အာဆီယံဒေသတွင်းက အချမ်းသာဆုံးနဲ့ အဆင်းရဲဆုံး နိုင်ငံများ စာရင်း

လွန်ခဲ့တဲ့ (၁၉၆၇) ခုနှစ် သြဂုတ်လ (၈) ရက်နေ့မှာတော့ မြန်မာ၊ ထိုင်း၊ ဗီယက်နမ်၊ စင်ကာပူ၊ အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်၊ လာအို၊ ဘရူနိုင်း၊ ကမ္ဘောဒီးယား စတဲ့ အရှေ့တောင်အာရှ နိုင်ငံ (၁၀) နိုင်ငံဟာ အာဆီယံ (ASEAN) ဆိုတဲ့ အဖွဲ့အစည်းကြီးကို စတင်ဖွဲ့စည်းခဲ့ကြပါတယ်။ shwekhitonlinetv.com

ဒီအဖွဲ့အစည်းရဲ့ ရည်ရွယ်ချက်ကတော့ ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းတွေအတွက် အတူတကွ ပူးပေါင်းဆောင်ရွက်နိုင်ရေးပဲဖြစ်ပါတယ်။ စတင်ဖွဲ့စည်းခဲ့တဲ့ လက်ရှိ အချိန်ကို နှိုင်းယှဥ်ချိန်ထိုးကြည့်မယ်ဆိုရင်တော့ တစ်ချို့နိုင်ငံတွေဟာ အတော်လေးကို တိုးတက်ပြောင်းလဲ လာခဲ့တာကိုတွေ့ရပါတယ်။ ဒါပေမယ့် လည်းတစ်ချို့နိုင်ငံတွေကတော့ မူလနဲ့ သိပ်မကွာခြားတဲ့ အခြေအနေမှာသာရှိနေပါသေးတယ်။ shwekhitonlinetv.com

ဒီနေ့ဖော်ပြပေးမယ့်အကြောင်းအရာလေးကတော့ အာဆီယံဒေသတွင်း နိုင်ငံတွေထဲက အချမ်းသာဆုံးနိုင်ငံတွေနဲ့ အဆင်းရဲဆုံးနိုင်ငံတွေရဲ့ အကြောင်းပဲဖြစ်ပါတယ်။ ဘယ်နိုင်ငံတွေ ဖြစ်မလဲသိချင်ရင်တော့ အကြောင်းအရာလေးကို ဆက်လက်ဖတ်ရှုပေးကြပါဦးနော် ….. shwekhitonlinetv.com

အချမ်းသာဆုံး (၃) နိုင်ငံ

၁။ စင်ကာပူ – $64,041

စင်ကာပူနိုင်ငံကို နိုင်ငံသားတစ်ဦးချင်းစီရဲ့ GDP အဆင့်သတ်မှတ်ချက်အရ အရှေ့တောင်အာရှမှာ စီးပွားရေးဖွံ့ဖြိုးအတိုးတက်ဆုံး နိုင်ငံလို့သတ်မှတ်ထားကြပါတယ်။ ဖွံ့ဖြိုးပြီးစျေးကွက်စီးပွားရေးစနစ်ရှိတဲ့ စင်ကာပူနိုင်ငံဟာ ကမ္ဘာပေါ်မှာ အကျင့်ပျက်ခြစားမှုအနည်းဆုံးနိုင်ငံတွေထဲမှာ တစ်နိုင်ငံအပါအဝင်ဖြစ်ပါတယ်။ စင်ကာပူမှာ နိုင်ငံပေါင်းစုံက ကုမ္ပဏီပေါင်း (၇၀၀၀) ကျော်လောက်လည်ပတ်နေကြပါတယ်။ စင်ကာပူမှာ နိုင်ငံသားမဟုတ်တဲ့လူဦးရေက (၄၄) ရာခိုင်နှုန်းလောက်ရှိတယ်လို့သိရပြီး အခွန်နှုန်းနိမ့်တာကြောင့်လည်းသန်းကြွယ်သူဌေးအများအပြားနေထိုင်လျက်ရှိတဲ့ နိုင်ငံဖြစ်ပါတယ်။ shwekhitonlinetv.com

၂။ ဘရူနိုင်း – $32,414

ဘော်နီယိုကျွန်းရဲ့ မြောက်ပိုင်းကမ်းရိုးတန်းမှာတည်ရှိတဲ့ ဘရူနိုင်းနိုင်ငံကတော့ အရှေ့တောင်အာရှနိုင်ငံတွေထဲမှာ နယ်မြေဧရိယာကျဥ်းမြောင်းလှတဲ့ နိုင်ငံငယ်တစ်ခုဖြစ်ပါတယ်။ ဘရူနိုင်းနိုင်ငံဟာတစ် ဦးချင်း (GDP) အရဒေသတွင်းဒုတိယအချမ်းသာဆုံး နိုင်ငံဖြစ်တယ်လို့သိရပါတယ်။ ဘရူနိုင်းနိုင်ငံရဲ့ ဝင်ငွေ (၉၀) ရာခိုင် နှုန်းဟာ ရေနံနှင့်သဘာဝဓာတ်ငွေ့ထုတ်လုပ်မှုမှ ရရှိတာဖြစ်ပါတယ်။ စိုက်ပျိုးမွေးမြူရေးကဏ္ဍက ရရှိတဲ့၀င်ငွေကတော့ (၀.၇) ရာခိုင်းနှုန်းသာရှိပါတယ်။ နိုင်ငံရဲ့ လုပ်ငန်းများကလည်းရေနံနှင့်သဘာဝဓာတ်ငွေ့၊ ဆောက်လုပ်ရေး စတဲ့လုပ်ငန်းတွေပဲဖြစ်ပါတယ်။ ဂျပန်၊ တောင်ကိုရီးယား၊ သြစတြေးလျ၊ အိန္ဒိယနှင့်နယူးဇီလန်တို့ဟာ ဘရူနိုင်းနိုင်ငံရဲ့ အဓိက ပို့ကုန်တင်ပို့တဲ့ နိုင်ငံတွေဖြစ်ပါတယ်။ shwekhitonlinetv.com

၃။ မလေးရှား – $10,942

တစ်ဦးချင်းဝင်ငွေအရတော့ မလေးရှားဟာ အရှေ့တောင်အာရှရဲ့ တတိယ အချမ်းသာဆုံးနိုင်ငံလို့ပြောလို့ရပါတယ်။ တိုင်းပြည်ဟာ ခေတ်မီဆန်းသစ်တဲ့ စက်မှုစီးပွားရေးစျေးကွက်ရှိနေပြီး ဖွံဖြိုးတိုးတက်မှုအလျင်မြန်ဆုံး ကမ္ဘာ့နိုင်ငံတွေထဲက တစ်နိုင်ငံလည်းဖြစ်ပါတယ်။ သမိုင်းကြောင်းကိုပြန်လှန်ကြည့်မယ်ဆိုရင်တော့ မလေးရှားနိုင်ငံဟာ စိုက်ပျိုးရေးကိုများစွာမှီခိုခဲ့ရတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ခဲ့ဖူးပါတယ်။ ဒါပေမယ့် ဒီနေ့အချိန်မှာတော့ စိုက်ပျိုးရေးကဏ္ဍရဲ့ ဝင်ငွေဟာ နိုင်ငံ့ဝင်ငွေစုစုပေါင်းရဲ့ (၇) ရာခိုင်နှုန်းလောက်သာရှိပါတော့တယ်။ ကျန်တဲ့ ဝင်ငွေကိုတော့ စက်မှုလုပ်ငန်းကဏ္ဍမှ (၃၇) ရာခိုင်နှုန်းနဲ့ ဝန်ဆောင်မှုကဏ္ဍမှ (၅၆) ရာခိုင်နှုန်း ရရှိနေတာဖြစ်ပါတယ်။ shwekhitonlinetv.com

အဆင်းရဲဆုံး (၃) နိုင်ငံ

၁။ မြန်မာ – $1,298

မြန်မာနိုင်ငံကတော့ အရှေ့တောင်အာရှနိုင်ငံတွေထဲမှာ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အနှေးကွေးဆုံးနဲ့ အဆင်းရဲဆုံးနိုင်ငံပဲဖြစ်ပါတယ်။ လက်ရှိအစိုးရလက်ထက်မှာတော့ စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင် ဖန်တီးနေပေမယ့်လည်း အဓိကကျတဲ့ အခြေခံအဆောက်အဦးတွေနဲ့ ကျွမ်းကျင်လုပ်သား အင်အားစုတွေကတော့ ချို့တဲ့နေဆဲဖြစ်ပါတယ်။ နိုင်ငံလူဦးရေရဲ့ (၃၇) ရာခိုင်နှုန်းက အလုပ်လက်မဲ့ဖြစ်နေပြီး (၂၆) ရာခိုင်နှုန်းဟာ ဆင်းရဲနွမ်းပါးသူတွေဖြစ်လို့နေပါတယ်။ စိုက်ပျိုးမွေးမြူရေးဟာ နိုင်ငံခြားဝင်ငွေကို အဓိကရှာဖွေပေးနေတဲ့ ကဏ္ဍတစ်ခုဖြစ်ပြီး ဝင်ငွေရဲ့ (၇၀) နှုန်းအထိတောင်ရှိပါတယ်။ ကျန်တဲ့ (၂၂) ရာခိုင်နှုန်းက ဝန်ဆောင်မှုလုပ်ငန်းတွေကဖြစ်ပြီး၊ (၈) ရာခိုင်နှုန်းကတော့ စက်မှုလုပ်ငန်းကဖြစ်ပါတယ်။ နိုင်ငံသားတစ်ဦးရဲ့ ပျမ်းမျှတစ်နေ့လုပ်ခဟာ (၄) ဒေါ်လာအောက်မှာရှိနေတဲ့ နိုင်ငံလည်းဖြစ်ပါတယ်။ shwekhitonlinetv.com

၂။ ကမ္ဘောဒီးယား – $ 1,509

တစ်ဦးချင်း GDP အရ မြန်မာပြီးရင် ဒုတိယအဆင်းရဲဆုံးနိုင်ငံအဖြစ်သတ်မှတ်ခံထားရတဲ့ အရှေ့တောင်အာရှနိုင်ငံကတော့ ကမ္ဘောဒီးယားနိုင်ငံပဲဖြစ်ပါတယ်။ ယခင်ကကမ္ဘောဒီးယားကဖွံ့ဖြိုးမှုအနည်းဆုံး နဲ့ အဆင်းရဲဆုံးနိုင်ငံဖြစ်ခဲ့ပေမယ့် ၂၀၁၆ ခုနှစ်မှာ တိုင်းပြည်ရဲ့ GDP မြင့်တက်လာခြင်းနဲ့အတူ မြန်မာနိုင်ငံကို ကျော်တက်သွားခဲ့တာလည်းဖြစ်ပါတယ်။ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းက (၃၅) ရာခိုင်နှုန်း၊ စက်မှုလုပ်ငန်းက (၂၄) ရာခိုင်နှုန်းနဲ့ ဝန်ဆောင်မှုလုပ်ငန်းက (၄၁) ရာခိုင်နှုန်း တိုင်းပြည်ဝင်ငွေကိုရှာဖွေပေးလျက်ရှိတယ်လို့သိရပါတယ်။ shwekhitonlinetv.com

၃။ အရှေ့တီမော – $ 2,435

၂၀၀၅ ခုနှစ်ကမှ အာဆီယံ အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်လာခဲ့တဲ့ အရှေ့တီမော (Timor-Leste) နိုင်ငံဟာ ကျွန်းနိုင်ငံလေးပဲဖြစ်ပါတယ်။ ဒါပေမယ့်လည်း ရေကြောင်းဆက်သွယ်ရေးအဆင်ပြေမှုနဲ့အတူ စီးပွားရေးနဲ့ ကုန်သွယ်ရေး လျှင်မြန်စွာတိုးတက်ခဲ့လို့ စီနီယာ အာဆီယံအဖွဲ့ဝင်တွေဖြစ်တဲ့ မြန်မာနဲ့ ကမ္ဘောဒီးယားကို တစ်ဦးချင်းဝင်ငွေမှာ ကျော်တက်နိုင်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း နိုင်ငံလူဦးရေရဲ့ (၂၀) ရာခိုင်နှုန်းက အလုပ်လက်မဲ့ဖြစ်လျက်ရှိသလို နိုင်ငံရဲ့ လူဦးရေထက်ဝက်လောက်က ဆင်းရဲနွမ်းပါးသူတွေဖြစ်နေကြပါသေးတယ်။ ဆပ်ပြာထုတ်လုပ်ခြင်း နှင့်ပုံနှိပ်ခြင်းတို့ဟာ နိုင်ငံရဲ့အဓိကစက်မှုလုပ်ငန်းတွေဖြစ်ပါတယ်။ စကျင်ကျောက်၊ ကော်ဖီနှင့်စန္ဒကူး (Sandalwood) ကတော့ နိုင်ငံရဲ့ ထိပ်တန်းပို့ကုန်တွေပဲဖြစ်ပါတယ်။ shwekhitonlinetv.com

အခုတင်ဆက်ပေးတဲ့အကြောင်းအရာလေးကိုဖတ်ရှုပြီး အားလုံးကျေနပ်နှစ်သိမ့်နိုင်ကြမယ်လို့မျှော်လင့်ပါတယ်။ နောက်ထပ်လည်း ဘယ်လိုစိတ်ဝင်စားဖွယ် အကြောင်းအရာတွေတင်ဆက်ပေးသွားဦးမလဲဆိုတာ ဆက်လက်အားပေးကြပါဦးနော် … shwekhitonlinetv.com

Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။ ယခုဆောင်းပါးကို တခြားပေ့ချ်များတွင် ကျေးဇူးပြု၍ ကူးယူဖော်ပြခြင်း မပြုရန် မေတ္တာရပ်ခံအပ်ပါသည်။

ရွှေခေတ်အွန်လိုင်းတီဗီ၏ Content များကို လစဥ် အခကြေးငွေ သောင်းဂဏန်း ပေးသွင်း၍ စျေးနှုန်းချိုသာစွာ ဝယ်ယူနိုင်ပါသည်။ ဝယ်ယူလိုပါက Shwe Khit Online TV Page ကို မက်ဆေ့ချ်ပို့၍ စုံစမ်းမေးမြန်းနိုင်ပါသည်။

ဝယ်ယူထားခြင်း မရှိဘဲ ဆက်လက် ကူးတင်နေသော ဝက်ဆိုက်နှင့် ပေ့ချ်များကို ဖေ့ဘုတ်ထံသို့ Copyright Claim တင်၍ IA ပျက်သည်အထိ Report လုပ်သွားမည် ဖြစ်ကြောင်း အသိပေးအပ်ပါသည်။