ရယ်စရာ အဖြစ်အပျက်တွေနဲ့ ဖမ်းဆီးခံခဲ့ရတဲ့ ရာဇဝတ်သားများ

“ငိုအားထက်ရယ်အားသန်” ဆိုတဲ့ မြန်မာဆိုရိုးစကားလေးလိုပဲ လောကကြီးမှာ တစ်ချို့ဖြစ်ရပ်တွေဟာ မြင်တွေ့ ကြားသိ ရသူတွေအဖို့ အတော်လေးကို အံ့အားသင့်စရာကောင်းလှပါတယ်။ ဝမ်းပဲနည်းရတော့မလို ရယ်ပဲရယ်ရတော့ မလိုအဖြစ်မျိူးတွေပေါ့။  shwekhitonlinetv.com

အခုတစ်ခေါက်ရွှေခေတ်ပရိသတ်တွေကို ဖော်ပြပေးချင်တာကျတာ့ ဒီလို ငိုအားထက်ရယ်အားသန် စေမယ့် အဖြစ်မျိုးနဲ့ ကြုံတွေ့ခဲ့ရပြီး ဖမ်းဆီးခြင်းခံခဲ့ရတဲ့ ရာဇဝတ်သားတွေအကြောင်းပဲဖြစ်ပါတယ်။ ဘယ်သူတွေက ဘယ်လိုမျိုးသူတို့ရဲ့ မိုက်မဲတဲ့ အပြုအမူတွေကြောင့် ဖမ်းဆီးခြင်းခံခဲ့ရသလဲဆိုတာကိုတော့ အကြောင်းအရာလေးကို ဆက်လက်ဖတ်ရှုကြည့်ကြပါဦးနော် ….. shwekhitonlinetv.com

၁။ ဘောင်းဘီချွတ်လွန်းလို့ ဖမ်းခံရသူ

Ryan Smallwood လို့အမည်ရတဲ့ ဒီပုဂ္ဂိုလ်ကတော့ The Waffle House ဆိုတဲ့ အမေရိကန်က Mini Restaurant မှာ အလုပ်လုပ်တဲ့သူဖြစ်ပါတယ်။ ဖမ်းဆီးခံရမယ့်နေ့မှာတော့ ဆေးကြောင်နေသလား ဘာတွေလုပ်လာသလဲတော့ မပြောတက်ပါဘူး။ ဆိုင်ကိုလာသမျှသူတိုင်းကို ဘောင်းဘီချွတ်ပြနေခဲ့ပါသတဲ့။ ဒီလိုနဲ့ ဆိုင်ကိုလာတဲ့ မိန်းမကြီး ၂ ဦးက သူတို့ကိုလိင်ပိုင်းဆိုင်ရာ ညစ်ညမ်းတဲ့ စကားတွေပြောခဲ့တဲ့အပြင် မဖွယ်မရာအပြုအမူတွေလုပ်ပြတယ်ဆိုပြီး ရဲကိုတိုင်ခဲ့လို့ ရဲတွေကလာရောက်ဖမ်းဆီးသွားတာဖြစ်ပါတယ်။ shwekhitonlinetv.com

၂။ ဒုက္ခပေးတဲ့ဖုန်းရဲ့ Touch Screen

ဒီဖောက်ထွင်းရေးလူငယ်တွေကတော့ သူတို့ဖုန်းရဲ့ Touch Screen ကောင်းမှုနဲ့ အဖမ်းခံခဲ့ရတဲ့သူတွေလို့ ဆိုနိုင်ပါတယ်။ ဖြစ်ပုံက ဆိုင်တစ်ဆိုင်ကို ဝင်ဖောက်နေတုန်း ဘောင်းဘီအိတ်ထဲမှာထည့်ထားတဲ့ ဖုန်းရဲ့ Touch Screen ကို လျောက်ထိမိတယ်ထင်ပါရဲ့။ ဒီလိုလျောက်ထိရာကနေ ဖုန်းက Emergency Number ဖြစ်တဲ့ 911 ကိုသွားခေါ်မိပြီး ရဲကဖုန်းကို ကိုင်လိုက်တဲ့အခါမှာတော့ မှန်ကွဲသံတွေ၊ ဖောက်ထွင်းမှုအောင်မြင်လို့ တစ်ဦးနဲ့တစ်ဦး ဂုဏ်ယူဝင့်ကြွားစွာပြောဆိုနေတဲ့ ဖောက်ထွင်းရေးသမား (၂) ဦးရဲ့အသံတွေကို ကြားနေခဲ့ရပါတယ်။ ဒါကြောင့် ဖုန်းရဲ့ Location ကိုခြေရာခံလိုက်ပြီး ငနဲသား (၂) ယောက်ကိုဖမ်းဆီးနိုင်ခဲ့ပါတယ်။ သူတို့ပြောဆိုနေတဲ့အသံတွေကို Record လုပ်ထားတာကြောင့်လည်း သက်သေလဲ အထွေအထူး ရှာစရာမလိုတော့ဘူးလေ။ shwekhitonlinetv.com

၃။ အာလူးကို သေနတ်လုပ်ပြီး ဓားပြတိုက်သူ

ဒီလူကတော့ အတော်လေးကိုအကြောင်းဆိုးတဲ့လူပါပဲ။ သူကတော့ Convenience Store တစ်ခုကို ဓားပြတိုက်မှုနဲ့ ဖမ်းခံရတာဖြစ်ပါတယ်။ ဒီလူ့ပုံကြည့်ရတာ ပိုက်ဆံပြတ်နေတဲ့အချိန် ကြံမိကြံရာ လုပ်မိတယ်ထင်ပါတယ်။ ဆိုင်ကို ဓားပြတိုက်ဖို့အတွက် မီးဖိုချောင်ထဲက ကြက်သွန်လှီးတဲ့ ဓားကိုသွားယူပေမယ့် ဓားကအထားမှားပြီးရှာမတွေ့တာကြောင့် စိတ်မရှည်တော့ပဲ တွေ့ရာယူချလာပြီး Convenience Store ကိုသွားကာ ဓားပြတိုက်ခဲ့တာဖြစ်ပါတယ်။ သူက အဝတ်စကိုလက်ပေါ်အုပ်ပြီး သူ့လက်ထဲမှာ သေနတ်ရှိကြောင်း ပိုက်ဆံတွေမပေးရင် ပစ်လိုက်မယ် ဘာညာနဲ့ ပြောခဲ့ပါတယ်။ Cashier က ဝန်ထမ်းက သူ့ပုံစံကိုကြည့်ပြီး ခပ်ကြောင်ကြောင်အမူအရာနဲ့မို့ လက်ပေါ်က အဝတ်စကိုဆွဲဖယ်လိုက်တော့ သူ့လက်ထဲကိုင်ထားတာ သေနတ်မဟုတ်ပဲ အာလူးကြီး ဖြစ်နေပါတယ်။ ဒါကိုမြင်တော့ ဆိုင်မန်နေဂျာကလည်း လက်မနှေးပဲရိုက်နှက်ဖမ်းဆီးကာ ရဲခေါ်လိုက်တာကြောင့် ငနဲသားခဗျာ ဖမ်းခံလိုက်ရပါတယ်။ shwekhitonlinetv.com

၄။ ဉာဏ်နီ ဉာဏ်နက်များတဲ့ ဘိုးတော်

ဒီအဖိုးကြီးကတော့ မူးပြီးကားနဲ့ လူတစ်ယောက်ကိုတိုက်ပြေးခဲ့လို့ ရဲတွေနောက်ကလိုက်ကာဖမ်းဆီးခြင်းကို ခံခဲ့ရသူဖြစ်ပါတယ်။ ရဲကားနောက်ခန်းထဲမှာ လက်ထိပ်ခတ်ဖမ်းဆီးခံလာခဲ့ရတဲ့ အဖိုးကြီးဟာ လက်ထိပ်က အရမ်းကျပ်လို့ လက်အရမ်းနာကြောင်းပြောလို့ ရဲသားက သူ့လက်ထိပ်ကိုအနည်းငယ်လျော့ပေးခဲ့ပါတယ်။ ဇာတ်လမ်းက အဲ့ဒီမှာစတော့တာပါပဲ။ အဖိုးကြီးဟာ လက်ထိပ်လျော့ပေးလို့ လှုပ်ရှားဖို့အဆင်ပြေတာနဲ့ သူ့အင်္ကျီဘောင်းဘီတွေကို ချွတ်ပစ်လိုက်ပါတယ်။ အဲ့ဒီအချိန်မှာပဲ ဖမ်းလာတဲ့ရဲလဲ ပါစပ်အဟောင်းသားဖြစ်သွားပါတယ်။ ဘာလို့လဲဆိုတော့ အဖိုးကြီးရဲ့အောက်ခံအတွင်းခံတွေက အမျိုးသမီးအတွင်းခံတွေဖြစ်နေလို့ပါ။ ဒါတင်မကသေးပါဘူး အဖိုးကြီးက နောက်ခန်းကနေ ရဲသားကို Sexy Post တွေလုပ်ပြပြီး မြူဆွယ်ခဲ့ပါသတဲ့။ ဒါတောင် စခန်းရောက်တော့ အဲ့ရဲက သူ့ကိုမဖွယ်မရာလုပ်ဖို့ကြိုးစားတယ်ဆိုပြီး တိုင်ချက်ပြန်ဖွင့်လိုက်ပါသေးတယ်။ တော်တော်တက်လည်း တက်နိုင်တဲ့ အဖိုးကြီးပဲဖြစ်ပါတယ်။ shwekhitonlinetv.com

၅။ အသဲနုတဲ့ ကိုလူဆိုး

ဒီတစ်ယောက်ကတော့ ခိုးဆိုးလုနှိုက်လုပ်နေတဲ့ သူပဲဖြစ်ပါတယ်။ သူက ကားတွေကိုလစ်ရင်လး်သလိုခိုးတဲ့အပြင် ခါးပိုက်လည်းနှိုက်တဲ့သူတစ်ဦးဖြစ်ပါတယ်။ တစ်ရက်မှာတော့ ခါးပိုက်နှိုက်ပြေးရင်း ရဲတွေလိုက်ဖမ်းလို့ လမ်းကြိုလမ်းကြား ဝင် ​ပြေးခဲ့ရပါတယ်။ ပြေးရင်းနဲ့ မောလာတော့ အိမ်တစ်အိမ်ထဲခဏဝင်ပြီး ရေတောင်းသောက်ခဲပါတယ်။ ငနဲသားကရေသောက်ပြီး အဲ့အိမ်ကကြောင်ကလေးကိုတွေ့ကာ ပြေးနေရတာကိုမေ့လျော့သွားပုံရပါတယ်။ ဘာလို့ခဲဆိုတော့ သူက ကြောင်အရမ်းချစ်တဲ့ သူဖြးစ်နေလို့ပါ။ ဒီလိုကြောင်လေးနဲ့ဆော့နေချိန်မှာပဲ နောက်ကလိုက်လာတဲ့ ရဲတွေရဲ့ အလွယ်တကူဖမ်းဆီးခြင်းကို ခံခဲ့ရသူဖြစ်ပါတယ်။ shwekhitonlinetv.com

အခုတင်ဆက်ပေးတဲ့အကြောင်းအရာလေးကိုဖတ်ရှုပြီး အားလုံးကျေနပ်နှစ်သိမ့်နိုင်ကြမယ်လို့မျှော်လင့်ပါတယ်။ နောက်ထပ်လည်း ဘယ်လိုစိတ်ဝင်စားဖွယ် အကြောင်းအရာတွေတင်ဆက်ပေးသွားဦးမလဲဆိုတာ ဆက်လက်အားပေးကြပါဦးနော် ….shwekhitonlinetv.com

Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။ ယခုဆောင်းပါးကို တခြားပေ့ချ်များတွင် ကျေးဇူးပြု၍ ကူးယူဖော်ပြခြင်း မပြုရန် မေတ္တာရပ်ခံအပ်ပါသည်။

ရွှေခေတ်အွန်လိုင်းတီဗီ၏ Content များကို လစဥ် အခကြေးငွေ သောင်းဂဏန်း ပေးသွင်း၍ စျေးနှုန်းချိုသာစွာ ဝယ်ယူနိုင်ပါသည်။ ဝယ်ယူလိုပါက Shwe Khit Online TV Page ကို မက်ဆေ့ချ်ပို့၍ စုံစမ်းမေးမြန်းနိုင်ပါသည်။

ဝယ်ယူထားခြင်း မရှိဘဲ ဆက်လက် ကူးတင်နေသော ဝက်ဆိုက်နှင့် ပေ့ချ်များကို ဖေ့ဘုတ်ထံသို့ Copyright Claim တင်၍ IA ပျက်သည်အထိ Report လုပ်သွားမည် ဖြစ်ကြောင်း အသိပေးအပ်ပါသည်။