ရထားပေါ်တွေမှာ ရိုက်ကူးမိထားတဲ့ ပေါက်ပေါက်ရှာရှာ ဓာတ်ပုံများ

Shwe Khit ပရိသတ်ကြီးကို အခုတစ်ခါမှာ ပြောပြပေးချင်တာကတော့ ခရီးသည် ရထားပေါ်မှာ တွေ့ခဲ့ရတဲ့ ဟာသပုံရိပ်လေးတွေကို ဖော်ပြပေးချင်ပါတယ် ။ Stay Home ကာလမှာ အပျင်းပြေစေနိုင်ဖို့အတွက် ပုံလေးတွေ တစ်ပုံချင်းစီကို ကြည့်ပြီး ရယ်မော လိုက်ပါဦးနော် ။ shwekhitonlinetv.com

၁။ ပန်းရောင် ကြက်ကလေး

ဒီကြက်ကလေးရဲ့ ပိုင်ရှင်ကတော့ ပန်းရောင်ကို တော်တော်လေး သဘောကျတဲ့ သူ ဖြစ်မှာပါ ။ ကြက်တွန်းလှည်း တစ်ခုလုံးကို ပန်းရောင်တွေနဲ့ ခြယ်ထားတာ အားမရသေးလို့ ကြက်ကလေး ရဲ့ ဒီဇိုင်းကာလာကိုပါ ပန်းရောင် ဆိုးပေးထားပါသေးတယ် ။ shwekhitonlinetv.com

၂။ ကွန်ပျူတာခေါင်းနဲ့ မိန်းကလေး

ပုံထဲက ကောင်မလေးကတော့ လူအများကြီး နဲ့ ရထားအတူစီးရတာ ရှက်တတ်လို့ အခုလို မျိုး မော်နီတာကို ခေါင်းမှာ တပ်ထားတာလို့ ထင်ပါတယ် ။ ဒါပေမယ့်လည်း သူမပုံစံကို ကြည့်ရတာ ခေါင်းငိုက်လိုက်ရင် တော်တော် လေးမှာ ဖြစ်သလို အသက်ရှုရင်လည်း ကသိကအောက် ဖြစ်လွန်းလှပါတယ် ။ shwekhitonlinetv.com

၃။ ရထားစီးနေတဲ့ မိုနာလီဇာ

ဒါကတော့ မိုနာလီဇာ ပုံစံမျိုး ဝတ်ဆင်ထားတဲ့ အမျိုးသမီးတစ်ယောက်ရဲ့ ပုံကို ရိုက်ကူးထားတာပဲ ဖြစ်ပါတယ် ။ ဒီပုံကို ကြည့်တဲ့လူတွေကတော့ သူမကို Metro ရထားပေါ်က မိုနာလီဇာ လို့ နာမည်ပေးထားကြပါတယ် ။ shwekhitonlinetv.com

၄။ ရထားစီးဖို့ စောင့်နေတဲ့ ကင်ဂျုံအန်

ဒီပုံလေးကို ရုတ်တရက်ကြည့်လိုက်မယ်ဆိုရင် မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန် ဆိုပြီးလို့ တောင် ထင်သွားကြမှာပါ ။ တစ်ကယ်တမ်းကတော့ အမျိုးသားတစ်ယောက်က  ကင်ဂျုံအန်ပုံစံမျိုးနဲ့ တူအောင် ဝတ်ဆင်ထားပြီး ရုရှားနိုင်ငံ မော်စကိုမြို့က ဘူတာရုံမှာ ရထားစောင့်နေတာပဲ ဖြစ်ပါတယ် ။ shwekhitonlinetv.com

၅။ ဘရာဇီး ပရိသတ်များ

အခုမြင်ရတာကတော့ ပြီးခဲ့တဲ့ ရုရှားနိုင်ငံက ကမ္ဘာ့ဖလား ပြိုင်ပွဲကို လာပြီး အားပေးကြတဲ့ ဘရာဇီး ပရိသတ်တွေရဲ့ ပုံပဲ ဖြစ်ပါတယ် ။ သူများနဲ့ မတူအောင် ပုံစံတစ်မျိုးထွင်ပြီး အားပေးကြတဲ့ ဒီပရိသတ်တွေရဲ့ စိတ်ကူးကတော့ တစ်ကယ့်ကို ချီးကျူးချင်စရာပါ ။ shwekhitonlinetv.com

၆။ ရထားပေါ်က ဒေါင်းတစ်ကောင်

နယူးယောခ့် မြို့က အမျိုးသားတစ်ယောက်ဟာ အိမ်မှာ မွေးဖို့အတွက် ဒေါင်းတစ်ကောင်ကို ဝယ်ယူခဲ့ပြီး ရထားစီးလာတာပဲ ဖြစ်ပါတယ် ။ ဒါပေမယ့်လည်း တစ်ခြား လူတွေကတော့ သူတို့ရဲ့ ဖုန်းမှာသာ အာရုံရောက်နေလို့ ဘေးဘက်မှာ ဘာရှိနေလည်းဆိုတာကိုတောင် သတိထားမိကြပုံ မပေါ်ပါဘူး ။ shwekhitonlinetv.com

၇။ ရထားစီးနေကြတဲ့ ဟယ်ရီပေါ်တာဇာတ်ကားထဲက သရုပ်ဆောင်များ

တစ်ကယ်ကတော့ ရထားစီးသူတွေဟာ သွားရင်းလာရင်းနဲ့ ရထားပေါ်မှာ သူတို့တွေ့ခဲ့တဲ့ သူတွေရဲ့ ထူးထူးဆန်းဆန်းပုံလေးတွေကို ရိုက်ကူးခဲ့တာပဲ ဖြစ်ပါတယ် ။ ဒီအထဲက ပုံတွေမှာဆိုရင် ဟယ်ရီပေါ်တာ ဇာတ်ကားထဲက သရုပ်ဆောင်တွေရဲ့ ပုံစံနဲ့ ရုပ်ချင်း အနည်းငယ် ဆင်တူတဲ့ သူတွေကို တွေ့ရမှာပဲ ဖြစ်ပါတယ် ။ shwekhitonlinetv.com

အခုဖော်ပြပေးထားတာကတော့ ရထား ပေါ်နဲ့ ဘူတာရုံတွေမှာ ရုတ်တရက် တွေ့ခဲ့တဲ့ ဟာသပုံတွေကို ဖော်ပြပေးထားတာပဲ ဖြစ်ပါတယ် ။ နောက်ပိုင်းတွေမှာလည်း အခုလိုမျိုး အပျင်းပြေစေမယ့် ဓာတ်ပုံလေးတွေကို ဖော်ပြပေးမှာမို့လို့ Shwe Khit ကို စောင့်မျှော်ဖတ်ရှုပေးကြပါဦးနော် ။ shwekhitonlinetv.com

Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။ ယခုဆောင်းပါးကို တခြားပေ့ချ်များတွင် ကျေးဇူးပြု၍ ကူးယူဖော်ပြခြင်း မပြုရန် မေတ္တာရပ်ခံအပ်ပါသည်။

ရွှေခေတ်အွန်လိုင်းတီဗီ၏ Content များကို လစဥ် အခကြေးငွေ သောင်းဂဏန်း ပေးသွင်း၍ စျေးနှုန်းချိုသာစွာ ဝယ်ယူနိုင်ပါသည်။ ဝယ်ယူလိုပါက Shwe Khit Online TV Page ကို မက်ဆေ့ချ်ပို့၍ စုံစမ်းမေးမြန်းနိုင်ပါသည်။

ဝယ်ယူထားခြင်း မရှိဘဲ ဆက်လက် ကူးတင်နေသော ဝက်ဆိုက်နှင့် ပေ့ချ်များကို ဖေ့ဘုတ်ထံသို့ Copyright Claim တင်၍ IA ပျက်သည်အထိ Report လုပ်သွားမည် ဖြစ်ကြောင်း အသိပေးအပ်ပါသည်။