မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်နဲ့ ပတ်သက်ပြီး လူသိနည်းတဲ့ အချက်များ

မြောက်ကိုရီယား နိုင်ငံရဲ့ခေါင်းဆောင် ကင်ဂျုံအန်ဟာဆိုရင် ကမ္ဘာပေါ်မှာ မသိတဲ့သူမရှိလောက်အောင်ကိုပဲထင်ပေါ်ကျော်ကြား လှတဲ့သူဖြစ်ပါတယ်။ ဒီလို ကမ္ဘာကသိအောင်နာမည်ကျော်ကြားပေမယ့်လည်း သူ့ရဲ့အတွင်းရေးအကြောင်းတွေကတော့ အတော်လေးကို လျို့ဝှက်သိုသိပ်လွန်းပြီး လူသိနည်းလှပါတယ်။ အခုတစ်ခေါက်မှာတော့ ဒီလိုလူနည်းစုပဲသိတဲ့ ကင်ဂျုံအန်ရဲ့ အကြောင်းတွေထဲက စိတ်ဝင်စားဖွယ်ရာအချက်လေးတွေကိုဖော်ပြပေးလိုက်ပါတယ်။ shwekhitonlinetv.com

၁။ ကင်ဂျုံအန် ရဲ့ အရပ်ဟာ (၅) ပေ (၅) လက်မလောက်သာရှိပါတယ်။ ဒါကြောင့်သူ့ကို အရပ်ပိုမြင့်စေတယ်လို့ထင်မြင်အောင် အထူးပြုလုပ်ထားတဲ့ ဖိနပ်တွေကိုသာ စီးလေ့ရှိပါသတဲ့။ shwekhitonlinetv.com

၂။ ကင်ဂျုံအန် ဟာ ၂၀၁၄ ခုနှစ်မတိုင်ခင်အထိ အများပြည်သူရှေ့မှာ သူ့ရဲ့ ငယ်ဘဝကဓာတ်ပုံတွေကို ထုတ်ဖော်ပြသခြင်းမရှိခဲ့ပါဘူး။ ဒါပေမယ့် ၂၀၁၄ ခုနှစ် မြောက်ကိုရီးယားတပ်မတော်နေ့မှာတော့ သူ့ရဲ့ငယ်ဘဝက ပုံတွေကို အများပြည်သူကိုပြသခဲ့ပါတယ်။ ဒါပေမယ့် ကံမကောင်းစွာနဲ့ပဲ ဘယ်သူကမှ ဒီကလေးပုံတွေဟာ ကင်ဂျုံအန် ငယ်ငယ်ကဖြစ်တယ်ဆိုပြီး အတည်မပြုခဲ့ကြပါဘူး။ shwekhitonlinetv.com

၃။ တောင်ကိုရီးယားရဲ့ မှတ်တမ်းတွေမှာဖော်ပြထားတဲ့ ကင်ဂျုံအန်ရဲ့မွေးနေ့က (၁၉၈၃) ဇန်နဝါရီ (၈) ရက်ဖြစ်ပြီး အမေရိကန်တွေရဲ့ မှတ်တမ်းမှာတော့ (၁၉၈၄) ဇန်နဝါရီ (၈) ရက်ဖြစ်နေခဲ့ပါတယ်။ ဒါပေမယ့် ကင်ဂျုံအန်ကတော့ သူ့ရဲ့မွေးနေ့အမှန်ဟာ (၁၉၈၂) ဇန်နဝါရီ (၈) ရက်ဖြစ်တယ်လို့ ဆိုပါတယ်။ အများစုကတော့ ဒါဟာ ကင်ဂျုံအန်အနေနဲ့ သူ့ကိုယ်သူ အသက်ပိုကြီးပြီး ရင့်ကျက်တဲ့ပုံစံထင်မြင်အောင် လိမ်လည်ထားတာလို့ယုံကြည်နေကြပါတယ်။ shwekhitonlinetv.com

၄။ ကင်ဂျုံအန်ဟာ မြောက်ကိုရီးယားရဲ့ခေါင်းဆောင်းဖြစ်လာခဲ့ပြီး တစ်နှစ်အကြာမှာပဲ မြောက်ကိုရီးယား ပြည်သူ့တပ်မတော် (ကာကွယ်ရေးဦးစီးချုပ်) ရဲ့ အမြင့်ဆုံးရာထူးကို တိုးမြှင့်ရရှိခဲ့တာဖြစ်ပါတယ်။ shwekhitonlinetv.com

၅။ ကျွမ်းကျင်သူတွေရဲ့ အဆိုအရတော့ ကင်ဂျုံအန်ဟာ အခြားနိုင်ငံတွေနဲ့ နျူကလီးယားစစ်ပွဲကို စတင်ဖို့ အလိုရှိသူမဟုတ်ဘူးလို့ သိရပါတယ်။ နျူလက်နက်တွေကို စမ်းသပ်နေတာဟာ သူ့နိုင်ငံသားတွေကို သူတို့အနေနဲ့ ဘယ်လောက် အင်အားကောင်းတယ်ဆိုတာပြသဖို့နဲ့ တိုင်းပြည်လုံခြုံရေးအတွက်သာဖြစ်တယ်လို့ဆိုပါတယ်။ shwekhitonlinetv.com

၆။ ကင်ဂျုံအန်ဟာ ပြည်တွင်းက မီဒီယာတွေအကုန်လုံးကို သူ့ရဲ့ စီမံခန့်ခွဲမှုအောက်မှာပဲ ရှိနေစေပါတယ်။ shwekhitonlinetv.com

၇။ ကင်ဟာ တိုင်းပြည်အတွင်း အင်တာနက်အသုံးပြုခြင်းကိုလည်း အကန့်အသတ်နဲ့ တိကျစွာ ခွင့်ပြုထားပြီး လူမှုကွန်ယက် ဝက်ဆိုဒ်တွေအသုံးပြုခြင်းကိုလည်း တင်းကျပ်စွာထိန်းချုပ်ထားတယ်လို့သိရပါတယ်။ shwekhitonlinetv.com

၈။ သူ့ရဲ့ အဖိုးနဲ့ အဖေလိုပဲ ကင်ဂျုံအန်ဟာ အာဏာရှင်ဆန်တဲ့ စည်းမျဥ်းဥပဒေတွေကို နိုင်ငံအတွက်ချမှတ်ထားပါတယ်။ နောက်ပြီး ရွေးကောက်ပွဲတွေဟာလည်း တရာမျှတပြီးလွတ်လပ်မှုမရှိဘူးလို့သိရပါတယ်။ shwekhitonlinetv.com

၉။ ကင်ဂျုံအန်မှာ မွေးချင်း (၄) ယောက်ရှိပါတယ်။ အစ်ကို (၂) ယောက်၊ အစ်မ (၁) ယောက်နဲ့ နှမ (၁) ယောက် ဖြစ်ပါတယ်။ သူရဲ့မွေးချင်းတွေထဲမှာ လူအများစုသိတာက သူ့ရဲ့ နှမဖြစ်တဲ့ ကင်ယိုဂျုံ ပဲဖြစ်ပါတယ်။ ကျန်တဲ့မွေးချင်းတွေကတော့ သိပ်ပြီး ထင်ထင်ပေါ်ပေါ်မရှိလှပါဘူး။ shwekhitonlinetv.com

၁၀။ သူ့ရဲ့ အစ်ကိုအကြီးဆုံးဖြစ်တဲ့ ကင်ဂျုံနန်ဟာ ၂၀၁၇ ခုနှစ်အတွင်းက မလေးရှားနိုင်ငံ စီဖန်းမှာ လုပ်ကြံခြင်းခံခဲ့ရပါတယ်။ နောက်ပိုင်းထွက်ပေါ်လာတဲ့ သတင်းတွေအရတော့ ဒီလုပ်ကြံမှုကို နောက်ကွယ်က ကြိုးကိုင်ခဲ့တာဟာ ကင်ဂျုံအန်ဖြစ်တယ်လို့ ဆိုကြပါတယ်။ shwekhitonlinetv.com

အခုတင်ဆက်ပေးတဲ့အကြောင်းအရာလေးကိုဖတ်ရှုပြီး အားလုံးကျေနပ်နှစ်သိမ့် နိုင်ကြမယ်လို့မျှော်လင့်ပါတယ်။ နောက်ထပ်လည်း ဘယ်လိုစိတ်ဝင်စားဖွယ် အကြောင်းအရာတွေတင်ဆက်ပေးသွားဦးမလဲဆိုတာ ဆက်လက်အားပေးကြပါဦးနော် … shwekhitonlinetv.com

Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။ ယခုဆောင်းပါးကို တခြားပေ့ချ်များတွင် ကျေးဇူးပြု၍ ကူးယူဖော်ပြခြင်း မပြုရန် မေတ္တာရပ်ခံအပ်ပါသည်။

ရွှေခေတ်အွန်လိုင်းတီဗီ၏ Content များကို လစဥ် အခကြေးငွေ သောင်းဂဏန်း ပေးသွင်း၍ စျေးနှုန်းချိုသာစွာ ဝယ်ယူနိုင်ပါသည်။ ဝယ်ယူလိုပါက Shwe Khit Online TV Page ကို မက်ဆေ့ချ်ပို့၍ စုံစမ်းမေးမြန်းနိုင်ပါသည်။

ဝယ်ယူထားခြင်း မရှိဘဲ ဆက်လက် ကူးတင်နေသော ဝက်ဆိုက်နှင့် ပေ့ချ်များကို ဖေ့ဘုတ်ထံသို့ Copyright Claim တင်၍ IA ပျက်သည်အထိ Report လုပ်သွားမည် ဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Be the first to comment

Leave a Reply