ပြန်ပြင်ဖို့ခက်အောင် ဆိုးဆိုးရွားရွား လွဲချော်ခဲ့တဲ့ မှားယွင်းမှုများ

လောကမှာ လူမှန်ရင် အမှားနဲ့မကင်းကြတာက သဘာဝပဲဖြစ်ပါတယ်။ ဒါပေမယ့်လည်း တစ်ချို့အမှားအယွင်းတွေက ခံစားရတဲ့သူအဖို့ အတော်လေးကို နစ်နာရနဲ့ အမှားမျိုးတွေလည်းရှိပါတယ်။ အခုတစ်ခေါက်ဖော်ပြပေးသွားမှာကတော့ တစ်ကယ်ကို ကြံကြံဖန်ဖန် မှားယွင်းခဲ့တဲ့ အမှားအယွင်းတွေအကြောင်းပဲဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုပေးကြပါဦးနော် ….. shwekhitonlinetv.com

၁။ ဝှေးစေ့မှားယွင်းပြီး ဖြတ်ခံရတဲ့ လူနာ

ပြီးခဲ့တဲ့ (၂၀၁၃) ခုနှစ်အတွင်းက အင်္ဂလန်နိုင်ငံတောင်ပိုင်းက ဆေးရုံတစ်ခုမှာ ခွဲစိတ်ဆရာ၀န်တွေဟာ အမျိုးသားလူနာတစ်ဦးရဲ့ ကင်ဆာ ဖြစ်နေတဲ့ ဝှေးစေ့ကို ဖယ်ရှားဖို့ခွဲစိတ်မှုပြုလုပ်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ဖြစ်ချင်တော့ သူတို့ဟာ ဝှေးစေ့အကောင်းကို မှားယွင်းဖယ်ရှားမိတဲ့အတွက် လူနာဟာ ရောဂါအခြေအနေ ပိုမိုဆိုးရွားတဲ့ အဆင့်ကို ရောက်ရှိသွားခဲ့ရပါတယ်။shwekhitonlinetv.com

ခွဲစိတ်မှု ပြုလုပ်နေစဉ် မိနစ် (၄၀) အကြာမှ ခွဲစိတ်ဆရာ ၀န်တွေဟာ လူနာရဲ့ ဝှေးစေ့အကောင်းကို ဖြတ်မိခဲ့ကြောင်း သိရှိခဲ့ကြပြီး အဲ့ဒီဝှေးစေ့ကိုပြန်တပ်ပေးဖို့ ကြိုးစားခဲ့ပေမယ် အချိန်မမီဖြစ်ခဲ့ရပါတယ်။ ဒါပေမယ့်လည်း မှားယွင်းဖြတ်တောက်မိခဲ့မှုကို ၀မ်းနည်းကြောင်းတောင်းပန်ရုံလောက်နဲ့ မကျေနပ်နိုင်တာကြောင့် လူနာက သက်ဆိုင်ရာဆေးရုံကို တရားစွဲဆိုခဲ့တယ်လို့သိရပါတယ်။ shwekhitonlinetv.com

၂။ ကလေး (၁၅) ဦးအသက်ဆုံးရှုံးခဲ့ရသော ကာကွယ်ဆေး

ဆီးရီးယားနိုင်ငံမှာ ၀က်သက်ရောဂါကူးစက်ပျံ့ပွားမှုမှ ကာကွယ်နိုင်ဖို့အတွက် ဆရာ၀န်တွေက ကလေးငယ်များကို ၀က်သက်ကာကွယ်ဆေး ထိုးပေးခဲ့ကြပါတယ်။ ဒါပေမယ့် ကံဆိုးစွာနဲ့ပဲ ဆရာဝန်တွေဟာ အသက်တစ်နှစ်အောက် ကလေးငယ် (၇၅) ဦးကို ၀က်သက်ကာကွယ်ဆေးအစား ကြွက်သားများပြေလျော့စေတဲ့ ဆေးကိုမှားယွင်းပြီး ထိုးနှံမိခဲ့ပါတယ်။ shwekhitonlinetv.com

ဒီဖြစ်ရပ်ကြောင့် ကလေး (၁၅) ဦး အသက်ဆုံးရှုံးခဲ့ရပါတယ်။ အစပိုင်းမှာတော့ ကလေးငယ်တွေရဲ့ မိဘတွေဟာ ရက်လွန်နေတဲ့ ကာကွယ်ဆေးများကြောင့် ယခုလိုဖြစ်ခဲ့တဟ်လို့သာ ထင်မြင်ခဲ့ကြပါတယ်။ နောက်ပိုင်း စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ခဲ့တဲ့နောက်မှာတော့ ဒီဖြစ်ရပ်မှာ ဆရာ၀န်တွေရဲ့ အမှား​မကင်းကြောင်း သိရှိခဲ့ရပါတယ်။ shwekhitonlinetv.com

၃။ ခါးသီးတဲ့နိုင်ငံနှစ်နိုင်ငံရဲ့ အလံအမှား

၂၀၁၂ ခုနှစ် လန်ဒန်အိုလံပစ် မှာတော့အလံမှားယွင်းဖော်ပြမှုတစ်ခုဖြစ်ခဲ့ပါတယ်။ အလံမှားယွင်းဖော်ပြတာက ခွင့်လွှတ်လို့ရတဲ့ မဆိုစလောက် အမှားလို့ပြောလို့ရနိုင်ပေမယ့် မှားယွင်းခဲ့တာက တောင်ကိုရီးယား နဲ့ မြောက်ကိုရီးယား အလံဖြစ်နေခဲ့လို့ ထင်တာထက် ပိုဂယက်ရိုက်ခဲ့ရပါတယ်။ မြောက်ကိုရီးယားနှင့်တောင်ကိုရီးယားဟာ ဒီနေ့ချိန်ထိ တင်းမာမှုတွေမြင့်မားနေတဲ့ နိုင်ငံနှစ်နိုင်ငံလည်းဖြစ်ပါတယ်။ shwekhitonlinetv.com

၄။ (၁၀) နှစ်ကြာကလေးချင်းမှားယွင်းခဲ့မှု

၁၉၉၄ ခုနှစ်မှာတော့ ပြင်သစ်နိုင်ငံတောင်ပိုင်းကဆေးရုံတစ်ရုံမှာ မွေးကင်းစအသားဝါရောဂါကြောင့် ဖန်ပေါင်းချောင်တစ်ခုထဲ အတူထည့်ထားတဲ့ ကလေးငယ်နှစ်ယောက်ကို တာ၀န်ကျသူနာပြုက မိဘများထံ မှားယွင်းပေးအပ်ခဲ့ပါတယ်။ မိခင်နှစ်ဦးထဲမှ တစ်ဦးဖြစ်တဲ့ ဆိုဖီဆီရာနိုက သူမကလေးမဟုတ်ကြောင်းသံသယရှိခဲ့ပေမယ့် ဆေးရုံကသူတို့ပေးလိုက်တဲ့ ကလေးဟာ အမှန်ဖြစ်ကြောင်း အခိုင်အမာပြောဆိုခဲ့တာကြောင့် မိသားစုနှစ်ခုလုံးဟာ သူတို့ရင်သွေးမဟုတ်တဲ့ မွေးကင်းစလေးများကိုခေါ် ပြီး အိမ်ပြန်သွားခဲ့ရပါတယ်။ shwekhitonlinetv.com

နောင်ဆယ်နှစ်အကြာမှာတော့ မိဘတွေယာ သူတို့ကလေးတွေကို မျိုးဗီဇစစ်ခဲ့ရာမှာတော့ ကလေးချင်းလွဲတဲ့ ပြဿနာ ဟာအထင်းသားပေါ်လာပါတော့တယ်။ ဒီအတွက် မိသားစုနှစ်စုလုံးက ဆေးရုံကိုတရားစွဲဆိုခဲ့ပြီး ကလေးမှားယွင်းမှုအတွက် နစ်နာကြေး ယူရို ၁ ဒသမ ၅သန်း စီပြန်လည် ရရှိခဲ့တယ်လို့ငိရပါတယ်။ ဒါပေမယ့် ဆယ်နှစ်လုံးလုံး ပြုစုစောင့်ရှောက်လာခဲ့တဲ့ ကလေးငယ်တွေအပေါ် သားသမီးအရင်းသဖွယ် သံယောဇဉ် တွယ်တာခဲ့တာကြောင့်​ ပြန်လည်လဲလှယ်ခြင်း မပြုခဲ့ကြဘူးလို့သိရပါတယ်။ shwekhitonlinetv.com

၅။ HIV အဖြေမှားယွင်းထုတ်ပေးမိခြင်း

ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ် အောက်တိုဘာလ က Walter Reed စစ်ဘက်ကျန်းမာရေးစင်တာဟာ HIV ပိုးရှိသူတစ်ဦးရဲ့ သွေးနမူနာကို အခြားသွေးစစ်သူတစ်ဦးရဲ့ သွေးနမူနာနှင့်မှားယွင်းပြီး ပိုးမရှိဟုအဖြေထုတ်ပေးခဲ့မိပါတယ်။ ပိုးရှိကြောင်း မှားယွင်း အဖြေထုတ်ခံရသူက သေချာအောင် နောက်တစ်ကြိမ် ထပ်မံစစ်ဆေးလိုက်သတဲ့အခါမှာတော့ မိမိမှာ HIV ပိုးမရှိကြောင်းအဖြေထွက်လာခဲ့ပါတယ်။ shwekhitonlinetv.com

ဒီလိုအဖြစ်အပျက်ကြောင့် စစ်ဘက်ကျန်းမာရေးစင်တာဟာ သူတို့ဆီမှာ သွေးစစ်ခဲ့သူ အယောက် (၁၅၀) ကို ပြန်လည်အသိပေးခဲ့ရပြီး ရက်သတ္တ ပတ်ခြောက်ပတ်ကြာအောင် ယင်းတို့၏သွေးနမူနာများကို ပြန်လည်စစ်ဆေးပေးခဲ့ရပါတယ်။ ဒါပေမယ့်လည်း HIV ပိုးရှိပါလျက်နှင့်ပိုးမရှိဟု မှားယွင်းအဖြေထုတ်ပေးခြင်းခံခဲ့ရတဲ့သူကို တော့အဆက်အသွယ်မရခဲ့လို့ သူ့ရဲ့ဆေးစစ်ချက်ရလာဒ် အမှန်ကို အသိမပေးနိုင်ခဲ့ပါဘူး။ shwekhitonlinetv.com

၆။ အမှားပေါင်း (၃) သောင်းကျော်နှင့် စစ်သင်္ချိုင်း

အမေရိကန်ပြည်ထောင်စု အာလင်တန်အမျိုးသားစစ်သင်္ချိုင်းရဲ့ အမှားကတော့ အတော်လေးကို ကသောင်းကနင်း နိုင်လွန်းပါတယ်။ စစ်သင်္ချိုင်း အတွင်းကမြေပုံအများစုဟာ အလောင်းတစ်ခြား၊ မှတ်တိုင်တစ်ခြားဖြစ်နေကြသလို သေဆုံးသူအမည် ကမ္ဗည်းစာမရှိတာကမရှိဖြစ်နေခဲ့တာလည်း ဖြစ်ပါတယ်။ ဒါကြောင့် လူပေါင်း (၃၃,၀၀၀) မြှုပ်နှံထာတဲ့ ဒီသင်္ချိုင်းရဲ့ မှားယွင်းမှုကတော့ အကြီးမားဆုံးအဖြစ်ဖော်ပြလိုက်ရပါတယ်။ shwekhitonlinetv.com

အခုတင်ဆက်ပေးတဲ့အကြောင်းအရာလေးကိုဖတ်ရှုပြီး အားလုံးကျေနပ်နှစ်သိမ့်နိုင်ကြမယ်လို့မျှော်လင့်ပါတယ်။ နောက်ထပ်လည်း ဘယ်လိုစိတ်ဝင်စားဖွယ် အကြောင်းအရာတွေတင်ဆက်ပေးသွားဦးမလဲဆိုတာ ဆက်လက်အားပေးကြပါဦးနော် …. shwekhitonlinetv.com

Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။ ယခုဆောင်းပါးကို တခြားပေ့ချ်များတွင် ကျေးဇူးပြု၍ ကူးယူဖော်ပြခြင်း မပြုရန် မေတ္တာရပ်ခံအပ်ပါသည်။

ရွှေခေတ်အွန်လိုင်းတီဗီ၏ Content များကို လစဥ် အခကြေးငွေ သောင်းဂဏန်း ပေးသွင်း၍ စျေးနှုန်းချိုသာစွာ ဝယ်ယူနိုင်ပါသည်။ ဝယ်ယူလိုပါက Shwe Khit Online TV Page ကို မက်ဆေ့ချ်ပို့၍ စုံစမ်းမေးမြန်းနိုင်ပါသည်။

ဝယ်ယူထားခြင်း မရှိဘဲ ဆက်လက် ကူးတင်နေသော ဝက်ဆိုက်နှင့် ပေ့ချ်များကို ဖေ့ဘုတ်ထံသို့ Copyright Claim တင်၍ IA ပျက်သည်အထိ Report လုပ်သွားမည် ဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Be the first to comment

Leave a Reply