ကိုဗစ် ကူးစက်ရောဂါကြောင့် ပြောင်းလဲသွားနိုင်တဲ့ လူနေမှုပုံစံများ

၂၀၁၉ နှစ်ကုန်ပိုင်းလောက်ကနေစတင်ပြီး တစ်ကမ္ဘာလုံးကိုရိုက်ခတ်ခဲ့တဲ့ Coronavirus (COVID-19) ကူးစက်မြန်ရောဂါဟာ အခုထက်တိုင် ကမ္ဘာအနှံ့အပြားမှာ ဒုက္ခပေးနေဆဲဖြစ်ပါတယ်။ shwekhitonlinetv.com

COVID-19 ကြောင့် ကျောင်းတွေ၊ ရုံးတွေလိုမျိုး အများပြည်သူနဲ့သက်ဆိုင်တဲ့ နေရာဌာန အတော်များများဟာလည်း ပုံမှန်ဖွင့်ပြန်လည်ပြီး ဖွင့်လှစ်နိုင်ခြင်းမရှိသေးတာလည်း အားလုံးသိပြီးဖြစ်မှာပါ။ ဒီကူးစက်ရောဂါဆိုးကြီး ဘယ်အချိန်မှာမှ အဆုံးသတ်မလဲဆိုတာကိုလည်း ဘယ်သူမှတပ်အပ်မပြောနိုင်ပါဘူး။ ဒါကြောင့် ဒီရောဂါဆိုးကြီး သက်ဆိုးရှည်နေသရွေ့ ဖြစ်ပေါ်ပြောင်းလဲလာမယ့် လူနေမှု ဘဝတွေကို ခန့်မှန်းဖော်ပြရမယ်ဆိုရင်တော့ ….. shwekhitonlinetv.com

၁။ မိမိအိမ်ဟာ မိမိအလုပ်ခွင်ဖြစ်လာမယ်

အခုလိုသာ ဆက်ဖြစ်နေမယ်ဆိုရင် ရုံးသမားတွေ၊ ကုမ္ပဏီဝန်ထမ်းတွေ အကုန်လုံးရေရှည်မှာ Work From Home သမားတွေချည်းဖြစ်လာနိုင်ပါတယ်။ အကုန်လုံး အိမ်ကနေပဲ ရုံးအတွက်လုပ်ကျရင်း ကိုယ့်ရဲ့အိမ်က ကိုယ့်ရဲ့အလုပ်ခွင်ပုံစံဖြစ်လာပါလိမ့်မယ်။ လတ်တလောအခြေအနေတွေအရ ရောဂါက တဖြည်းဖြည်း ကူးစက်မှုနှုန်းတွေ မြင့်မားလာတာကို ကြားသိနေရပါတယ်။ ဒီလို အခြေအနေမျိုးမှာ ရုံးတက် ရုံးဆင်းလုပ်နေ ရမယ်ဆိုရင်တော့အတော်လေးကို အန္တရာယ်များမှာ အမှန်ပါပဲ။ မတော်လို့များ တစ်ယောက်မှာ ကူးစက်လာခဲ့ရင် တစ်ရုံးလုံး ကူးစက်သွားမှာမို့ ရုံးတွေတက်ဖို့ဆိုတာတော့ အဆင်ပြေမယ်မထင်ပါဘူး။ shwekhitonlinetv.com

၂။ အလုပ်လုပ်စရာမလိုပဲ စားသောက်နိုင်မယ်

ဒီအချက်က ဖွံ့ဖြိုးပြီးနိုင်ငံအချို့နဲ့ ချမ်းသာတဲ့ နိုင်ငံအချို့မှာဆိုရင်တော့ ဖြစ်နိုင်ပါတယ်။ ဆိုလိုတာကတော့ အလုပ်မရှိတဲ့သူတွေကို အစိုးရက ကပ် ကာလအတွင်း ထောက်ပံ့ပေးထားနိုင်တာကို ကြောင့်ပါ။ ဒါပေမယ့်လည်း မြန်မာနိုင်ငံအနေအထားနဲ့ဆိုရင်တော့ အတော်လေးကိုဖြစ်နိုင်ချေနည်းပါးလှပါတယ်။ အစိုးရကထောက်ပံ့မှုအချို့ရှိပေမယ့် စနစ်တကျ ခွဲတမ်းပေးနိုင်ခြင်းမရှိသလို ရေရှည်မှာ အစိုးရအနေနဲ့လည်း ထောက်ပံ့မှုတွေပေးဖို့ မလွယ်ကူလှပါဘူး။ shwekhitonlinetv.com

၃။ စက်ရုပ်တွေ အသုံးပြုလာမယ်

ရောဂါဆိုးကြီးသာ ဆက်လက်သက်ဆိုးရှည်နေမယ်ဆိုရင် စက်ရုံအလုပ်ရုံ သူဌေးတွေအနေနဲ့ လုပ်ငန်းတွေ ပြန်လည် လည်ပတ်နိုင်ဖို့ လူသားလုပ်အားစုတွေနေရာမှာ စက်ရုပ်တွေကို အစားထိုး အသုံးပြုလာနိုင်ပါတယ်။ စက်ရုပ် တွေက ရောဂါပိုးကူးစက်ခြင်းအတွက်စိတ်ပူစရာမလိုခြင်း၊ လစာလည်းမပေးရခြင်းနဲ့ အခြား အားသာချက်များစွာလည်း ရှိနေလို့ လူသားလုပ်အားစုတွေ အများကြီး လျော့ကျသွားဖို့ ရှိနေပါတယ်။ shwekhitonlinetv.com

၄။ အွန်လိုင်းပညာရေးစနစ်ဖြစ်လာမယ်

COVID ကြောင့် တစ်ကမ္ဘာလုံးနီးပါး ကျောင်းသွားစရာမလိုတော့ပဲနဲ့အွန်လိုင်းကနေသာ စာသင်တဲ့ခေတ်ကို ရောက်သွားနိုင်ပါတယ်။ မြန်မာနိုင်ငံမှာလည်း ဆက်သွယ်မှုကွန်ယက်တွေ အသင့်အတင့် တိုးတက်နေပြီဖြစ်တာကြောင့် ကျောင်းသူကျောင်းသားတွေ အနေနဲ့ အွန်လိုင်းကနေ သင်ရတဲ့ ခေတ်ကို ရောက်ရှိသွားနိုင်ပါတယ်။ ဒါပေမယ့် အွန်းလိုင်းပညာရေးစနစ်နဲ့ ယဥ်ပါးဖို့ အချိန်ယူရမှာဖြစ်လို့ အစပိုင်းမှာတော့ ကမောက်ကမ တွေဖြစ်နိုင်တာ အမှန်ပါပဲ။ shwekhitonlinetv.com

၅။ အစိုးရအပြောင်းအလဲကရောဂါပေါ် မူတည်မယ်

ရွေးကောက်ပွဲအတွက် မဲဆွယ်ရာမှာလည်း အရင်တုန်းကလိုမျိုး လမ်းတွေခင်းပေးမယ်။ တံတားတွေထိုးပေးမယ်ဆိုပြီးတော့ စည်းရုံးရေး မဆင်းတော့ပဲနဲ့ ရောဂါ ပိုးအတွက်ထိရောက်တဲ့ ကာကွယ်မှု သို့မဟုတ် ပပျောက်ရေးကို ပိုပြီးတော့ နည်းလမ်းကျကျလုပ်နိုင်တဲ့ ပါတီ၊ အဖွဲ့အစည်းက အစိုးရဖြစ်လာနိုင်ပါတယ်။ shwekhitonlinetv.com

၆။ အသေးစားလုပ်ငန်းအချို့ ရပ်တန့်သွားလိမ့်မယ်

ဥပမာအားဖြင့် ပြောရရင်တော့ သူငယ်ချင်းတွေစုပြီး Bar ဖွင့်တာမျိုးလို လုပ်ငန်းမျိုးတွေဟာ ဒီလို ကာလမှာအတော်လေးကို ရပ်တည်ဖို့ ခက်ခဲပါလိမ့်မယ်။ နောက်ပြီး အလှပြင်ဆိုင်ဖွင့်တာတို့လိုမျိုး အသေးစားလုပ်ငန်းတွေဟာ ရပ်တန့်သွားဖို့ရှိနေပါတယ်။ shwekhitonlinetv.com

၇။ ပြည်သူတွေ အသိအမြင်တိုးတက်လာနိုင်မယ်

အလုပ်အကိုင်အများစုက အိမ်ကနေ အင်တာနက် ရှိရုံနဲ့ လုပ်လို့ရတဲ့ အနေအထားဆိုတော့ အင်တာနက်ကို အရင်ကထက်ပိုပြီး ထဲထဲဝင်ဝင် အသုံးပြုလာဖို့ရှိတာကတော့ ကောင်းတဲ့ အချက်တစ်ချက်လို့ ဆိုရပါမယ်။ ဒါဟာ အင်တာနက်နဲ့သက်ဆိုင်တဲ့ အမြင်တွေ ဗဟုသုတတွေ ပိုပြီးတိုးပွားလာမှာတော့ အမှန်ပဲဖြစ်ပါတယ်။ လူတိုင်းနီးပါးဟာ Social Media တွေကသတင်းအချက်အလက်တွေကိို စိတ်ဝင်တစား လေ့လာနိုင်မှာဖြစ်လို့ လူကြီးလူငယ် ကျေးလက်မြို့ရွာမရွေး အိုင်တီ နည်းပညာတွေနဲ့တော့ အရင်ကထက်ပိုပြီး ရင်းနှီးတဲ့ အနေအထားရောက်လာနိုင်ပါတယ်။အားကစားနှင့် ကျန်းမာရေးဝန်ကြီးဌာနလို အစိုးရ Page တွေလည်း Active ဖြစ်လာတဲ့အတွက် အရေးပေါ် အခြေအနေတွေမှာ တိကျတဲ့ သတင်းရင်းမြစ်တွေကနေ ခိုင်မာတဲ့ သတင်းအချက်အလက်တွေကို သိရှိနိုင်တော့မှာလည်းဖြစ်ပါတယ်။ shwekhitonlinetv.com

အခုဖော်ပြပေးခဲ့တာကတော့ COVID-19 ကူးစက်ရောဂါဆိုးကြီးကြောင့် ပြောင်းလဲလာနိုင်တဲ့ နောက်ဆက်တွဲ လူနေမှုပုံစံတွေကို ခန့်မှန်းသုံးသပ်ဖော်ပြထားတာပဲဖြစ်ပါတယ်။ လိုအပ်ချက်တွေရှိရင်လည်း ကွန်းမန့်မှာ ထောက်ပြသုံးသပ်ပေးသွားကြပါဦးနော် ….. shwekhitonlinetv.com

ယခုဆောင်းပါးကို Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။