ကိုယ့်ပစ္စည်းတွေ အခိုးမခံရစေဖို့ စိတ်ချလုံခြုံအောင် ထားကြသူများ

ပရိသတ်ကြီးရေ တစ်ခါတစ်ရံမှာ ကိုယ်ကြိုက်နှစ်သက်တဲ့ ပစ္စည်းတွေ မပျောက်ရအောင် ဂရုစိုက်နေရတဲ့ အချိန်မျိုးတွေ ရှိတာကို ကြုံဖူးကြမှာပါ ။ အခုဖော်ပြတဲ့ လူတွေ ကလည်း သူတို့ ရဲ့ ပစ္စည်းလေးတွေကို မပျောက်အောင် လုပ်လိုက်ပေမယ့် တလွဲတွေ ဖြစ်သွားခဲ့ရတဲ့ ပုံတွေ အကြောင်းပဲ ဖြစ်ပါတယ် ။ ဘယ်လိုတွေ အလွဲလွဲ အချော်ချော် ဖြစ်သွားခဲ့လဲဆိုတာကတော့ အောက်ကပုံလေးတွေ တစ်ပုံချင်းစီကို ကြည့်လိုက်ပါဦးနော် ။ shwekhitonlinetv.com

၁။ စက်ဘီးခုံပေါ်က ကြွက်ထောင်ချောက်

ပုံထဲက စက်ဘီး ပိုင်ရှင်ကတော့ သူ့စက်ဘီးလေးကို တစ်ခြားလူတွေ ယူသွား မှာ စိုးလို့ သူများထက်ဆန်းတဲ့ နည်း နဲ့ ကာကွယ်ထားပါတယ် ။ ဒါကတော့ စက်ဘီးရဲ့ ထိုင်ခုံအပေါ်မှာ ကြွက်ထောင်ချောက် အသေးစားလေးတစ်ခုကို တွဲပြီး ချည်ထားတာပါ ။ shwekhitonlinetv.com

၂။ သော့ခလောက် ခတ်ထားတဲ့ ဂီယာ

ဒီကားပိုင်ရှင်ကတော့ သူ့ကားလေးကို ခိုးခံရမှာကို စိတ်ပူနေတဲ့ ပုံပါပဲ ။ ကားသော့ခတ်ထားတာကို အားမရသေးတဲ့ အပြင် ဂီယာကို သော့ခလောက်နဲ့ပါ ထပ်ပြီး ခတ်ထားသေးတာပဲ ဖြစ်ပါတယ်။ တစ်ကယ့်ကို ပေါက်ပေါက်ရှာရှာ လုပ်တတ်တဲ့ ကားပိုင်ရှင်လို့ပဲ ပြောရမှာပါ ။ shwekhitonlinetv.com

၃။ နည်း လမ်း တစ်မျိုးတည်းနဲ့ ပစ္စည်း (၂ ) ခုကို လုံခြုံအောင်လုပ်နည်း

ပုံထဲမှာတော့ လူအများ ရပ်ထားတဲ့ စက်ဘီးနေရာမှာ စက်ဘီးရော ဖိနပ်ပါ အခိုးမခံရအောင် သော့ခတ်ထားတဲ့ စက်ဘီးတစ်စီးပုံကို ရိုက်ထားတာပဲ ဖြစ်ပါတယ်။ လူမှု ကွန်ယက်ပေါ်မှာတော့ လူတော်တော်များများက ဒီပုံလေးကို ကြည့်ပြီး သဘောကျခဲ့ကြပါတယ် ။ shwekhitonlinetv.com

၄။ နံရံနဲ့ ကပ်နေတဲ့ စက်ဘီး

အခုမြင်နေရတဲ့ ပုံလေးကို အမှတ်တမဲ့ ကြည့်လိုက်မယ်ဆိုရင် စက်ဘီးတစ်စီးက နံရံမှာ ကပ်နေတာလို့ပဲ ထင်ကြမှာပါ ။ တစ်ကယ်တမ်းမှာတော့ ပိုင်ရှင်ဖြစ်သူက အပေါ်ကနေ ကြိုးနဲ့ ဆွဲပြီး ချည်ထားတာပဲ ဖြစ်ပါတယ် ။ ဒါပေမယ့်လည်း သူ့ရဲ့ နည်းလမ်းက အခန့်မသင့်လို့ ကြိုးပျက်သွားရင် စက်ဘီးက ရစရာ မရှိအောင် ပျက်စီးသွားနိုင်ပါတယ် ။ shwekhitonlinetv.com

၅။ ဘော်ဒီဂတ် ကောင်းကောင်း ခေါ်လာတဲ့ အမျိုးသမီး

ဒီပုံထဲမှာတော့ အမျိူးသမီးတစ်ယောက်ဟာ ATM စက်ကနေ ပိုက်ဆံ ထုတ်တဲ့အခါ လုမခံရအောင် သူမရဲ့ အချစ်တော် ခွေး ( ၂ ) ကောင်ကို ခေါ်လာတာပဲ ဖြစ်ပါတယ်။ ပိုက်ဆံ လုမယ့် လူကတော့ ဒီခွေးနှစ်ကောင်ကို မြင်တာနဲ့တင် လန့်ပြီး နောက်ပြန် လှည့်ပြေးမှာ အသေအချာပါပဲ ။ shwekhitonlinetv.com

၆။ စက်ဘီး ပေါ်က မြွေကြီး

ဒီစက်ဘီး ပိုင်ရှင်ရဲ့ လုံခြုံရေးကတော့ တစ်ခြားသူနဲ့ မတူပဲ ထူးထူးခြားခြား လုပ်ထားတာပဲ ဖြစ်ပါတယ် ။ စက်ဘီးပေါ်မှာ မြွေကြီး တစ်ကောင်ကို တင်ထားပြီး သူ့စက်ဘီးကို လာယူမယ့်သူကတော့ ကြည့်လိုက်တာနဲ့တင် အသည်း တယားယား ဖြစ်ပြီး လှည့်ပြေးဖို့ များပါတယ် ။

အခုဖော်ပြပေးထားတာကတော့ ကိုယ့်ရဲ့ ပစ္စည်းတွေကို လုံခြုံအောင် လုပ်လိုက်ရာမှ တလွဲတွေ ဖြစ်သွားခဲ့တဲ့ ပုံတွေ ကို ဖော်ပြပေးထားတာပဲ ဖြစ်ပါတယ်။ နောက်ပိုင်းတွေမှာလည်း ထူးထူးဆန်းဆန်း အကြောင်းအရာတွေကို ဖော်ပြပေးမှာမို့လို့ Shwe Khit ကို စောင့်မျှော်ဖတ်ရှုပေးကြပါဦးနော် ။

Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။ ယခုဆောင်းပါးကို တခြားပေ့ချ်များတွင် ကျေးဇူးပြု၍ ကူးယူဖော်ပြခြင်း မပြုရန် မေတ္တာရပ်ခံအပ်ပါသည်။

ရွှေခေတ်အွန်လိုင်းတီဗီ၏ Content များကို လစဥ် အခကြေးငွေ သောင်းဂဏန်း ပေးသွင်း၍ စျေးနှုန်းချိုသာစွာ ဝယ်ယူနိုင်ပါသည်။ ဝယ်ယူလိုပါက Shwe Khit Online TV Page ကို မက်ဆေ့ချ်ပို့၍ စုံစမ်းမေးမြန်းနိုင်ပါသည်။

ဝယ်ယူထားခြင်း မရှိဘဲ ဆက်လက် ကူးတင်နေသော ဝက်ဆိုက်နှင့် ပေ့ချ်များကို ဖေ့ဘုတ်ထံသို့ Copyright Claim တင်၍ IA ပျက်သည်အထိ Report လုပ်သွားမည် ဖြစ်ကြောင်း အသိပေးအပ်ပါသည်။