အပြင်မှာ ကိုယ်တိုင်မြင်တွေ့ဖို့ အလွန် ခဲယဉ်းလှတဲ့ ထူးဆန်းရှားပါးသော ဓာတ်ပုံများ

ဒီတစ်ခေါက်မှာတော့ Shwe Khit ပရိသတ်ကြီးအတွက် ပြောပြပေးချင်တဲ့ အကြောင်းအရာလေးကတော့ တစ်ကယ့် လက်တွေ့မှာ ကိုယ်တိုင် မြင်တွေ့ရဖို့ ခဲယဉ်းလှတဲ့ ရှားပါး ဓာတ်ပုံတွေ အကြောင်းပဲ ဖြစ်ပါတယ် ။ ဘယ်လိုပုံလေးတွေ ပါမလဲဆိုတာကတော့ အောက်က ပုံလေးတွေ တစ်ပုံချင်းစီကို ကြည့်လိုက်ပါဦးနော် ။ shwekhitonlinetv.com

၁။ ရေခဲသွားတဲ့ လှိုင်းလုံး

အခုမြင်နေရတဲ့ ပုံလေးကိုတော့ Nantucket လို့ခေါ်တဲ့ ကျွန်းမှာ ရိုက်ကူးထားတာပဲ ဖြစ်ပါတယ် ။ ထူးဆန်းတာကတော့ ဆောင်းတွင်းပိုင်းမှာ  ဘယ်လောက်တောင် အအေးပိုလဲဆိုရင် ကမ်းခြေဘက်က လှိုင်းလုံးတွေပါ ခဲသွားတဲ့ အထိပါပဲ ။ shwekhitonlinetv.com

၂။ ဂျယ်လီငါးကို စီးလာတဲ့ လိပ်

သာမန်အားဖြင့်ဆိုရင်တော့ ဂျယ်လီငါးတွေဟာ ပင်လယ်လိပ်တွေရဲ့ အစာလို့ပဲ ပြောရမှာပါ ။ ဒါပေမယ့် အခုတွေ့နေရတဲ့ ပုံထဲမှာတော့ လိပ် ကလေးတစ်ကောင်က ဂျယ်လီငါးပေါ်မှာ ဇိမ်ကျကျနဲ့ စီးလာတာကို တွေ့ရမှာပဲ ဖြစ်ပါတယ် ။ shwekhitonlinetv.com

၃။ ကမ္ဘာ့အမြင့်ဆုံးသော သစ်ပင်

Hyperion လို့အမည်ရတဲ့ ဒီ အပင်ကြီးကို  ဆီကွိုင်းယားပင်လို့လည်း ခေါ်ကြပြီး အမေရိကန်နိုင်ငံ ၊ ကယ်လီဖိုးနီးယား ပြည်နယ်မှာ တည်ရှိတာလည်း ဖြစ်ပါတယ် ။ ဒီအပင်ကြီးရဲ့ အရွယ်အစားဟာ ပေပေါင်း ( ၃၇၉ ) ပေမြင့်တာကြောင့် ကမ္ဘာ့အမြင့်ဆုံး အပင်အဖြစ် စာရင်းဝင်ထားပါတယ် ။ အပင်ရဲ့ သက်တမ်းက လည်း ကြာမြင့်နေပြီဖြစ်ကာ နှစ်ပေါင်း ( ၇၀၀ ကနေ ၈၀၀ ) ကြားရှိနေပြီလို့ ပညာရှင်တွေက ပြောကြားထားပါတယ် ။ shwekhitonlinetv.com

၄။ လွန်ခဲ့တဲ့ နှစ်ဘီလျံလောက်က ကြွေကျခဲ့တဲ့ ဥက္ကာခဲ

အခုမြင်တွေ့နေရတာကတော့ အတော်လေးကို ရှေးကျပြီး သက်တမ်းရင့်နေပြီဖြစ်တဲ့ ဥက္ကာခဲ အပိုင်းအစ တစ်ခုလည်း ဖြစ်ပါတယ် ။ ကျွမ်းကျင်သူတွေရဲ့ အဆိုအရတော့ ဒီ ဥက္ကာခဲရဲ့ သက်တမ်းဟာ နှစ်ပေါင်း ( ၄.၅ ) ဘီလျံလောက်က ကမ္ဘာမြေပေါ်ကျခဲ့တာ ဖြစ်မယ်လို့ ခန့်မှန်းထားကြပါတယ် ။ shwekhitonlinetv.com    

၅။ အရည်ပျော်ကျနေတဲ့ မီးတောင်

ဒါကတော့ ဟာဝိုင်အီ ကျွန်းစုနားက အရည်ပျော်ကျနေတဲ့ မီးတောင်တစ်လုံးကို အနီးကပ် ရိုက်ထားတာပဲ ဖြစ်ပါတယ်။ တစ်ကယ်ကြည့်ရတာ လှပလွန်းသလို အနားကပ်ရိုက်ကူးရတဲ့ အတွက် အန္တရာယ်လည်း များလွန်းလှပါတယ် ။ shwekhitonlinetv.com

၆။ လူ တစ်ယောက်ရဲ့ မျက်လုံးကို အနီးကပ် ရိုက်ကြည့်သောအခါ

မျက်လုံးဟာ လူ့ခန္ဓာကိုယ်ရဲ့ ထူးခြားသော ဖွဲ့စည်းတည်ဆောက်ပုံတွေထဲက ထူးခြားတဲ့ အစိတ်အပိုင်းတစ်ခုလို့ပဲ ပြောရမှာပါ ။ ဒါကတော့‌ လူတစ်ယောက်ရဲ့ မျက်လုံးကို အသေးစိတ် ရိုက်ကြည့်တဲ့အခါ ဘယ်လိုပုံ ဖြစ်နေလဲဆိုတာကို ဗဟုသုတအဖြစ် ဓာတ်ပုံရိုက်ပြထားတာပဲ ဖြစ်ပါတယ် ။ shwekhitonlinetv.com

အခုဖော်ပြပေးထားတာကတော့ မြင်တွေ့ရခဲလှတဲ့ ပုံတွေကို ရှာဖွေ စုစည်းပြီး ဖော်ပြပေးထားတာပဲ ဖြစ်ပါတယ် ။ နောက်ပိုင်းတွေမှာလည်း အခုလိုမျိုး ထူးထူးဆန်းဆန်း အကြောင်းအရာတွေကို ရှာဖွေတင်ဆက်ပေးမှာမို့လို့ Shwe Khit ကို စောင့်မျှော်ဖတ်ရှုပေးကြပါဦးနော်။ shwekhitonlinetv.com                  

Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။ ယခုဆောင်းပါးကို တခြားပေ့ချ်များတွင် ကျေးဇူးပြု၍ ကူးယူဖော်ပြခြင်း မပြုရန် မေတ္တာရပ်ခံအပ်ပါသည်။

ရွှေခေတ်အွန်လိုင်းတီဗီ၏ Content များကို လစဥ် အခကြေးငွေ သောင်းဂဏန်း ပေးသွင်း၍ စျေးနှုန်းချိုသာစွာ ဝယ်ယူနိုင်ပါသည်။ ဝယ်ယူလိုပါက Shwe Khit Online TV Page ကို မက်ဆေ့ချ်ပို့၍ စုံစမ်းမေးမြန်းနိုင်ပါသည်။

ဝယ်ယူထားခြင်း မရှိဘဲ ဆက်လက် ကူးတင်နေသော ဝက်ဆိုက်နှင့် ပေ့ချ်များကို ဖေ့ဘုတ်ထံသို့ Copyright Claim တင်၍ IA ပျက်သည်အထိ Report လုပ်သွားမည် ဖြစ်ကြောင်း အသိပေးအပ်ပါသည်။