အံ့အားသင့်ဖွယ် အကြောင်းရင်းတွေ အပြည့်နဲ့ စိတ်ဝင်စားဖွယ် ဓာတ်ပုံများ

အခုတစ်ခေါက်ဖော်ပြပေးချင်တဲ့ အကြောင်းအရာလေးကတော့ အင်တာနက်ပေါ်မှာ နာမည်ကြီးခဲ့တဲ့ ဓာတ်ပုံအချို့ရဲ့အကြောင်းပဲဖြစ်ပါတယ်။ ဘယ်လိုအံ့အာသင့်စရာနောက်ခံအကြောင်းတွေကြောင့်များ ဒီပုံတွေကို လူတွေစိတ်ဝင်စားခဲ့ကြသလဲ ဆိုတာကိုတော့ ဆက်လက်ဖတ်ရှုကြည့်လိုက်ပါဦးနော် … shwekhitonlinetv.com

၁။ ဒီပုံကတော့ အမေရိကန်နိုင်ငံ၊ နီဗားဒါးပြည်နယ်အနောက်မြောက်ပိုင်းက Black Rock သဲကန္တာရထဲမှာ Burning Man ပွဲတော်ကို ကျင်းပနေကြတဲ့ ပုံကို ဝေဟင်ကနေရိုက်ကူးထားတာဖြစ်ပါတယ်။ shwekhitonlinetv.com

၂။ ဒီအရာကတော့ ပစိဖိတ်သမုဒ္ဒရာအတွင်းက Ball’s Pyramid လို့ အမည်ပေးထားတဲ့ ကျောက်ဆောင်ကြီးပဲဖြစ်ပါတယ်။ ထူးခြားက ဒီကျောက်ဆောင်ဟာ မီးတောင်ပေါက်ကွဲမှုကနေဖြစ်တည်လာတာ လို့သိရပြီး ရေမျက်နှာပြင်အထက် ပေပေါင်း (၁၈၄၄) အမြင့်ထိထိုးထွက်နေတာ​ပဲဖြစ်ပါတယ်။ shwekhitonlinetv.com

၃။ ဒါကတော့ သမုဒ္ဒရာအောက်ထဲက မြင်ရခဲတဲ့ ရေဘဝဲ ဥတွေပဲဖြစ်ပါတယ်။ မကြာခင်သားပေါက်တော့မယ့် ရေဘဝဲ ဥလေးတွေလည်းဖြစ်ပါတယ်။ shwekhitonlinetv.com

၄။ အမေရိကန်နိုင်ငံ၊ အရီဇိုးနားပြည်နယ် မှာတိုက်ခတ်ခဲ့တဲ့ ကြီးမားတဲ့သဲမုန်တိုင်းကြီးဖြစ်ပါတယ်။ ဒီသဲမုန်တိုင်းကြီးကို ကြည့်ရတာ Phoenix မြို့ကြီးတစ်ခုလုံးကို ဝါးမြိုသွားတော့မယောင်ထင်ရပါတယ်။ shwekhitonlinetv.com

၅။ ဒါကတော့ ဂျာမနီနိုင်ငံ၊ ဘာလင်မြို့ Chancellery အဆောက်အအုံထဲက စစ်အာဏာရှင်ကြီး ဟစ်တလာရဲ့ ရုံးခန်းပဲဖြစ်ပါတယ်။ ၁၉၃၀ ခုနှစ်လောက်က အပြင်အဆင်အတိုင်း ယနေ့တိုင်ထိန်းသိမ်းထားတယ်လို့ သိရပါတယ်။ shwekhitonlinetv.com

၆။ ဂျာမနီနိုင်ငံက နော့လင်ဂန် မြို့ငယ်လေးဖြစ်ပါတယ်။ ထူးခြားတာက ဒီမြို့ငယ်ကလေးဟာ ၁၄ ရာစုနှစ် (အလယ်ခေတ်) ကတည်ဆောက်ခဲ့တဲ့ တံတိုင်းတွေရဲ့ အနောက်မှာ တည်ထားတာဖြစ်ပါတယ်။ shwekhitonlinetv.com

၇။ ပုံမှာမြင်တွေ့ရတာကတော့ အင်တာနက်ရှာဖွေရေး အင်ဂျင်တစ်ခုဖြစ်တဲ့ Google ရဲ့ Data Center ပဲဖြစ်ပါတယ်။ သူ့ရဲ့ အအေးပေးစနစ်မှာ အသုံးပြုထားတဲ့ ပိုက်တွေရဲ့ အရောင်ကတော့ စိတ်ဝင်စားစရာပါပဲ။ shwekhitonlinetv.com

၈။ ဒါကတော့ ကမ္ဘာ့အမြင့်ဆုံး ရုပ်တုကြီးဖြစ်ပါတယ်။ တရုတ်နိုင်ငံ၊ ဟီနန်ပြည်နယ်၊ လူရှန်ခရိုင် ၊ Zhaocun မြို့လေးမှာရှိတဲ့ ဒီ ဗုဒ္ဒရုပ်ပွားတော်ကြီးဟာ (၅၀၃) ပေအမြင့်ရှိတယ်လို့ သိရပါတယ်။ shwekhitonlinetv.com

၉။ ဒါကတော့ ကမ္ဘာ့အကျယ်ဝန်းဆုံးနဲ့အကြီးမားဆုံးအဆောက်အအုံကြီးပဲဖြစ်ပါတယ်။ ဘိုးရင်းလေယာဥ်ပျံကြီးတွေကို တည်ဆောက်တဲ့ The Boeing Everett Factory စက်ရုံအဆောက်အဦးကြီးဟာ ဧက (၁၀၀) ကျော်ကျယ်ဝန်းပါတယ်။ shwekhitonlinetv.com

၁၀။ ဒီပုံကတော့ လကမ္ဘာပေါ်ကိုနောက်ဆုံးခြေချခဲ့တဲ့ လူသားတစ်ဦးရဲ့ပုံပဲဖြစ်ပါတယ်။ ပုံထဲက ကျောက်တုံးကြီးဘေးနားမှာ ရှိနေတာက အမေရိကန်အာကာသယာဥ််မှူး Harrison Schmitt ပဲဖြစ်ပါတယ်။ သူဟာ NASA ရဲ့ Apollo 17 Mission မှာ လကမ္ဘာဆီလိုက်ပါသွားခဲ့သူပဲဖြစ်ပါတယ်။ ပုံထဲမှာမြင်တွေ့ရတဲ့ လကမ္ဘာပေါ်မှာသွားလာနိုင်တဲ့ ပို့ဆောင်ရေးယာဥ်ငယ်လေးကတော့ ဒီနေ့ချိန်ထိလကမ္ဘာပေါ်မှာရှိသေးတယ်လို့ သိရပါတယ်။ shwekhitonlinetv.com

အခုတင်ဆက်ပေးတဲ့အကြောင်းအရာလေးကိုဖတ်ရှုပြီး အားလုံးကျေနပ်နှစ်သိမ့်နိုင်ကြမယ်လို့မျှော်လင့်ပါတယ်။ နောက်ထပ်လည်း ဘယ်လိုစိတ်ဝင်စားဖွယ် အကြောင်းအရာတွေတင်ဆက်ပေးသွားဦးမလဲဆိုတာ ဆက်လက်အားပေးကြပါဦးနော် … shwekhitonlinetv.com

Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။ ယခုဆောင်းပါးကို တခြားပေ့ချ်များတွင် ကျေးဇူးပြု၍ ကူးယူဖော်ပြခြင်း မပြုရန် မေတ္တာရပ်ခံအပ်ပါသည်။

ရွှေခေတ်အွန်လိုင်းတီဗီ၏ Content များကို လစဥ် အခကြေးငွေ သောင်းဂဏန်း ပေးသွင်း၍ စျေးနှုန်းချိုသာစွာ ဝယ်ယူနိုင်ပါသည်။ ဝယ်ယူလိုပါက Shwe Khit Online TV Page ကို မက်ဆေ့ချ်ပို့၍ စုံစမ်းမေးမြန်းနိုင်ပါသည်။

ဝယ်ယူထားခြင်း မရှိဘဲ ဆက်လက် ကူးတင်နေသော ဝက်ဆိုက်နှင့် ပေ့ချ်များကို ဖေ့ဘုတ်ထံသို့ Copyright Claim တင်၍ IA ပျက်သည်အထိ Report လုပ်သွားမည် ဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Be the first to comment

Leave a Reply