အသက်ဘေးကနေ သီသီလေး လွတ်မြောက်ခဲ့တဲ့ ကမ္ဘာ့ကံအကောင်းဆုံး လူသားများ

ပရိသတ်ကြီးကို ဒီတစ်ခေါက်မှာတော့ ထူးထူးဆန်းဆန်း အကြောင်းအရာလေးတစ်ခုကို ပြောပြပေးချင်ပါတယ်။ ဒါကတော့ အသက်ဘေးကနေ ကံကောင်းလို့ လွတ်မြောက်လာခဲ့ကြတဲ့ ကံကောင်းသော သူတွေ အကြောင်းပဲ ဖြစ်ပါတယ် ။ သူတို့ ဘယ်လိုတွေ ကံကောင်းခဲ့လဲဆိုတာကတော့ အောက်ကပုံလေးတွေ တစ်ပုံချင်းစီကို ကြည့်လိုက်ပါဦးနော် ။ shwekhitonlinetv.com

၁။ ကံကောင်းစေတဲ့ အကြွေစေ့

ဒီပုံလေးကတော့ ပထမကမ္ဘာစစ် ဖြစ်ပွားနေတဲ့ အချိန်တုန်းက အမျိုးသားတစ်ယောက်ဟာ တစ်ခြားသူတွေ နည်းတူ စစ်မြေပြင်မှာ တိုက်ပွဲ ဝင်ခဲ့ရပါတယ်။ တိုက်ပွဲတစ်ခုအတွင်းမှာတော့ ထိုအမျိုးသားဟာ ဂျာမန်စစ်သား ပစ်လိုက်တဲ့ ကျည်ဆန်ကြောင့် ရင်ဘတ်ကို ထိမှန်ခဲ့ပေမယ့်လည်း အသက်မသေခဲ့ပါဘူး ။ အကြောင်းကတော့ သူ့ရဲ့ အကျီ အိတ်ကပ်ထဲ ထည့်ထားတဲ့ အကြွေစေ့တွေ ကြောင့် ကျည်ဆန်က ရင်ဘတ် ထဲကို မဝင်သွားတာပဲ ဖြစ်ပါတယ် ။ shwekhitonlinetv.com

၂။ ကားမှန်ကို စိုက်လာတဲ့ ပုဆိန်

အခုမြင်နေရတာကတော့ အရှေ့က ကားပေါ်က ပုဆိန် တစ်လက် လွင့်လာပြီး အနောက်က ကားမှန်ထဲကို စိုက်ဝင်နေတာပဲ ဖြစ်ပါတယ် ။ ကားမှန်ကိုတောင် ထုတ်ချင်း ဖောက်ပြီး စိုက်ဝင်လာပေမယ့်လည်း ကားပေါ်မှာ ပါလာတဲ့သူကတော့ အနာတရ မဖြစ်ခဲ့တာ တော်တော်လေးကို ကံကောင်းတယ်လို့ပဲ ပြောရမှာပါ ။ shwekhitonlinetv.com

၃။ ကံကောင်းလွန်းတဲ့ ယာဉ်မောင်း

ပုံထဲမှာဆိုရင်တော့ သွပ်ပြားတစ်ပြားဟာ ကားရဲ့ ရှေ့၊ နောက်မှန်ကို ထုတ်ချင်းဖောက်ပြီး ဝင်နေတာပဲ ဖြစ်ပါတယ် ။ ဒါပေမယ့် ကံကောင်းစွာနဲ့ပဲ ယာဉ်မောင်းတဲ့သူ နေရာကနေ သီသီကလေးလွတ်သွားတာကို တွေ့ကြမှာပါ  ။ shwekhitonlinetv.com

၄။ ခြေဖဝါးထဲကို ဖောက်မဝင်ခဲ့တဲ့ သံချောင်း

လူတော်တော်များများကတော့ ဒီပုံလေးကို ကြည့်လိုက်တာနဲ့ အသည်း တယားယား ဖြစ်မိကြမှာ သေချာပါတယ်။ လမ်းလျှောက်ရင်း အမှတ်မထင် သံချောင်းကို နင်းမိသွားပေမယ့်လည်း ခြေဖဝါးထဲကို ဖောက်မဝင်ခဲ့ပဲ အရေပြား အပေါ်ယံလေးကို ဖောက်သွားတာကြောင့် မေးခိုင်ပိုး ဝင်မယ့် အန္တရာယ်ကနေ လွတ်မြောက်သွားတာပဲ ဖြစ်ပါတယ်။ shwekhitonlinetv.com

၅။ အပျော်ကြီး ပျော်သွားခဲ့တဲ့ ကားပိုင်ရှင်

ဒီပုံထဲက ကားပိုင်ရှင်ကတော့ လေပြင်းမုန်တိုင်းကြောင့် သစ်ပင်တွေ လဲကျပြီး ကားပေါ်ကျပြီလို့ ထင်ခဲ့ပေမယ့်လည်း ကားကို လုံး၀ မထိခဲ့တာကြောင့် အပျော်ကြီး ပျော်ခဲ့ရပါတယ် ။ တစ်ကယ့်ကို ဖြစ်တောင့် ဖြစ်ခဲ အခြေအနေ တစ်ခုဖြစ်ပြီး သစ်ပင်နဲ့ ကားကို ထိမိဖို့ လက်မ အနည်းငယ်လောက်ပဲ ကွာတော့တာပါ ။ shwekhitonlinetv.com

၆။ မျက်မှန် တပ်ထားလို့ မျက်လုံးမထိခဲ့တဲ့ အမျိုးသား

အမျိုးသားတစ်ယောက်ဟာ လုပ်ငန်းခွင် တစ်ခုအတွင်း မတော်တဆမှုူ တစ်ခုကနေ Disc အပြားတစ်ခု ပဲ့ထွက်လာပြီး မျက်လုံးကို လာထိ ခဲ့တာပါ ။ ဒါပေမယ့်လည်း ကံကောင်းစွာနဲ့ပဲ သူဟာ လုပ်ငန်းခွင်သုံး မျက်မှန်ကို တပ်ထားခဲ့တာကြောင့် မျက်စိကို မထိခိုက်ခဲ့ပါဘူး ။ shwekhitonlinetv.com

၇။ အချိန် အနည်းငယ် နောက်ကျသွားလို့ ကံကောင်းခဲ့တဲ့ အမျိုးသား

ပုံထဲက အမျိုးသားကတော့ အလုပ်ကို စက်ဘီးနဲ့ အမြဲ လာတဲ့သူတစ်ယောက်ပါ ။ တစ်နေ့မှာတော့ သူဟာ အိမ်ကနေ အချိန်အနည်းငယ် နောက်ကျပြီး ထွက်လာမိခဲ့ပါတယ် ။ ကံကောင်းချင်တော့ သူ ဝင်နေကျ နေရာမှာ ကားတစ်စီးဟာ ပါကင်ထိုးရင်း အရှိန်လွန်ပြီး အောက်ကို ထိုးစိုက်နေခဲ့တာပါ ။ အမျိုးသားရဲ့ ပြောပုံအရ သူဟာ ပုံမှန်အချိန်လိုမျိုး ( ၂ )စက္ကန့်စောပြီး ရောက်နေခဲ့ရင် ဒီကားက သူ့ခေါင်းပေါ်ကို ပြုတ်ကျသွားနိုင်တယ်လို့ ပြောခဲ့ပါတယ်။ shwekhitonlinetv.com

အခုဖော်ပြပေးထားတာကတော့ အသက်ဘေးကနေ သီသီလေး လွတ်မြောက်လာခဲ့တဲ့ ကံကောင်းသော လူတွေ အကြောင်းကို ဖော်ပြပေးထားတာပဲ ဖြစ်ပါတယ်။ နောက်ပိုင်းတွေမှာလည်း အခုလိုမျိုး ထူးဆန်းတဲ့ အကြောင်းအရာလေးတွေကို ဖော်ပြပေးမှာမို့လို့ Shwe Khit ကို စောင့်မျှော်ဖတ်ရှုပေးကြပါဦးနော် ။ shwekhitonlinetv.com

Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။ ယခုဆောင်းပါးကို တခြားပေ့ချ်များတွင် ကျေးဇူးပြု၍ ကူးယူဖော်ပြခြင်း မပြုရန် မေတ္တာရပ်ခံအပ်ပါသည်။

ရွှေခေတ်အွန်လိုင်းတီဗီ၏ Content များကို လစဥ် အခကြေးငွေ သောင်းဂဏန်း ပေးသွင်း၍ စျေးနှုန်းချိုသာစွာ ဝယ်ယူနိုင်ပါသည်။ ဝယ်ယူလိုပါက Shwe Khit Online TV Page ကို မက်ဆေ့ချ်ပို့၍ စုံစမ်းမေးမြန်းနိုင်ပါသည်။

ဝယ်ယူထားခြင်း မရှိဘဲ ဆက်လက် ကူးတင်နေသော ဝက်ဆိုက်နှင့် ပေ့ချ်များကို ဖေ့ဘုတ်ထံသို့ Copyright Claim တင်၍ IA ပျက်သည်အထိ Report လုပ်သွားမည် ဖြစ်ကြောင်း အသိပေးအပ်ပါသည်။