Google မြေပုံကနေ အမှတ်မထင် ရှာဖွေတွေ့ရှိခဲ့တဲ့ ပုံမှန်မဟုတ်သော ဓာတ်ပုံများ

ပရိသတ်ကြီးကို ဒီတစ်ခေါက်မှာ ပြောပြပေးချင်တဲ့ အကြောင်းအရာလေးကတော့ Google မြေပုံကနေ အမှတ်မထင် ရှာဖွေတွေ့ရှိခဲ့ကြတဲ့ ထူးထူးဆန်းဆန်း ပုံတွေ အကြောင်းပဲ ဖြစ်ပါတယ်။ ဘယ်လိုပုံတွေ ပါမလဲ ဆိုတာကတော့ အောက်ကပုံလေးတွေ တစ်ပုံချင်းစီကို ကြည့်လိုက်ပါဦးနော် ။ shwekhitonlinetv.com

၁။ အန္တာတိကတိုက်ထဲမှာ နစ်မြုပ်နေတဲ့ သင်္ဘော

အခုမြင်နေရတဲ့ ပုံကတော့ အန္တာတိကတိုက်ထဲမှာ ပိတ်မိပြီး နစ်မြုပ်သွားတဲ့ စစ်သင်္ဘောတစ်စင်းကို Google မြေပုံကနေ ရှာတွေ့ခဲ့တာပဲ ဖြစ်ပါတယ် ။ ဘယ် ခုနှစ်တုန်းက နစ်မြုပ်နေခဲ့တာလဲဆိုတာကိုတော့ ယနေ့အချိန်အထိ လေ့လာနေကြဆဲပါပဲ ။ shwekhitonlinetv.com

၂။ ကန်ထဲမှာ ရေစိမ်နေကြတဲ့ ရေမြင်းများ

ဒီပုံလေးကို အမှတ်မထင် ကြည့်လိုက်မယ်ဆိုရင် ရွှံ့နွံတော တစ်ခုကို ရိုက်ပြထားတယ်လို့တောင် ထင်မိကြမှာပါ ။ တစ်ကယ်တမ်းကတော့ အာဖရိကတိုက်အတွင်းမှာ အုပ်စုလိုက် ရေစိမ်နေကြတဲ့ ရေမြင်းတွေကို ရိုက်ပြထားတာပဲ ဖြစ်ပါတယ် ။ shwekhitonlinetv.com

၃။ အသဲပုံ ကျွန်း

ခရိုအေးရှားနိုင်ငံမှာ အပေါ်စီးကနေ ကြည့်လိုက်မယ်ဆိုရင် သာမန်ကျွန်းလေးတွေနဲ့ ပုံစံမတူတဲ့ ကျွန်းလေးတစ်ကျွန်း ရှိပါတယ်။ ဒီကျွန်းလေးကိုတော့ Love island လို့ ခေါ်ပြီး အပေါ်စီးကနေ ကြည့်လိုက်မယ်ဆိုရင် အသဲပုံ ပုံစံလေး ဖြစ်နေတာကို တွေ့ရမှာပါ ။ shwekhitonlinetv.com

၄။ စွန့်ပစ်ထားသော လေယာဉ်များ

ဒါကတော့ အမေရိကန်နိုင်ငံ ၊ အရီဇိုးနား ပြည်နယ်က စစ်ဘက်ဆိုင်ရာမှာ အသုံးမလိုတော့တဲ့ လေယာဉ်တွေကို စွန့်ပစ်ထားတဲ့ နေရာပဲ ဖြစ်ပါတယ်။ ဒီအထဲမှာ ပါတဲ့ လေယာဉ်တွေဟာဆိုရင် နည်းပညာ ချို့ယွင်းချက်ရှိတဲ့ လေယာဉ်တွေ ၊ သက်တမ်း ကြာမြင့်နေပြီ ဖြစ်တဲ့ လေယာဉ်တွေနဲ့ ယနေ့ခေတ်မှာ အသုံးပြုဖို့ မသင့်တော် တော့တဲ့ လေယာဉ်တွေကို အစီအရီ ထားပြီး စွန့်ပစ်ထားတာပဲ ဖြစ်ပါတယ် ။ shwekhitonlinetv.com

၅။ ထူးခြားသော ပုံစံရှိတဲ့ ရေကန်

အခုမြင်တွေ့နေရတဲ့ ရေကန်ကတော့ အမေရိကန်နိုင်ငံ ၊ တက္ကဆက်ပြည်နယ်မှာ ရှိတဲ့ ရေကန် တစ်ခုပဲ ဖြစ်ပါတယ် ။ ထူးခြားတာက ရေကန်ရဲ့ အကန့် တစ်ခုချင်းစီတိုင်းမှာ အရောင် တစ်ရောင်စီ ရှိပြီး ကောင်းကင်ယံကနေ ကြည့်လိုက်မယ်ဆိုရင်တော့ အမြင်တစ်မျိုးလေး ဖြစ်နေပါတယ် ။ shwekhitonlinetv.com

၆။ အမျိုးအမည် မသိသော ပစ်မှတ်

ဒီပုံကတော့ ယနေ့အချိန်အထိ လူပြောများနေတဲ့ ပုံလေးတစ်ပုံပဲ ဖြစ်ပါတယ် ။ အမေရိကန်နိုင်ငံ ၊ နီးဗားဒါး ပြည်နယ်မှာ တွေ့ရမှာ ဖြစ်ပြီး အလွန်ကြီးမားတဲ့ ပစ်မှတ်ပုံစံ အမှတ်အသားတစ်ခုပဲ ဖြစ်ပါတယ် ။ တစ်ချို့ကတော့ စစ်ဘက်ဆိုင်ရာ လေယာဉ်တွေ ဆင်းသက်တဲ့အခါ မြင်သာအောင် ထားတဲ့ အမှတ်အသားလို့ ပြောကြပြီး တစ်ချို့ကတော့ စစ်ရေးလေ့ကျင့်ဖို့အတွက် လုပ်ထားတာလို့လည်း ပြောကြပါတယ် ။ shwekhitonlinetv.com

၇။ တောက်ပ နေတဲ့ အနီရောင် ရေအိုင်

အခုပုံလေးကတော့ အီရတ်နိုင်ငံမှာ တည်ရှိတဲ့ အနီရောင် ရေအိုင်ပဲ ဖြစ်ပါတယ် ။ အခုလို ရေတွေ နီရတဲ့ အကြောင်းရင်းကတော့ ပူနွေးနေတဲ့ ရေထဲမှာပါဝင်တဲ့ ဆားပမာဏဟာ ရေအိုင်ထဲမှာ ရှိနေတဲ့ Dunaliella ရေညှိတွေအတွက် အဓိက ပေါက်ဖွားလာခဲ့ပြီး အိုင်ကို အနီရောင် အဖြစ် ပြောင်းလဲသွားစေတာပဲ ဖြစ်ပါတယ်။ shwekhitonlinetv.com

အခုဖော်ပြပေးထားတာကတော့ Google မြေပုံကနေ အမှတ်မထင် ရှာတွေ့ခဲ့ကြတဲ့ ထူးထူးဆန်းဆန်း ဓာတ်ပုံအချို့ကို စုစည်းဖော်ပြပေးထားတာပဲ ဖြစ်ပါတယ် ။ နောက်ပိုင်းတွေမှာလည်း အခုလိုမျိုး စိတ်ဝင်စားဖို့ ကောင်းတဲ့ အကြောင်းအရာလေးတွေကို ရှာဖွေတင်ဆက်ပေးမှာမို့လို့ Shwe Khit ကို စောင့်မျှော်ဖတ်ရှုပေးကြပါဦးနော် ။ shwekhitonlinetv.com

Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။ ယခုဆောင်းပါးကို တခြားပေ့ချ်များတွင် ကျေးဇူးပြု၍ ကူးယူဖော်ပြခြင်း မပြုရန် မေတ္တာရပ်ခံအပ်ပါသည်။

ရွှေခေတ်အွန်လိုင်းတီဗီ၏ Content များကို လစဥ် အခကြေးငွေ သောင်းဂဏန်း ပေးသွင်း၍ စျေးနှုန်းချိုသာစွာ ဝယ်ယူနိုင်ပါသည်။ ဝယ်ယူလိုပါက Shwe Khit Online TV Page ကို မက်ဆေ့ချ်ပို့၍ စုံစမ်းမေးမြန်းနိုင်ပါသည်။

ဝယ်ယူထားခြင်း မရှိဘဲ ဆက်လက် ကူးတင်နေသော ဝက်ဆိုက်နှင့် ပေ့ချ်များကို ဖေ့ဘုတ်ထံသို့ Copyright Claim တင်၍ IA ပျက်သည်အထိ Report လုပ်သွားမည် ဖြစ်ကြောင်း အသိပေးအပ်ပါသည်။