အချိန်တိုအတွင်းမှာ အရမ်းတိုးတက် ပြောင်းလဲလာတဲ့ မြို့ကြီး (၇) မြို့

ပရိသတ်ကြီးရေ အခုတစ်ခါပြောပြပေးမယ့် အကြောင်းအရာလေးကတော့ အတိတ်ကာလတုန်းကနဲ့ မတူအောင် တိုးတက်ပြောင်းလဲလာတဲ့ မြို့ကြီးတွေ အကြောင်းကို ပြောပြပေးသွားမှာပဲ ဖြစ်ပါတယ် ။ အောက်မှာ ပြောပြမယ့် မြို့ကြီးတွေဟာဆိုရင် လွန်ခဲ့တဲ့ နှစ်ပေါင်း ( ၆၀ ) ကျော်လောက်ကနေ ယနေ့အချိန်အထိ ဘယ်လိုမျိုး တိုးတက်သွားလဲဆိုတာ ဗဟုသုတ အဖြစ် ဖော်ပြပေးထားတာမို့လို့ တစ်ခုချင်းစီ ကြည့်လိုက်ပါဦးနော် ။ shwekhitonlinetv.com

၁။ စင်ကာပူ မြို့

အရှေ့တောင် အာရှနိုင်ငံတွေထဲက အချမ်းသာဆုံးနိုင်ငံ တစ်ခုဖြစ်တဲ့ စင်ကာပူနိုင်ငံကိုတော့ မသိသူ မရှိစလောက်ပါပဲ ။ မြို့တော် ဖြစ်တဲ့ စင်ကာပူ မြို့ဟာဆိုရင်လည်း နိုင်ငံရဲ့ တစ်မုတ်ဟုတ်ချင်း တိုးတက်လာမှုတွေကြောင့် လွန်ခဲ့တဲ့ နှစ် ( ၆၀ ) တုန်းကနဲ့ မတူပဲ အကွာကြီး ကွာခြားလာခဲ့တာပဲ ဖြစ်ပါတယ် ။ shwekhitonlinetv.com

၂။ Hong Kong မြို့

ဟောင်ကောင် မြို့ဟာဆိုရင်လည်း လွန်ခဲ့တဲ့ နှစ်ပေါင်း များစွာက လူနေ အဆောက်အအုံတွေ သိပ်ပြီး မထူထပ်သေးတဲ့ အပြင် မိုးမျှော်တိုက် အဆောက်အအုံတွေလည်း မရှိခဲ့ပါဘူး ။ ဒီနေ့ခေတ်အခါမှာတော့ ဟောင်ကောင်ဟာ စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာပြီးတဲ့ နောက်မှာတော့ လူနေမှု အဆင့်အတန်းလည်း မြင့်မားလာကာ နိုင်ငံတကာ အဆင့်မီတဲ့ မြို့ပြတစ်ခု ဖြစ်လို့လာခဲ့တာပဲ ဖြစ်ပါတယ် ။ shwekhitonlinetv.com

၃။ Fortaleza မြို့

ဘရာဇီး နိုင်ငံရဲ့ အရှေ့မြောက် အခြမ်းမှာ တည်ရှိတဲ့ Fortaleza မြို့မှာဆိုရင် ခရီးသွားတွေကို ဆွဲဆောင်နိုင်တဲ့ ကမ်းခြေအလှအပတွေ ရှိနေတာပဲ ဖြစ်ပါတယ် ။ လွန်ခဲ့တဲ့ နှစ် ( ၄၀ ) တုန်းကဆိုရင် ဒီမြို့ထဲမှာ မိုးမျှော် အဆောက်အဦးတွေ မရှိသေးတဲ့ အပြင် သာမန် မြို့လေး အဆင့်လောက်သာ ရှိခဲ့တာပါ ။ shwekhitonlinetv.com

နောက်ပိုင်းမှာတော့ ခရီးသွားလာရေးကို ပိုမိုမြှင့်တင်လာခဲ့တဲ့ အတွက်ကြောင့် ဒီနေ့ခေတ်အခါမှာတော့ Fortaleza မြို့ဟာဆိုရင် ပြည်တွင်း ၊ ပြည်ပ ခရီးသွားလာသူတွေနဲ့ ပြည့်နှက်လို့ နေခဲ့ပြီပဲ ဖြစ်ပါတယ် ။ shwekhitonlinetv.com

၄။ တိုရွန်တို မြို့

တိုရွန်တို မြို့ဟာဆိုရင် ကနေဒါနိုင်ငံ အွန်‌တေးရီးယိုးနယ်ရဲ့ မြို့တော် ဖြစ်ပြီး စက်မှုလုပ်ငန်း ထွန်းကားတဲ့ မြို့ကြီး တစ်မြို့လည်း ဖြစ်ပါတယ် ။ ဒါပေမယ့်လည်း ( ၁၉၃၀ ) ခုနှစ်တွေ တုန်းက တိုရွန်တိုမြို့ဟာ အရမ်းကြီး စီးပွားရေး ဖွံ့ဖြိုးတဲ့ မြို့ထဲမှာ မပါခဲ့ပဲ သာမန်မြို့ တစ်မြို့ အဖြစ်လောက်သာ ရှိခဲ့တာပါ ။ shwekhitonlinetv.com

နောက်ပိုင်းခေတ်တွေမှာတော့ ကမ္ဘာအကြီးဆုံး စက်မှုလုပ်ငန်းထွန်းကားတဲ့ မြို့ကြီးတွေထဲမှာ ပါဝင်လာခဲ့ပြီး နှစ်စဉ်နှစ်တိုင်း ကမ္ဘာ့အကြီးကျယ်ဆုံး ပြပွဲဖြစ်တဲ့ စက်မှုလက်မှု ပြပွဲကြီးကိုလည်း ကျင်းပလျက် ရှိပါသေးတယ် ။ shwekhitonlinetv.com

၅။ ဆိုလ်း မြို့

တောင်ကိုရီးယားနိုင်ငံရဲ့ မြို့တော် တစ်ခုဖြစ်တဲ့ ဆိုးလ်မြို့ကတော့ အာရှတိုက်အတွင်းမှာ အရှိန်အဟုန်နဲ့ တိုးတက်လာနေတဲ့ မြို့တော် တစ်ခုလည်း ဖြစ်ပါတယ် ။ တစ်ချိန်က နိုင်ငံရေး မငြိမ်မသက်မှုတွေ နဲ့ စစ်ဘေး ဒဏ်တွေကြောင့် မြို့တော်ဟာ မွဲတေခဲ့ရပါတယ် ။ shwekhitonlinetv.com

ဒါပေမယ့်လည်း စီးပွားရေးတိုးတက်လာမှုကြောင့် အိုအီးစီဒီ အဖွဲ့ရဲ့ ဖွံဖြိုးနိုင်ငံများရဲ့ အဖွဲ့ဝင်ဖြစ်လာခဲ့ပြီး လူဦးရေ ( ၁၀ ) သန်းကျော်နေထိုင်တဲ့ မက်ဂါ မြို့တော် တစ်ခု ဖြစ်လာခဲ့ပါတယ် ။ shwekhitonlinetv.com

၆။ နိုင်ရိုဘီ မြို့

ကင်ညာနိုင်ငံရဲ့ မြို့တော် တစ်ခုဖြစ်တဲ့ နိုင်ရိုဘီ မြို့ဟာဆိုရင်လည်း လွန်ခဲ့တဲ့ နှစ်ပေါင်း ( ၆၀ ) လောက်တုန်းက လူနေအိမ်ခြေ သိပ်ပြီး မထူထပ်သေးတဲ့ အပြင် နိုင်ငံရဲ့ စီးပွားရေးဟာဆိုရင်လည်း သာမန် အဆင့်လောက်မှာ သာ ရှိခဲ့တာပါ ။ shwekhitonlinetv.com

ဒီနေ့ခေတ် အရောက်မှာတော့ နိုင်ရိုဘီ မြို့တော်ဟာ လွန်ခဲ့တဲ့ နှစ်တွေကထက် များစွာတိုးတက် ပြောင်းလဲလာခဲ့ပြီး စီးပွားရေး တိုးတက်လာမှုကြောင့် လူနေမှု အဆင့်အတန်းတွေကလည်း မြင့်မားလာခဲ့ပါတယ် ။ shwekhitonlinetv.com

၇။ ဒူဘိုင်း မြို့

ဒူဘိုင်း မြို့ဟာဆိုရင် ယူအေအီး ( သို့ ) အာရပ်စော်ဘွားများ ပြည်ထောင်စုအတွင်းက ပြည်နယ်တစ်ခုမှာရှိတဲ့ မြို့တော် လည်း ဖြစ်ပါတယ်။ အခုဖော်ပြပေးထားတဲ့ မြို့တော်တွေထဲမှာမှ ပြောင်းလဲ တိုးတက်မှု အမြန်ဆုံး မြို့တော် တစ်ခုဖြစ်ပြီး လွန်ခဲ့တဲ့ ၁၉၈၀ ခုနှစ်တုန်းက ပုံနဲ့ ယနေ့ခေတ် မြင်ကွင်းကို ယှဉ်ကြည့်တာနဲ့ အလွယ်တကူ တွေ့နိုင်မှာပဲ ဖြစ်ပါတယ် ။ shwekhitonlinetv.com

တစ်ချိန်က သဲကန္တရာ ဟင်းလင်းပြင်ကြီးကိုမှ အခုလိုမျိုး မိုးမျှော်အဆောက်အဦးတွေ နဲ့ ထည်ထည်ဝါဝါရှိနေတဲ့ ဒူဘိုင်းမြို့ရဲ့ တိုးတက်မှု နှုန်းကတော့ တစ်ကယ့်ကို လေးစားစရာပါ ။ shwekhitonlinetv.com

အခုဖော်ပြပေးထားတာကတော့ အတိတ်ကာလတုန်းကနဲ့ မတူပဲ ပြောင်းလဲတိုးတက်သွားတဲ့ နာမည်ကြီး မြို့တော်တွေ အကြောင်းကို ဗဟုသုတအဖြစ် စုစည်း ဖော်ပြပေးထားတာပဲ ဖြစ်ပါတယ်။ နောက်ပိုင်းတွေမှာလည်း အခုလိုမျိုး ဗဟုသုတဖြစ်စေမယ့် အကြောင်းအရာလေးတွေကို ရှာဖွေ တင်ဆက်ပေးမှာမို့လို့ Shwe Khit ကို စောင့်မျှော်ဖတ်ရှုပေးကြပါဦးနော် ။ shwekhitonlinetv.com

Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။ ယခုဆောင်းပါးကို တခြားပေ့ချ်များတွင် ကျေးဇူးပြု၍ ကူးယူဖော်ပြခြင်း မပြုရန် မေတ္တာရပ်ခံအပ်ပါသည်။

ရွှေခေတ်အွန်လိုင်းတီဗီ၏ Content များကို လစဥ် အခကြေးငွေ သောင်းဂဏန်း ပေးသွင်း၍ စျေးနှုန်းချိုသာစွာ ဝယ်ယူနိုင်ပါသည်။ ဝယ်ယူလိုပါက Shwe Khit Online TV Page ကို မက်ဆေ့ချ်ပို့၍ စုံစမ်းမေးမြန်းနိုင်ပါသည်။

ဝယ်ယူထားခြင်း မရှိဘဲ ဆက်လက် ကူးတင်နေသော ဝက်ဆိုက်နှင့် ပေ့ချ်များကို ဖေ့ဘုတ်ထံသို့ Copyright Claim တင်၍ IA ပျက်သည်အထိ Report လုပ်သွားမည် ဖြစ်ကြောင်း အသိပေးအပ်ပါသည်။