အရွယ်မှာ ကတည်းက Modelling အလုပ်ကို လုပ်ကိုင်နေသူလေးပဲ ဖြစ်ပါတယ် ။ Ira လေးရဲ့ ဓာတ်ပုံကို မြင်တွေ့ပြီးသူ အတော်များများကတော့ သူမကို အသက်ရှိနေတဲ့ ဘာဘီ လေးလို့တောင် တင်စားပြီး ခေါ်ကြပါသေးတယ်။ ဒါပေမယ့် သူမနဲ့ ပတ်သတ်ပြီး ဝေဖန်မှု တစ်ချို့လည်း ထွက်ရှိလာပါသေးတယ် ။ shwekhitonlinetv.com

အကြောင်းကတော့ Ira ရဲ့ မိဘ ဖြစ်သူတွေဟာ အသက်ငယ်ငယ်လေးသာ ရှိသေးတဲ့ သူမကို အရွယ်ရောက်ပြီးသူတွေသာ သုံးတဲ့ မိတ်ကပ် လိမ်းပေးတာမျိုး ၊ ဆံပင်အရောင်ချွတ်ပြီး ပြန်ဆိုးပေးတာမျိုးတွေ ကြောင့်ပဲ ဖြစ်ပါတယ် ။ Ira ရဲ့ မိဘတွေကတော့ သူတို့ရဲ့ သမီးလေးဟာ မိတ်ကပ်လိမ်းတာနဲ့ အဝတ်အစား အမျိုးမျိုး ဝတ်ရတာကို သဘောကျတယ်ဆိုပြီး ပြန်ပြောထားပါတယ် ။ ဒါပေမယ့်လည်း ဝေဖန်သူတွေကတော့ Ira ရဲ့ မိဘတွေ အနေနဲ့ ကလေး ရဲ့ စိတ်ကို လေးလံစေမယ့် အဝတ်အစား အပြင်အဆင်တွေ မလုပ်ပေးသင့်သေးပဲ ကလေးရဲ့ သဘာ၀ အတိုင်း လှတာလေးကိုသာ ဦးစားပေးသင့်တယ်လို့ ပြောထားကြပါသေးတယ် ။ shwekhitonlinetv.com

အခုဖော်ပြပေးထားတာကတော့ ကမ္ဘာ့အချောဆုံး ၊ အလှဆုံး အဖြစ် သတ်မှတ် ခံထားရတဲ့ ကလေး လေး တွေ အကြောင်းပဲ ဖြစ်ပါတယ် ။ နောက်ပိုင်းတွေမှာလည်း စိတ်ဝင်စားစရာ ကောင်းတဲ့ အကြောင်းအရာလေးတွေကို ရှာဖွေ တင်ဆက်ပေးမှာ မို့လို့ Shwe Khit ကို စောင့်မျှော်ဖတ်ရှု ပေးကြပါဦးနော် …. shwekhitonlinetv.com