ခေတ်မှီနည်းပညာတွေကို အကျိုးရှိအောင် လက်တွေ့ကျကျ အသုံးပြုနေတဲ့ နိုင်ငံများ

ဒီတစ်ခါမှာတော့ Shwe Khit ပရိသတ်ကြီးကို စိတ်ဝင်စားစရာကောင်းတဲ့ အကြောင်းအရာလေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ် ။ ဒါကတော့ ခေတ်မှီနည်းပညာတွေကို လက်တွေ့မှာ အကျိုးရှိအောင် အသုံးပြုနေကြတဲ့ နိုင်ငံတွေ အကြောင်းပဲ ဖြစ်ပါတယ်။ သူတို့ ဘယ်လို အသုံးချလဲဆိုတာကတော့ အောက်ကပုံလေးတွေ တစ်ပုံချင်းစီကို ကြည့်လိုက်ပါဦးနော် ။ shwekhitonlinetv.com

၁။ ဂျပန်နိုင်ငံ

ဂျပန်နိုင်ငံကတော့ ( ၁၉၆၄ ) ခုနှစ်မှာ ကျင်းပခဲ့တဲ့ အိုလံပစ် ပြိုင်ပွဲမှာ ကမ္ဘာ့ပထမဦးဆုံး ကျည်ဆန် ရထားကို စတင် မိတ်ဆက်ပြသခဲ့တာပဲ ဖြစ်ပါတယ် ။ ဒီရထားဟာ တစ်နာရီကို မိုင်ပေါင်း ( ၁၃၀ ) လောက်အထိ မြန်ဆန်စွာ ခုတ်မောင်းနိုင်ခဲ့ပါတယ် ။ shwekhitonlinetv.com

ယနေ့ခေတ် အရောက်မှာတော့ Shinkansen ခေါ်တဲ့ ရထားဟာ တစ်နာရီကို ( ၃၇၅ ) မိုင်အထိ မောင်းနှင်နိုင်စွမ်းရှိတာကြောင့် စံချိန်ပေါင်းများစွာကို ချိုးဖြတ်ပြနိုင်ခဲ့ပါတယ် ။ ဒါပေမယ့်လည်း ဂျပန်အစိုးရကတော့ ၂၀၂၇ ခုနှစ်မှာ ဒီထက်ပိုမြန်တဲ့ ကျည်ဆန်ရထားတွေကို ထုတ်လုပ်ဖို့ အစီစဉ်ရှိနေပြီး အသစ်ထုတ်လုပ်မယ့် ရထားတွေဟာ မိနစ် ( ၄၀ ) အတွင်း ( ၁၇၄ ) မိုင်အထိ မောင်းနှင်နိုင်မှာ ဖြစ်တယ်လို့ သိရပါတယ် ။ shwekhitonlinetv.com

စက်ရုပ်နယ်ပယ်ပိုင်းမှာဆိုရင်လည်း ဂျပန်နိုင်ငံဟာ ရှေ့ရောက်နေတဲ့ နိုင်ငံတွေထဲက တစ်ခုအပါအဝင် ဖြစ်ပါတယ် ။ စက်ရုပ်တွေကို ဟိုတယ် ဝန်ဆောင်မှုပိုင်းမှာပါ အသုံးပြုလာနိုင်ပြီး မနက်ခင်း ရောက်တာနဲ့ ပန်ကိတ် တွေ ဖုတ်ပေးနိုင်တဲ့ အပြင် ရေချိုးမယ့် အဝတ်အစားပါ ပြင်ဆင်ပေးနိုင်ပါသေးတယ် ။

ပိုပြီး စိတ်ဝင်စားဖို့ ကောင်းတဲ့ အချက်ကတော့ စက်ရုပ်တွေဟာ မသန်စွမ်းတဲ့သူတွေ လမ်းလျှောက်နိုင်ဖို့အတွက်ပါ ကူညီပေးနိုင်တာပဲ ဖြစ်ပါတယ် ။ shwekhitonlinetv.com

၂။ ဂျာမနီ နိုင်ငံ

ကမ္ဘာပေါ်က အကောင်းဆုံး ဟိုင်းဝေးလမ်းမကြီးတွေကို ရွေးရမယ်ဆိုရင် ဂျာမနီနိုင်ငံက  ဟိုင်းဝေးလမ်းမကြီးတွေဟာလည်း မပါမဖြစ်ပါပဲ ။ ဂျာမနီနိင်ငံ က ဟိုင်းဝေးလမ်းမကြီး တော်တော်များများဟာ တစ်ခါဆောက်ပြီးတာနဲ့ နှစ်ပေါင်း ( ၄၀ ကနေ ၅၀ ) အတွင်း မပြင်ပဲ ထားနိုင်ပါတယ်တဲ့ ။ shwekhitonlinetv.com

သူတို့ လမ်းဖောက်တဲ့ နည်းပညာဟာ အလွှာအဆင့်ဆင့်ရှ်ိတဲ့ ကိတ်မုန့် ပုံစံနဲ့ အတော်လေးကို ဆင်တူပါတယ် ။ ဟိုင်းဝေးလမ်းတစ်ခုကို ဖောက်လုပ်တော့မယ်ဆိုရင် ပညာရှင်တွေဟာ ဆီးနှင်းတွေကို ခုခံနိုင်အား ၊ ဘိလပ်မြေ ပါဝင်နှုူန်း ၊ ဘိလပ်မြေ ကွန်ကရစ် လောင်းထားတဲ့ အလွှာ ၊ geotexlite နဲ့ စိန်ကြိတ်ခြင်း ( သို့ ) ဖြည့်ထားတဲ့ ကွန်ကရစ် အလွှာ တစ်ခုချင်းစီကို သေချာ အသေးစိတ် တွက်ချက်ပြီး စိစစ်ရပါတယ် ။ shwekhitonlinetv.com

မနက် ( ၅ ) နာရီ လောက်မှာ လမ်းဖောက်ခြင်း လုပ်ငန်း စတင်ကြပြီး တစ်ရက်ကို (၁) ကီလိုမီတာ အထိ အပြီးအစီး လုပ်ရပါတယ် ။ လုပ်ငန်းလုပ်တဲ့ အခါမှာတော့ အများအဖြင့် ခေတ်မှီတဲ့ စက်ပစ္စည်းတွေကို အသုံးချကြတာများပါတယ် ။ ဒီလို အဆင့်မြင့် နည်းပညာကြောင့် လမ်းဖောက်တဲ့အခါ ဆူညံတဲ့ အသံတွေ သိပ်မထွက်တော့တဲ့ အပြင် ကုန်ကျစရိတ်ကိုပါ လျော့ချနိုင်ခဲ့တာပဲ ဖြစ်ပါတယ် ။ shwekhitonlinetv.com

သဘာ၀နဲ့ ကိုက်ညီအောင် ဆောက်ထားတဲ့ လမ်းတွေ ဖြစ်တာကြောင့် အပူချိန် လွန်ကဲလာရင်တောင် အဆိပ်ဓာတ်ငွေ့တွေကို မထုတ်နိုင်တော့ပါဘူး ။ ဒါ့အပြင် ညဘက် အခါရောက်ရင် အလင်း ( ၃ ) ဆ လောက် ရောင်ပြန်ဟပ်တဲ့အပြင် လုံခြုံရေး မြင့်လွန်းတာကြောင့် အရှိန်လွန်မောင်းတာမျိုးကို ( ၅၀ ) ရာခိုင်နှုန်းလောက်သာ မောင်းဖို့ အကြံပြုထားပါတယ် ။ shwekhitonlinetv.com

၃။ ဩစတြီးယား နိုင်ငံ

ဩစတီးယား နိုင်ငံမှာ “A Friendly Alien” လို့ခေါ်တဲ့ ထူးထူးခြားခြား ပုံစံနဲ့ ပြတိုက် အဆောက်အဦးတစ်ခု ရှိပါတယ် ။ ဒီပြတိုက်ဟာဆိုရင် အိမ်အိုဟောင်းတွေရဲ့ ကြားမှာ မြင်သာအောင် တည်ဆောက်ထားတာ ပဲ ဖြစ်ပါတယ်။ shwekhitonlinetv.com

ဒီပြတိုက်ရဲ့ ပုံစံကို ဖန်တီးထားတဲ့ ဒီဇိုင်နာကတော့ ဒီပုံစံဟာ ခေတ်ဟောင်း ယဉ်ကျေးမှုနဲ့ ယနေ့ခေတ် ပုံစံကို ပေါင်းစပ်ပေးထားတာလို့ ဆိုထားပါတယ် ။ အဆောက်အဦးရဲ့ ပုံစံက ကြည့်လိုက်ရင် ထူးထူးဆန်းဆန်း ကြီး ဖြစ်နေပေမယ့်လည်း မြို့ရဲ့ သကေင်္ံတတွေ ထဲက တစ်ခု ဖြစ်လို့နေပါတယ် ။ shwekhitonlinetv.com

၄။ ဩစတြေးလျ နိုင်ငံ

၁၉၈၈ ခုနှစ်ထဲက ဩစတြေးလျ လူမျိုးတွေဟာ တိပ်ကပ်ထားတဲ့ ပိုက်ဆံတွေကို အသုံးမပြုပဲ ရပ်တန့်လိုက်ကြပါတယ် ။ အကြောင်းကတော့ ဒီပြဲနေတဲ့ ပိုက်ဆံတွေရဲ့ နေရာမှာ ပိုလီမာနဲ့ ငွေစက္ကူတွေကို အစားထိုးခဲ့လို့လဲ ဖြစ်ပါတယ် ။ shwekhitonlinetv.com

ပိုလီမာနဲ့ လုပ်ထားတဲ့ ငွေစက္ကူတွေကို ဩစတြေးလျ တိုက်ကြီးရဲ့ နှစ်ပေါင်း ( ၂၀၀ ) ပြည့်အထိမ်းမှတ်နေ့မှာ စတင် ထုတ်ဝေခဲ့တာပဲ ဖြစ်ပါတယ် ။ ပိုက်ဆံအသားတွေဟာ မာကျောပြီး ရေစိုဒဏ်ကိုလည်း ခံနိုင်ရည်ရှိတာကြောင့် လူကြိုက်များနေတာလည်း ဖြစ်ပါတယ် ။ shwekhitonlinetv.com

၅။ တရုတ်နိုင်ငံ

တရုတ်နိုင်ငံမှာဆိုရင် ကောင်းကင်ရထား လို့ခေါ်တဲ့ ရထား ဘူတာ အသစ်ကို တည်ဆောက်ခဲ့ပြီး အချိန် ( ၄ ) လ ကြာမြင့်ခဲ့ပါတယ် ။ ရထားရဲ့ ပုံစံ က  Chengdu ပန်ဒါ ပုံစံ လေးလိုမျိုး ဖြစ်နေပြီး တရုတ် ပြည်မကြီး ထဲမှာ အမြန်ဆန်ဆုံး ရထားတစ်စင်း ပဲ ဖြစ်ပါတယ် ။ shwekhitonlinetv.com

ရထားတွဲ ထဲမှာ ထိုင်ခုံပေါင်း ( ၂၃၀ ) ကျော် ပါဝင်ပြီး တစ်နာရီ ကို မိုင်ပေါင်း ( ၃၇ ) မိုင်ထိ ရောက်အောင် မောင်းနှင်နိုင်ပါတယ် ။ ကောင်းကင်ယံကနေ မီးရထားလမ်းတည်ဆောက်တာဟာ ဘူတာရုံ နဲ့ ဥမင် လှိုဏ်ခေါင်း မီးရထားလမ်း တည်ဆောက်တာထက် အချိန်ကုန်သက်သာပြီး ( ၄ ) လလောက်သာ ကြာမြင့်တာပဲ ဖြစ်ပါတယ် ။ shwekhitonlinetv.com

အခုဖော်ပြပေးထားတာကတော့ ခေတ်မှီနည်းပညာတွေကို တွင်တွင်ကျယ်ကျယ် အသုံးပြုနေတဲ့ နိုင်ငံအချို့ကို စုစည်းဖော်ပြပေးထားတာပဲ ဖြစ်ပါတယ်။ နောက်ပိုင်းတွေမှာလည်း အခုလိုမျိုး ဗဟုသုတ ရစေမယ့် အကြောင်းအရာတွေကို ရှာဖွေတင်ဆက်ပေးမှာမို့လို့ Shwe Khit ကို စောင့်မျှော် ဖတ်ရှုပေးကြပါဦးနော် ။ shwekhitonlinetv.com

Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။ ယခုဆောင်းပါးကို တခြားပေ့ချ်များတွင် ကျေးဇူးပြု၍ ကူးယူဖော်ပြခြင်း မပြုရန် မေတ္တာရပ်ခံအပ်ပါသည်။

ရွှေခေတ်အွန်လိုင်းတီဗီ၏ Content များကို လစဥ် အခကြေးငွေ သောင်းဂဏန်း ပေးသွင်း၍ စျေးနှုန်းချိုသာစွာ ဝယ်ယူနိုင်ပါသည်။ ဝယ်ယူလိုပါက Shwe Khit Online TV Page ကို မက်ဆေ့ချ်ပို့၍ စုံစမ်းမေးမြန်းနိုင်ပါသည်။

ဝယ်ယူထားခြင်း မရှိဘဲ ဆက်လက် ကူးတင်နေသော ဝက်ဆိုက်နှင့် ပေ့ချ်များကို ဖေ့ဘုတ်ထံသို့ Copyright Claim တင်၍ IA ပျက်သည်အထိ Report လုပ်သွားမည် ဖြစ်ကြောင်း အသိပေးအပ်ပါသည်။