ကျိကျိတက် ချမ်းသာပေမဲ့လည်း ကားအကောင်းစားတွေ ဝယ်မစီးကြတဲ့ နာမည်ကြီး ဆယ်လီများ

အခုတစ်ခါ ပြောပြပေးမှာကတော့ ပိုက်ဆံတွေ ကျိကျိတက်အောင် ချမ်းသာပေမယ့်လည်း ကား အကောင်းစားတွေ ဝယ်မစီးကြတဲ့ ဆယ်လီတွေ အကြောင်းကို ဖော်ပြပေးချင်ပါတယ် ။ ဒီအထဲမှာ ဘယ်သူတွေ ဖြစ်မလဲဆိုတာကတော့ အောက်ကပုံလေးတွေ တစ်ပုံချင်းစီကို ကြည့်လိုက်ပါဦးနော် ။ shwekhitonlinetv.com

၁။ Justin Timberlake ( Volkswagen Jetta )

နာမည်ကြီး အဆိုတော် တစ်ဦး ဖြစ်တဲ့ Justin Timberlake က်ိုတော့ မသိတဲ့သူ မရှိလောက်အောင် ပါပဲ ။ သူ ရဲ့ သီချင်းတွေ အပြင် သရုပ်ဆောင်ခဲ့တဲ့ ဇာတ်ကားတွေကနေ ငွေတွေ အမြောက်အမြား ရခဲ့ပေမယ့်လည်း Justin Timberlake ကတော့ ဇိမ်ခံကားတွေ ဝယ်စီးရတာကို ဝါသနာ မပါခဲ့ပါဘူး ။ သူအမြဲတမ်း စီးနေကျ ကားလေးကတော့Volkswagen Jetta ဆိုတဲ့ ကားလေးပဲ ဖြစ်ပါတယ် ။ shwekhitonlinetv.com

၂။ Tom Hanks  ( Scion xB )

ဇာတ်ကားတိုင်းမှာ လက်ဖျားခါရလောက်အောင် ကျရာနေရာကနေ သရုပ်ဆောင်နိုင်ခဲ့ မင်းသားကြီး Tom Hank ကိုတော့ လူတိုင်း သဘောကျကြမယ်လို့ ထင်ပါတယ်။ မင်းသားကြီး Tom Hank ဟာဆိုရင် Scion xB ဆိုတဲ့ ကားလေးကို ယနေ့အချိန်အထိ စီးနေဆဲ ဖြစ်ပြီး သူ့ကားလေးဟာ လောင်စာဆီ ဖြည့်စရာမလိုပဲ လျှပ်စစ် အားသွင်းပြီး မောင်းရတာပဲ ဖြစ်ပါတယ် ။ shwekhitonlinetv.com

၃။ Jennifer Lawrence  ( Volkswagen Eos )

အော်စကာ ဆုရှင် မင်းသမီး တစ်ဦးဖြစ်တဲ့ Jennifer Lawrence ကတော့ ဇာတ်ကားတစ်ကား ရိုက်ရုံနဲ့  သရုပ်ဆောင်ကြေး ဒေါ်လာ ( ၆၅၀ ) မီလျံလောက် ရရှိသူလည်း ဖြစ်ပါတယ်။ ဒါပေမယ့်လည်း သူမဟာ ကားအကောင်းစားတွေကို ဝယ်စီးသူမဟုတ်ပဲ ရှုတင်လာတိုင်း Volkswagen Eos ဆိုတဲ့ ကားလေးနဲ့သာ စီးလာသူလည်း ဖြစ်ပါတယ် ။ shwekhitonlinetv.com

၄။ Jeff Bezos  ( Honda Accord )

Jeff Bezos လို့ ပြောလိုက်တာနဲ့ ကမ္ဘာ့အချမ်းသာဆုံး စာရင်းဝင်ထားသူ တစ်ယောက်လို့ သိကြမယ် ထင်ပါတယ်။ သူ့ရဲ့ ပိုင်ဆိုင်မှုဟာ ဒေါ်လာ ( ၁၁၇ ) ဘီလီလျံကျော်အထိ ရှိပေမယ့်လည်း ဇိမ်ခံကား အကောင်းစားတွေကို ဝယ်မစီးခဲ့ပါဘူး ။ Jeff ဟာ နှစ်အတော်ကြာတဲ့အထိ Honda Accord ဆိုတဲ့ ကားလေးကိုသာ စီးခဲ့ပြီး သူ့အတွက် လိုက်ဖက်လွန်းတဲ့ ကားဖြစ်တယ်လို့ အင်တာဗျူးတစ်ခုမှာ ဖြေခဲ့ပါသေးတယ် ။ shwekhitonlinetv.com

၅။ Daniel Radcliffe  ( Fiat Grande Punto )

ဟယ်ရီပေါ်တာ ဇာတ်ကား စီးရီးတွဲတွေနဲ့ နာမည်ကြီးလာခဲ့တဲ့ မင်းသား Daniel Radcliffe ရဲ့ ပိုင်ဆိုင်မှုဟာ ဒေါ်လာ ( ၁၁၀ ) မီလျံအထိတောင် ရှိပါတယ် ။ ဒါပေမယ့်လည်း Daniel ဟာ  Fiat Grande Punto ဆိုတဲ့ ကားလေးကိုသာ ဝယ်စီးခဲ့ပြီး ပတ်ဝန်းကျင် ဘေးကင်းလုံခြုံမှုရှိစေဖို့အတွက် ဒီကားလေးကို ဝယ်ခဲ့တာ ဖြစ်တယ်လို့ ပြောခဲ့ပါတယ် ။ shwekhitonlinetv.com

၆။ LeBron James  ( Jeep Wrangler )

နာမည်ကြီး ဘက်စကတ်ဘော ကစားသမားတစ်ဦး ဖြစ်တဲ့ LeBron James ဟာဆိုရင်လည်း ဇိမ်ခံကားတွေကို ကြိုက်နှစ်သက်သူတစ်ယောက် မဟုတ်ပါဘူး ။ သူ ဟာ Jeep Warngler ဆိုတဲ့ ကားလေးကို နှစ်တော်တော်ကြာအောင် စီးခဲ့ပြီး ဒီကားရဲ့ တန်ဖိုးဟာ ဒေါ်လာ ( ၃ ) သောင်း ဝန်းကျင်ပဲ ရှိပါတယ် ။ shwekhitonlinetv.com

၇။ Leonardo DiCaprio  ( Toyota Prius )

နာမည်ကြီး မင်းသားဖြစ်ပေမယ့်လည်း ရိုးရှင်းစွာနေတတ်တဲ့ Leonardo DiCaprio တော့ ဂေဟစနစ်ကို ထိန်းသိမ်းနိုင်ဖို့အတွက် Toyota Prius ဆိုတဲ့ ကားလေးကို သာ စီးခဲ့သူ ဖြစ်ပါတယ်။ Leo ဟာ နာမည်ကြီး တိုက်တန်းနစ်ကားထဲမှာ အဓိက သရုပ်ဆောင်တစ်ယောက်လည်း ဖြစ်ပါတယ်။ Leo ဟာဆိုရင် Blake Lively နဲ့ ချိန်းတွေ့ခဲ့စဉ်တုန်းကတောင် သူမ အတွက် Prius ကားတစ်စီးကို လက်ဆောင်ပေးခဲ့တာလည်း ဖြစ်ပါတယ် ။ shwekhitonlinetv.com

အခုဖော်ပြပေးထားတာကတော့ ပိုက်ဆံချမ်းသာပေမယ့်လည်း ဇိမ်ခံကားတွေ မစီးကြတဲ့ နာမည်ကြီး ဆယ်လီတွေ အကြောင်းကို ဖော်ပြပေးထားတာပဲ ဖြစ်ပါတယ် ။ နောက်ပိုင်းတွေမှာလည်း အခုလိုမျိုး အကြောင်းအရာလေးတွေကို ရှာဖွေတင်ဆက်ပေးမှာမို့လို့ Shwe Khit ကို စောင့်မျှော်ဖတ်ရှုပေးကြပါဦးနော် ။ shwekhitonlinetv.com

Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။ ယခုဆောင်းပါးကို တခြားပေ့ချ်များတွင် ကျေးဇူးပြု၍ ကူးယူဖော်ပြခြင်း မပြုရန် မေတ္တာရပ်ခံအပ်ပါသည်။

ရွှေခေတ်အွန်လိုင်းတီဗီ၏ Content များကို လစဥ် အခကြေးငွေ သောင်းဂဏန်း ပေးသွင်း၍ စျေးနှုန်းချိုသာစွာ ဝယ်ယူနိုင်ပါသည်။ ဝယ်ယူလိုပါက Shwe Khit Online TV Page ကို မက်ဆေ့ချ်ပို့၍ စုံစမ်းမေးမြန်းနိုင်ပါသည်။

ဝယ်ယူထားခြင်း မရှိဘဲ ဆက်လက် ကူးတင်နေသော ဝက်ဆိုက်နှင့် ပေ့ချ်များကို ဖေ့ဘုတ်ထံသို့ Copyright Claim တင်၍ IA ပျက်သည်အထိ Report လုပ်သွားမည် ဖြစ်ကြောင်း အသိပေးအပ်ပါသည်။