ပူစပ်တဲ့ အစားအစာတွေကို စားရင် ရရှိလာမယ့် ကျန်းမာရေး ကောင်းကျိုးများ

ပူစပ်တဲ့ အစားအစာတွေ၊ ချဥ်ငံစပ် အစားအစာတွေကို အချို့တွေကကြိုက်နှစ်သက်ခြင်းမရှိကြပေမယ့် လူအတော်တော်များများကတော့ ပူပူစပ်စပ် အစားအစာတွေကို ကြိုက်နှစ်သက်ကြပါတယ်။ နောက်ပြီး အပူအစပ်တွေက ခန္ဓာကိုယ်အတွက် ဘာအကျိုးမှမပြုဘူးလို့ အမှတ်မှားနေကြတဲ့သူတွေလည်းရှိပါတယ်။ shwekhitonlinetv.com

တစ်ကယ်တမ်းမှာတော့ အစပ်ကို အလွန်အကြူးမဟုတ်ဘဲ တန်ရုံသင့်ရုံစားမယ်ဆိုရင် ခန္ဓာကိုယ် ကျန်းမာရေးအတွက် ကောင်းကျိုးတွေတောင် ရရှိနိုင်တယ်။ အပူအစပ်တွေက ခန္ဓာကိုယ်အတွက် ဘယ်လိုအကျိုးပြုသလဲ ဆိုတာကိုဖော်ပြရမယ်ဆိုရင်တော့ ……. shwekhitonlinetv.com

၁။ ကိုယ်အလေးချိန်လျော့ချနိုင်ခြင်း

အပူအစပ်တွေ စားတာက သင့်ရဲ့ Weight Loss Diet Plan ကို အထောက်အကူပြုနိုင်ပါတယ်။ အစပ်စားတာက အစာချေစနစ်ကို ကောင်းမွန်စေပြီး ပုံမှန်ထက် အစာချေဖျက်နိုင်တဲ့နှုန်းကိုလည်း ပိုမြန်စေပါတယ် (ဝမ်းမီးတောက်စေပါတယ်) ။ ဒါ့အပြင် ခန္ဓာကိုယ်ထဲက ပိုလျှံနေတဲ့ ကယ်လိုရီတွေကို လောင်ကျွမ်းပစ်နိုင်တယ်လို့ သိရပါတယ်။ ဒါကြောင့် ခန္ဓာကိုယ် အလေးချိန်လျော့ချချင်တဲ့ သူတွေအနေနဲ့ ပူစပ်တဲ့ အစားအစာတွေကို အသင့်အတင့် စားသုံးပေးသင့်ပါတယ်။ shwekhitonlinetv.com

၂။ နှလုံးရောဂါဖြစ်ပွားခြင်းမှကာကွယ်ပေးခြင်း

လေ့လာတွေ့ရှိချက်တွေအရတော့ အစပ်စားပေးရင် Heart Attack ဖြစ်တာ၊ ရုတ်တရက် နှလုံးသွေးကြောပိတ်တာတွေကို တားဆီးပေးနိုင်တယ်လို့ သိရပါတယ်။ ဘာကြောင့်လဲဆိုတော့ ငရုတ်သီးတွေမှာ ပါဝင်တဲ့ Capsaicin ဓာတ်တစ်မျိုးက ခန္ဓာကိုယ်ထဲက မကောင်းတဲ့ ကိုလက်စထရောတွေကို ချေဖျက်ပေးပြီး နှလုံးသွေးကြော ပိတ်တာကို ဖြစ်စေတဲ့ သွေးကြောထဲက အနယ်တွေကို အလိုအလျောက်ဖယ်ရှား ပေးနိုင်တာကြောင့်ပဲဖြစ်ပါတယ်။ shwekhitonlinetv.com

၃။ သွေးပေါင်ချိန်လျော့ကျခြင်းကိုတားဆီးပေးခြင်း

ငရုတ်သီးရဲ့ ပူလောင်မှုက ခန္ဓာကိုယ်တွင်း သွေးစီးဆင်းလည်ပတ်မှုကို ကောင်းမွန်စေပါတယ်။ အစပ်မှာပါဝင်တဲ့ Vitamin A နဲ့ C က နှလုံးရဲ့ကြွက်သားနံရံတွေကို သန်မာစေပါတယ်။ အားလုံးကို ခြုံကြည့်လိုက်မယ်ဆိုရင် သင့် ခန္ဓာကိုယ်ရဲ့ နှလုံးနဲ့ သွေးလည်ပတ်မှု စနစ်တစ်ခုလုံးကို အထောက်အကူပြုပြီး သွေးပေါင်ချိန်ကျဆင်းတာမျိုးတွေ မဖြစ်ပေါ်စေနိုင်ပါဘူး။ shwekhitonlinetv.com

၄။ ကင်ဆာဆဲလ်များကိုတိုက်ဖျက်ပေးနိုင်ခြင်း

အပူအစပ်စားခြင်းက နှလုံးရောဂါကို ကာကွယ်ပေးနိုင်တဲ့အပြင် ကင်ဆာရောဂါတစ်ချို့ကိုလည်း ကာကွယ်ပေးနိုင်ပါတယ်တဲ့။ ဘာလို့လဲဆိုတော့ Capsaicin ဆိုတဲ့ ဓာတ်ဟာ ကင်ဆာဆဲလ်တစ်ချို့နဲ့ လူခီမီးယားဆဲလ် (Leukemia Cell) တွေကို တိုက်ဖျက်နိုင်စွမ်းရှိတာကြောင့်ပဲဖြစ်ပါတယ်။ shwekhitonlinetv.com

၅။ စိတ်ကျရောဂါနှင့်စိတ်ဖိစီးမှုလျော့ချပေးနိုင်ခြင်း

ပူစပ်တဲ့ အစားအစာများတွေကို စားသုုးခြင်းဖြင့် Serotonin ကဲ့သို့ ကောင်းမွန်သောဟော်မုန်းထုတ်လုပ်မှုကိုတိုးပွားစေနိုင်ပါတယ်။ ဒီလိုဖြစ်စဥ်ဟာ စိတ်ကျဝေဒနာဖြစ်ပွားနိုင်ခြေကို လျော့ချပေးနိုင်တဲ့ အပြင် စိတ်ဖိစီးမှုများကိုလည်း သက်သာစေနိုင်တယ်လို့ သိရပါတယ်။ shwekhitonlinetv.com

ဒီလောက်ဆိုရင်တော့ အစပ်စားခြင်းက ကျန်းမာရေးကို ဘယ်လို အထောက်အကူပြုလဲဆိုတာ ရွှေခေတ်ပရိသတ်တွေအနေနဲ့ သိရှိသွားကြပြီလို့ယူဆပါတယ်။ ဒါပေမယ့်လည်း “တန်ဆေး လွန်ဘေး” ဆိုတဲ့ စကားအတိုင်း အပူအစပ် စားတဲ့အခါ အလွန်အကြူးမစားမိအောင် သတိပြုဖို့တော့ လိုမယ်နော်။ shwekhitonlinetv.com

အခုတင်ဆက်ပေးတဲ့အကြောင်းအရာလေးကိုဖတ်ရှုပြီး အားလုံးကျေနပ်နှစ်သိမ့်နိုင်ကြမယ်လို့မျှော်လင့်ပါတယ်။ နောက်ထပ်လည်း ဘယ်လိုစိတ်ဝင်စားဖွယ် အကြောင်းအရာတွေတင်ဆက်ပေးသွားဦးမလဲဆိုတာ ဆက်လက်အားပေးကြပါဦးနော် …. shwekhitonlinetv.com

Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။ ယခုဆောင်းပါးကို တခြားပေ့ချ်များတွင် ကျေးဇူးပြု၍ ကူးယူဖော်ပြခြင်း မပြုရန် မေတ္တာရပ်ခံအပ်ပါသည်။

ရွှေခေတ်အွန်လိုင်းတီဗီ၏ Content များကို လစဥ် အခကြေးငွေ သောင်းဂဏန်း ပေးသွင်း၍ စျေးနှုန်းချိုသာစွာ ဝယ်ယူနိုင်ပါသည်။ ဝယ်ယူလိုပါက Shwe Khit Online TV Page ကို မက်ဆေ့ချ်ပို့၍ စုံစမ်းမေးမြန်းနိုင်ပါသည်။

ဝယ်ယူထားခြင်း မရှိဘဲ ဆက်လက် ကူးတင်နေသော ဝက်ဆိုက်နှင့် ပေ့ချ်များကို ဖေ့ဘုတ်ထံသို့ Copyright Claim တင်၍ IA ပျက်သည်အထိ Report လုပ်သွားမည် ဖြစ်ကြောင်း အသိပေးအပ်ပါသည်။