သိပ္ပံပညာရှင်တွေ လုံးဝအဖြေရှာမရသေးတဲ့ ထူးဆန်းသော ရှာဖွေတွေ့ရှိမှုများ

အခုဖော်ပြပေးမှာကတော့ သိပ္ပံပညာရှင်တွေကို စဉ်းစားရ ခက်စေခဲတဲ့ ထူးထူးဆန်းဆန်း ရှာဖွေတွေ့ရှိမှုတွေ အကြောင်းကို ဖော်ပြပေးမှာပဲ ဖြစ်ပါတယ် ။ ဒီအထဲက တွေ့ရှိမှုတွေက ဘယ်လို ထူးဆန်းနေလဲဆိုတာကတော့ အောက်ကပုံလေးတွေ တစ်ပုံချင်းစီကို ကြည့်လိုက်ပါဦးနော် ။ shwekhitonlinetv.com

၁ ။ Embryo မံမီ

( ၂၀ ) ရာစုနှစ် အစောပိုင်းတုန်းက သိပ္ပံပညာရှင်တွေဟာ သေးငယ်တဲ့ ရှေးခေတ် ကျောက်တလားတစ်ခုကို ရှာဖွေ တွေ့ရှိခဲ့ပါတယ် ။ အစောပိုင်းက ဒီတွေ့ရှိမှုဟာ အထူးဆန်းတစ်ခု မဟုတ်ပါဘူး ။ အကြောင်းကတော့ ရှေးခေတ် အီဂျစ်လူမျိုးတွေဟာ သူတို့ရဲ့ ကိုယ်တွင်း အစိတ်အပိုင်းတွေကို ဒီလိုမျိုး ကျောက်တလားတွေထဲမှာ ထည့်ပြီး မြုပ်နှံလေ့ ရှိတာကြောင့်ပဲ ဖြစ်ပါတယ် ။ ဒါပေမယ့် စိတ်ဝင်စားစရာ ကောင်းတာတစ်ခုက အခုတွေ့ရှိခဲ့တဲ့ ကျောက်တလား ကိုယ်တွင်း အစိတ်အပိုင်း တစ်ခုကိုမှ မတွေ့ခဲ့ကြလို့ပဲ ဖြစ်ပါတယ် ။ shwekhitonlinetv.com

ကျောက်တလားထဲမှာ တွေ့ရတာကတော့ သန္ဓေသားလောင်း မံမီ လေးဖြစ်ပြီး မွေးဖွားပြီး ၁၆ ပတ် ( သို့ ) ၁၈ ပတ်လောက်မှာ မံမီအဖြစ် စီရင်းထားခဲ့ ဟန်တူပါတယ် ။ သိပ္ပံပညာရှင်တွေ ကတော့ ဒီမံမီလေးဟာ ၆၆၄ နဲ့ ၉၂၅ ဘီစီ ကြားမှာ ပြုလုပ်ခဲ့တာ ဖြစ်မယ်လို့ ယူဆခဲ့ကြပါတယ်။ ပညာရှင်တွေကတော့ ဒီတွေ့ရှိမှုဟာ အလွန်ထူးဆန်းတဲ့ တွေ့ရှိမှု တစ်ခုလို့ ဆိုခဲ့ကြပြီး အကြောင်းကတော့ ယနေ့အချိန်အထိ ရှာတွေ့ခဲ့သမျှ မံမီတွေထဲမှာ ဒီမံမီ လေးက အသက်အငယ်ဆုံး မံမီ ဖြစ်နေလို့ပဲ ဖြစ်ပါတယ် ။ shwekhitonlinetv.com

၂။ ပင်လယ်သေ အတွင်းက စာလိပ်များ

ပင်လယ်သေအတွင်းက စာလိပ်တွေဟာ ဘူမိဗေဒပညာ သမိုင်းမှာ အထူးဆန်းဆုံး ရှာဖွေတွေ့ရှိမှုတစ်ခုပဲ ဖြစ်ပါတယ် ။ လွန်ခဲ့တဲ့ နှစ်တွေအတွင်းက သိပ္ပံပညာရှင်တွေဟာ ပင်လယ်သေအနီးက လှိုဏ်ဂူတွေထဲကို လေ့လာမှု ပြုလုပ်ခဲ့ကြပါတယ် ။ ဒီတွေ့ရှိမှုထဲမှာ ပညာရှင်တွေဟာ ထောင်ပေါင်းများစွာသော သားရေစာလိပ် အပိုင်းအစတွေကို ရှာတွေ့ခဲ့ကြပါတယ် ။ shwekhitonlinetv.com

လေ့လာကြည့်တဲ့အခါမှာတော့ စာလိပ်ထဲရေးထားတဲ့ စာတွေဟာ ဟီဘရူးကျမ်းထဲက အပိုင်းတွေနဲ့ ဆက်စပ်နေတယ်လို့ သိရပါတယ်။ ဒီစာလိပ်တွေကိုတော့ အစ္စရေး နိုင်ငံ ဂျေရုစလင် မြို့ထဲက ပြတိုက်ထဲမှာ အများသူငါ ကြည့်နိုင်ဖို့ ပြသထားပါတယ်။ shwekhitonlinetv.com

၃။ ကျောက်ခေတ်သစ် အတွင်းက စုံတွဲ

လေ့လာရေး ပညာရှင်တွေဟာ လွန်ခဲ့တဲ့ နှစ်အတောအတွင်းက အီတလီနိုင်ငံ Mantova မှာ အရိုးစုစုံတွဲကို တွေ့ရှိခဲ့ကြပါတယ် ။ ဒီအရိုးစုတွေဟာ နှစ် ( ၆၀၀၀ ) သက်တမ်းရှိတဲ့ အမျိုးသားနဲ့ အမျိုးသမီး စုံတွဲ အရိုးစုပဲ ဖြစ်ပါတယ် ။ ပညာရှင်တွေရဲ့ အဆိုအရ အခုလိုမျိုး ပုံစံနဲ့ အရိုးစုတွေကို တွေ့ရှိခဲ့တာ ထူးခြားဖြစ်စဉ် တစ်ခု ဖြစ်ပြီး ရှာတွေ့ဖို့ အလွန်ခဲယဉ်းတယ်လို့ သိရပါတယ် ။ shwekhitonlinetv.com

ဒီစုံတွဲကို ရိုမီယို နဲ့ ဂျူးလိယက် လို့ နာမည်ပေးထား ပြီး အကြောင်းကတော့ ရှိတ်စပီးယား ပြဇာတ်ထဲက စုံတွဲတွေ နေထိုင်တဲ့ Verona မြို့ဟာ Mantova မြို့နဲ့ နီးစပ်နေတာလို့ပဲ ဖြစ်ပါတယ် ။ shwekhitonlinetv.com

၄။ ရာသီခွင် ကွန်ကရစ်

အခု ပုံမှာ မြင်ရတဲ့ ရာသီခွင် သင်္ကေတတွေ ပါသော ကွန်ကရစ်တစ်ခုကို လွန်ခဲ့တဲ့ နှစ်တွေတုန်းက အမေရိကန်နိုင်ငံမှာ တွေ့ရှိခဲ့တာပဲ ဖြစ်ပါတယ် ။ ကျွမ်းကျင်တဲ့ ပညာရှင်တွေကတော့ ကွန်ကရစ်ရဲ့ မြေဆီလွှာ အသားကို ကြည့်ပြီး လွန်ခဲ့တဲ့ နှစ်ရာပေါင်းများစွာ ကတည်းက မြုပ်နှံထားတာ ဖြစ်တယ်လို့ ခန့်မှန်းထားကြပါတယ်။ ကွန်ကရစ် မျက်နှာ မြင်ပေါ်က အမှတ်အသားတွေကတော့ အဲဒီ ခေတ်အခါတုန်းက နေနာရီ ကို အသုံးပြုတဲ့အခါ ထားတဲ့ အမှတ်အသားတွေ ဖြစ်နိုင်တယ်လို့လည်း ပြောခဲ့ပါတယ်။ shwekhitonlinetv.com

၅။ အီစတာကျွန်းပေါ်က ရုပ်တုများ

အီစတာ ကျွန်းပေါ်က မွိုင် လို့ခေါ်တဲ့ ဒီရုပ်တု ကြီးတွေကို အတော်များများ မြင်ဖူးကြမယ် ထင်ပါတယ် ။ လေ့လာတူးဖော်မှုတွေ နဲ့ အချက်အလက်တွေအရ တစ်ချို့သော မွိုင်ရုပ်တုကြီးတွေရဲ့ ကိုယ်ပိုင်းဟာ ပေပေါင်းများစွာမြင့်ပြီး မြေကြီးထဲမှာ နှစ်မြုပ်နေတာပဲ ဖြစ်ပါတယ် ။ ဒီလို ထူးဆန်းတဲ့ အီစတာ ကျွန်းပေါ်က မွိုင်ရုပ်တုကြီးတွေကို လေ့လာဖို့အတွက် ပညာရှင်တွေ စုပေါင်းပြီး အီစတာကျွန်း ရုပ်ထု စီမံကိန်းကို အကောင်အထည်ဖော်ခဲ့ပါတယ် ။ shwekhitonlinetv.com

သူတို့ဟာ ကျွန်းပေါ်က ရုပ်တုပေါင်း ( ၁၀၀၀ ) ကျော် နီးပါးကို တူးဖော် လေ့လာခဲ့ကြပါတယ်။ ဒါပေမယ့်လည်း ပေပေါင်းများစွာ မြင့်မားတဲ့ မွိုင်ရုပ်တု ကြီးတွေကို ထိုခေတ်အခါတုန်းက လူတွေ ဘယ်လို ဆောက်ခဲ့လဲဆိုတာကတော့ ယနေ့အချိန်အထိ လေ့လာနေဆဲပဲ ဖြစ်ပါတယ် ။ shwekhitonlinetv.com

အခုဖော်ပြပေးထားတာကတော့ သိပ္ပံပညာရှင်တွေကို စဉ်းစားရ ကြပ်စေခဲ့တဲ့ ထူးဆန်းသော ရှာဖွေတွေ့ရှိမှု အချို့ကို ရှာဖွေ ဖော်ပြပေးထားတာပဲ ဖြစ်ပါတယ်။ နောက်ပိုင်းတွေမှာလည်း အခုလို စိတ်ဝင်စားဖို့ကောင်းတဲ့ အကြောင်းအရာလေးတွေကို ရှာဖွေတင်ဆက်ပေးမှာမို့လို့ Shwe Khit ကို စောင့်မျှော်ဖတ်ရှုပေးကြပါဦးနော် ။ shwekhitonlinetv.com

Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။ ယခုဆောင်းပါးကို တခြားပေ့ချ်များတွင် ကျေးဇူးပြု၍ ကူးယူဖော်ပြခြင်း မပြုရန် မေတ္တာရပ်ခံအပ်ပါသည်။

ရွှေခေတ်အွန်လိုင်းတီဗီ၏ Content များကို လစဥ် အခကြေးငွေ သောင်းဂဏန်း ပေးသွင်း၍ စျေးနှုန်းချိုသာစွာ ဝယ်ယူနိုင်ပါသည်။ ဝယ်ယူလိုပါက Shwe Khit Online TV Page ကို မက်ဆေ့ချ်ပို့၍ စုံစမ်းမေးမြန်းနိုင်ပါသည်။

ဝယ်ယူထားခြင်း မရှိဘဲ ဆက်လက် ကူးတင်နေသော ဝက်ဆိုက်နှင့် ပေ့ချ်များကို ဖေ့ဘုတ်ထံသို့ Copyright Claim တင်၍ IA ပျက်သည်အထိ Report လုပ်သွားမည် ဖြစ်ကြောင်း အသိပေးအပ်ပါသည်။